Spots news

မန်စီးတီးရဲ့ အဓိက ကစားသမားတွေကို ခက်ခက်ခဲခဲ ခေါ်ယူချင်နေတဲ့ ဘုရင်ကြီး မက်ဒရစ်

Unicode Version

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ အသင်းဖြစ်တဲ့ စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် နောက်ခံလူ ကန်ဆယ်လိုကို ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

အသက် ၂၈ နှစ် အရွယ်ရှိ ပေါ်တူဂီ လက်ရွေးစင် ခံစစ်အစွန်လူ ကန်ဆယ်လိုဟာ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွေ့မှာ ဂျူဗင်တပ်စ်အသင်းမှ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆို ထားသူဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ လာမယ့် ၂၀၂၃ ခုနှစ် အပြောင်းအရွေ့မှာ မန်စီးတီး နောက်ခံလူကို အဓိက ဦစားပေး ပစ်မှတ်အဖြစ် ခေါ်ယူသွားမှာ ဖြစ်ပြီး ရီးရဲလ်နဲ့ ကန်ဆယ်လိုတို့ဟာ ပေါ်တူဂီနောက်ခံလူအနေနဲ့ ဗလင်စီယာ အသင်းမှာ ကစားနေခဲ့စဉ်ကတည်းက အပြောင်းအရွေ့ သတင်း ထွက်ပေါ်ခဲ့ ဘူးတာပါ။

ပေါ်တူဂီ နောက်ခံလူဟာ လာမယ့် နွေရာသီအပြောင်းအရွေ့မှာ အသက် 29 နှစ် ရှိမှာဖြစ်ပြီး မန်စီးတီး အသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ် အထိ ကျန်ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက သူတို့ရဲ့ ပစ်မှတ် ကစားသမားကို ယူရို သန်း ၄၀ မှ သန်း ၅၀ ဝန်းကျင်ဖြင့် ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ် ။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ် အသင်းဟာ မန်စီးတီး အသင်းနဲ့ ခြေစွမ်းပြနေတဲ့ နော်ဝေကြယ်ပွင့်လေး အာလင်ဟာလန်းကိုလဲ ပစ်မှတ်ထားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ် ။ ရီးရဲလ်မက်ဒရစ်ဟာ ဝါရင့် တိုက်စစ်မှူး ဘန်ဇီမာရဲ့ နေရာအတွက် ဟာလန်းကို ချိန်ရွယ်နေတာဖြစ်ပြီး ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၁၅၀ ထိ ပေးချေ ခေါ်ယူဖို့ ရည်ရွယ်နေပါတယ် ။

သို့ပေမယ့် ရီးရဲလ်ရဲ့ လာမယ့် နွေရာသီ အဓိက ပစ်မှတ် ကစားသမား နှစ်ယောက်လုံးဟာ မန်စီးတီး အသင်းရဲ့ အဓိက ပွဲထွက် ကစားသမားတွေ ဖြစ်နေသလို စီးတီးတို့ဟာ ငွေကြေးတောင့်တင်းတဲ့ အသင်းဖြစ်တာကြောင့် ရီးရဲလ်အနေနဲ့ အပြောင်းအရွေ့မှာ အတော်လေး ခက်ခဲနိုင်ပြီး ကစားသမားတွေကို စည်းရုံးနိုင်မှ အဆင်ပြေဖွယ် ရှိပါတယ်။

Zawgyi Version

ဥေရာပ ခ်န္ပီယံလိဂ္ ခ်န္ပီယံ အသင္းျဖစ္တဲ့ စပိန္လာလီဂါ အင္အားႀကီးကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္စီးတီးအသင္းရဲ႕ အဓိက ကစားသမား တစ္ဦး ျဖစ္တဲ့ ေပၚတူဂီ လက္ေ႐ြးစင္ ေနာက္ခံလူ ကန္ဆယ္လိုကို ေခၚယူရန္ ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

အသက္ ၂၈ ႏွစ္ အ႐ြယ္ရွိ ေပၚတူဂီ လက္ေ႐ြးစင္ ခံစစ္အစြန္လူ ကန္ဆယ္လိုဟာ ၂၀၁၉ ခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ဂ်ဴဗင္တပ္စ္အသင္းမွ မန္စီးတီးအသင္းထံ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆို ထားသူျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ အသင္းဟာ လာမယ့္ ၂၀၂၃ ခုႏွစ္ အေျပာင္းအေ႐ြ႕မွာ မန္စီးတီး ေနာက္ခံလူကို အဓိက ဦစားေပး ပစ္မွတ္အျဖစ္ ေခၚယူသြားမွာ ျဖစ္ၿပီး ရီးရဲလ္နဲ႕ ကန္ဆယ္လိုတို႔ဟာ ေပၚတူဂီေနာက္ခံလူအေနနဲ႕ ဗလင္စီယာ အသင္းမွာ ကစားေနခဲ့စဥ္ကတည္းက အေျပာင္းအေ႐ြ႕ သတင္း ထြက္ေပၚခဲ့ ဘူးတာပါ။

ေပၚတူဂီ ေနာက္ခံလူဟာ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ြ႕မွာ အသက္ 29 ႏွစ္ ရွိမွာျဖစ္ၿပီး မန္စီးတီး အသင္းနဲ႕ စာခ်ဳပ္သက္တမ္းက ၂၀၂၇ ခုႏွစ္ အထိ က်န္ရွိေနေပမယ့္ ရီးရဲလ္မက္ဒရစ္အသင္းက သူတို႔ရဲ႕ ပစ္မွတ္ ကစားသမားကို ယူရို သန္း ၄၀ မွ သန္း ၅၀ ဝန္းက်င္ျဖင့္ ေခၚယူနိုင္မယ္လို႔ ယုံၾကည္ေနပါတယ္ ။

ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္ အသင္းဟာ မန္စီးတီး အသင္းနဲ႕ ေျခစြမ္းျပေနတဲ့ ေနာ္ေဝၾကယ္ပြင့္ေလး အာလင္ဟာလန္းကိုလဲ ပစ္မွတ္ထားေနေၾကာင္း သတင္းေတြက ေဖာ္ျပထားပါတယ္ ။ ရီးရဲလ္မက္ဒရစ္ဟာ ဝါရင့္ တိုက္စစ္မႉး ဘန္ဇီမာရဲ႕ ေနရာအတြက္ ဟာလန္းကို ခ်ိန္႐ြယ္ေနတာျဖစ္ၿပီး ဟာလန္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္သန္း ၁၅၀ ထိ ေပးေခ် ေခၚယူဖို႔ ရည္႐ြယ္ေနပါတယ္ ။

သို႔ေပမယ့္ ရီးရဲလ္ရဲ႕ လာမယ့္ ေႏြရာသီ အဓိက ပစ္မွတ္ ကစားသမား ႏွစ္ေယာက္လုံးဟာ မန္စီးတီး အသင္းရဲ႕ အဓိက ပြဲထြက္ ကစားသမားေတြ ျဖစ္ေနသလို စီးတီးတို႔ဟာ ေငြေၾကးေတာင့္တင္းတဲ့ အသင္းျဖစ္တာေၾကာင့္ ရီးရဲလ္အေနနဲ႕ အေျပာင္းအေ႐ြ႕မွာ အေတာ္ေလး ခက္ခဲနိုင္ၿပီး ကစားသမားေတြကို စည္း႐ုံးနိုင္မွ အဆင္ေျပဖြယ္ ရွိပါတယ္။