Spots news

မန်ယူနိုက်တက်က ခေါ်ချင်တဲ့ သတင်းကို ဟာသလို့ ထင်ခဲ့မိတဲ့ အဆုတ်နှစ်ခုပါတဲ့ ကစားသမား

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ကိုရီးယား ဂန္တဝင် ကွင်းလယ်လူဟောင်း ပက်ဂျီဆန်က သူ့ကို နည်းပြဖာဂူဆန်ရဲ့ ယူနိုက်တက် အသင်းက ခေါ်ယူရန် စိတ်ဝင်စား နေတယ်လို့ သတင်းကြားချိန်မှာ ဟာသလို့ ထင်ခဲ့မိကြောင်း ဝန်ခံပြောကြား လိုက်ပါတယ်။

တောင်ကိုရီးယားသားဟာ ပီအက်စ်ဗွီမှာ ၂ ရာသီကြာ ကစားခဲ့ပြီးနေက် ၂၀၀၅ နွေရာသီတုန်းက ယူနိုက်တက်ကို ပြောင်းခဲ့တာဖြစ်ပြီး ကလပ်အသင်းရဲ့ ဟီးရိုး ဖြစ်လာခဲ့ပါတယ်။ ယူနိုက်တက်က မခေါ်ယူခင် ပက်ဂျီဆန်က နည်းပြကြီး ဖာဂူဆန်က ခေါ်ယူချင်တယ် ဆိုတာကို မယုံကြည်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ပက်ဂျီဆန်က “ကျွန်တော့်အေးဂျင့်က မင်းကို ယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ ပြောလာပါတယ်။ ဒါပေမယ့် အဲ့တာက ကျွန်တော် ဟာသလိုပဲထင်ခဲ့တာပါ။ ဘာမှလည်း စိတ်ခံစားချက်မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် ကျွန်တော့်နည်းပြက ဖာဂူဆန်က မင်းဖုန်းကို စောင့်နေတယ်လို့ ပြောလာတဲ့ အချိန်မှာ ဘာလဲ ၊ ဘာကြောင့်လဲလို့ မေးခဲ့ပါတယ်။ သူက မင်းနဲ့ စကားပြောချင်နေပြီး မင်းကို အရမ်းစိတ်ဝင်စားနေတယ်လို့ ပြန်ပြောခဲ့ပါတယ်”လို့ ပက်ဂျီဆန်က ပြောကြား ခဲ့ပါတယ်။

အဆုတ်နှစ်ခုပါတယ်လို့ တင်စားခံရတဲ့ ပက်ဂျီဆန်ရဲ့ လုပ်အားနှုန်း နဲ့ ပွဲကြီးတွေမှာ ရုန်းကန် ကြိုးစားမှု လွှမ်းမိုးနိုင်မှုက ပရိသတ်တွေ အတွက် အမှတ်တရ ဖြစ်ခဲ့ကာ အာရှသားတစ်ယောက် အနေနဲ့ ယူနိုက်တက်မှာ ချန်ပီယံလိဂ် ဆုဖလားတွေ ရရှိခဲ့ပြီး ဂန္တဝင်တစ်ယောက် အဖြစ် တင်စားခံရတာ အတော်လေး ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။

“ကျွန်တော် ယူနိုက်တက်ကို ပြောင်းလာချိန်မှာ အသင်းရဲ့ ယဉ်ကျေးမှုနဲ့ အသားကျဖို့ ကစားသမား တော်တော်များများးက ကူညီခဲ့ပါတယ်။ ဆာအဲလက်စ် ဆိုရင်လည်း ကွင်းပြင်မှာ တကယ့် လူကောင်းတစ်ဦးပါ။ အဲ့တာက ကျွန်တော့်ကို အင်္ဂလိပ်မြေမှာ အထိုင်ကျစေပါတယ်”လို့ ပက်ဂျီဆန်က ပြောကြားခဲ့ပါတယ်။

ကိုရီးယားသားက မန်ယူနိုက်တက်ရဲ့ ပြင်သစ် နောက်ခံလူ ပက်ထရစ်အီဗရာဟာ  သူ့ရဲ့အကောင်းဆုံး သူငယ်ချင်းလို့လည်း ပြောကြားခဲ့ကာ အခုချိန်အထိ အဆက်အသွယ် ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ေတာင္ကိုရီးယား ဂႏၲဝင္ ကြင္းလယ္လူေဟာင္း ပက္ဂ်ီဆန္က သူ႕ကို နည္းျပဖာဂူဆန္ရဲ႕ ယူနိုက္တက္ အသင္းက ေခၚယူရန္ စိတ္ဝင္စား ေနတယ္လို႔ သတင္းၾကားခ်ိန္မွာ ဟာသလို႔ ထင္ခဲ့မိေၾကာင္း ဝန္ခံေျပာၾကား လိုက္ပါတယ္။

ေတာင္ကိုရီးယားသားဟာ ပီအက္စ္ဗြီမွာ ၂ ရာသီၾကာ ကစားခဲ့ၿပီးေနက္ ၂၀၀၅ ေႏြရာသီတုန္းက ယူနိုက္တက္ကို ေျပာင္းခဲ့တာျဖစ္ၿပီး ကလပ္အသင္းရဲ႕ ဟီးရိုး ျဖစ္လာခဲ့ပါတယ္။ ယူနိုက္တက္က မေခၚယူခင္ ပက္ဂ်ီဆန္က နည္းျပႀကီး ဖာဂူဆန္က ေခၚယူခ်င္တယ္ ဆိုတာကို မယုံၾကည္ခဲ့ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ပက္ဂ်ီဆန္က “ကြၽန္ေတာ့္ေအးဂ်င့္က မင္းကို ယူနိုက္တက္က စိတ္ဝင္စားေနတယ္လို႔ ေျပာလာပါတယ္။ ဒါေပမယ့္ အဲ့တာက ကြၽန္ေတာ္ ဟာသလိုပဲထင္ခဲ့တာပါ။ ဘာမွလည္း စိတ္ခံစားခ်က္မျဖစ္ခဲ့ပါဘူး။

ဒါေပမယ့္ ကြၽန္ေတာ့္နည္းျပက ဖာဂူဆန္က မင္းဖုန္းကို ေစာင့္ေနတယ္လို႔ ေျပာလာတဲ့ အခ်ိန္မွာ ဘာလဲ ၊ ဘာေၾကာင့္လဲလို႔ ေမးခဲ့ပါတယ္။ သူက မင္းနဲ႕ စကားေျပာခ်င္ေနၿပီး မင္းကို အရမ္းစိတ္ဝင္စားေနတယ္လို႔ ျပန္ေျပာခဲ့ပါတယ္”လို႔ ပက္ဂ်ီဆန္က ေျပာၾကား ခဲ့ပါတယ္။

အဆုတ္ႏွစ္ခုပါတယ္လို႔ တင္စားခံရတဲ့ ပက္ဂ်ီဆန္ရဲ႕ လုပ္အားႏႈန္း နဲ႕ ပြဲႀကီးေတြမွာ ႐ုန္းကန္ ႀကိဳးစားမႈ လႊမ္းမိုးနိုင္မႈက ပရိသတ္ေတြ အတြက္ အမွတ္တရ ျဖစ္ခဲ့ကာ အာရွသားတစ္ေယာက္ အေနနဲ႕ ယူနိုက္တက္မွာ ခ်န္ပီယံလိဂ္ ဆုဖလားေတြ ရရွိခဲ့ၿပီး ဂႏၲဝင္တစ္ေယာက္ အျဖစ္ တင္စားခံရတာ အေတာ္ေလး ဂုဏ္ယူစရာ ျဖစ္ခဲ့ပါတယ္။

“ကြၽန္ေတာ္ ယူနိုက္တက္ကို ေျပာင္းလာခ်ိန္မွာ အသင္းရဲ႕ ယဥ္ေက်းမႈနဲ႕ အသားက်ဖိဳ႕ ကစားသမား ေတာ္ေတာ္မ်ားမ်ားးက ကူညီခဲ့ပါတယ္။ ဆာအဲလက္စ္ ဆိုရင္လည္း ကြင္းျပင္မွာ တကယ့္ လူေကာင္းတစ္ဦးပါ။ အဲ့တာက ကြၽန္ေတာ့္ကို အဂၤလိပ္ေျမမွာ အထိုင္က်ေစပါတယ္”လို႔ ပက္ဂ်ီဆန္က ေျပာၾကားခဲ့ပါတယ္။

ကိုရီးယားသားက မန္ယူနိုက္တက္ရဲ႕ ျပင္သစ္ ေနာက္ခံလူ ပက္ထရစ္အီဗရာဟာ  သူ႕ရဲ႕အေကာင္းဆုံး သူငယ္ခ်င္းလို႔လည္း ေျပာၾကားခဲ့ကာ အခုခ်ိန္အထိ အဆက္အသြယ္ ရွိေနေသးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။