Spots news

ပေါ့ဂ်ဘာကို ယခုအချိန်မှာ မန်ယူရောင်းချသင့်ကြောင်း အကိုဖြစ်သူပြော

Unicode Version

မန်ယူအသင်းအနေနဲ့ အခုလိုအချိန်မျိုးမှာ ပေါ့ဂ်ဘာကို မရောင်းဘူးဆိုရင် တစ်ပြားမှမရဘဲ လက်လွှတ်ရတဲ့အဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ သူ့အစ်ကိုဖြစ်တဲ့ မက်သီးယက်စ်က

သတိပေးလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ နောက် ပိုင်းမှာ ခြေစွမ်းပြန်ပြလာပြီး မန်ယူကိုလည်း အမှတ်ပေးဇယားထိပ်မှာ ရပ်တည်နိုင်ခဲ့သေးတဲ့အထိ ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။

သူခြေစွမ်းပြန်ပြလာလို့ မန်ယူမှာဆက်ရှိဖို့ မျှော်လင့်ချက်ထားလာကြပေမယ့် သူ့အေးဂျင့် ရွိုင်အိုလာက ကစားသမားဟာ မန်ယူကထွက်မယ်လို့ ဒီဇင်ဘာလအတွင်းက ပြောထားဘူးသလို အစ်ကို ဖြစ်သူ မက်သီးယက်စ်ကလည်း

လက်ရှိမှာ သတိပေးမှုတွေပြုလုပ်လာတာဖြစ်ပါတယ်။ ရွိုင်အိုလာဟာ ဇန် နဝါရီဈေးကွက်မဖွင့်ခင်အချိန်က ပေါ့ဂ်ဘာဟာ မန်ယူကနေထွက်လိုနေတယ်လို့ ပြောခဲ့ပေမယ့် မဖြစ်ခဲ့လို့ လာမယ့်နွေရောက်မှ ထွက်ခွာဖို့ရှိနေတာပါ။

မန်ယူဟာအသက် ၂၇ နှစ်ရှိတဲ့ ပေါ့ဂ်ဘာကို ပြီးခဲ့တဲ့နွေရာသီက စာချုပ်သက်တမ်းတစ်နှစ်တိုးခဲ့လို့ မန်ယူမှာ တစ်ရာသီဆက်ရှိနေခဲ့တာပါ။

အသက် ၃၀ အရွယ်ရှိပြီး စပိန်ကလပ် ရီးရဲလ်မာစီယာ မှာကစားနေတဲ့ မက်သီး ယက်စ်က” ပေါ့ဂ်ဘာရဲ့ စာချုပ်သက်တမ်းကတစ်နှစ်ကျန်သေးလို့ လက်ရှိမှာတော့ သူနဲ့ပက်သက်ပြီး ဘာမှ ပြောလို့မရသေးပါဘူး။

ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ မန်ယူအနေနဲ့ ငွေကြေးအလိုရှိတယ်ဆိုရင် အခု ရောင်းပါ။ ဒီလိုမှမဟုတ်ရင် သူ့ကိုတစ်ပြားမှမရဘဲ လက်လွှတ်ရပါလိမ့်မယ်။

ကျွန်တော့်ညီဘက်က စာချုပ် သစ်အကြောင်း ဘာမှပြောသံမကြားလို့ လက်ရှိစာချုပ်သက်တမ်းမကုန်ခင် ရောင်းတာက မန်ယူအတွက် အကျိုးအမြတ်အချို့ ကျန်ပါလိမ့်မယ်” လို့ပြောသွားခဲ့ပါတယ်။