Spots news

အဲဗာတန်နဲ့ ပွဲမှာ မန်ယူလူငယ်ကစားသမား ဒီယာလို ပါဝင်လာနိုင်

Unicode Version

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လူငယ်ကစားသမား ဒီယာလိုဟာ စနေနေ့ အဲဗာတန်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်လာနိုင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တောင်ပံကစားသမား ဒီယာလိုဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက စီးရီးအေကလပ် အတ္တလန္တာကနေ ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုဇန်နဝါရီအပြောင်းအရွှေ့မှာမှ အသင်းနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

ဒီယာလိုဟာ စနေနေ့က လီဗာပူးယူ – ၂၃ အသင်းနဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဆိုးလ်ရှားက အိုင်ဗရီကို့စ်သားကို မကြာခင်မှာနေရာပေးဖို့ ပြင်ဆင်နေတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် လူငယ်တွေကို နေရာပေးမလားဆိုတာတော့ မသေချာသေးတာဖြစ်ပါတယ်။

ဆိုးလ်ရှားက “ အခုအပတ်စနေနေ့မှာကစားမယ့် အဲဗာတန်နဲ့ပွဲမှာ နေရပေးဖွယ်ရှိနေပါတယ်။ အာမက်နဲ့ပတ်သက်ပြီး အခုအပတ်ထဲမှာ ဆုံးဖြတ်ချက်ချသွားမှာပါ။

အခြေအနေတွေအားလုံးအပေါ်မှာ မူတည်နေပါတယ်။ ဒဏ်ရာရ ဒါမှမဟုတ် ကိုဗစ်ဖြစ်တဲ့သူတွေရှိရင်တော့ သူပါလာနိုင်ပါတယ်။ ကြာသပတေးနေ့မှာ ဆုံးဖြတ်ချက်ချမှတ်သွားမှာပါ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။