Spots news

ခြေစွမ်းဆက်လက်ပြသနိုင်ရင် အင်္ဂလန်လက်‌ရွေးစင်ပါဝင်ခွင့် ရမယ့် လင်ဂတ်

Unicode Version

ဂျေစီလင်ဂတ်ဟာ ဇန်နဝါရီ အပြောင်းအရေွ့မှာ မန်ချက်စတာ ယူနိုက်တက် ကနေ ဝက်စ်ဟမ်းအသင်းထံ ရောက်ရှိလာပြီးနောက် ပထမဆုံး ပွဲစဥ်မှာပဲ ( ၂ ) ဂိုး သွင်းယူကာ နည်းပြ မိုယေးစ်ရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ လက်ရှိမှာ ရမှတ် ( ၃၈ )မှတ် ပိုင်ဆိုင်ထားပြီး အမှတ်ပေးဇယား အဆင့် ( ၄ ) နေရာက လီဗာပူးအသင်းအောက် ( ၂ ) မှတ်သာ လျော့နည်းလျက်ရှိပါတယ်။

လင်ဂတ်ဟာ ( ၁၃ ) လကြာ ပရီးမီးယားလိဂ် ပွဲထွက်ကစားခွင့် ပျောက်ဆုံးနေခဲ့ပြီး နိုင်ငံ လက်ရေွးစင်အသင်းမှာလည်း ( ၂၀၁၉ ) ဇွန်လက နောက်ဆုံး ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ယခု သွင်းဂိုး ( ၂ ) ဂိုးကြောင့် လင်ဂတ်အနေနဲ့ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသပြီး လက်ရွေးစင်အသင်းမှာ ပြန်လည်ကစားခွင့်ရနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

ဂျေစီလင်ဂတ်က သောမတ် ဆိုးချက်ရဲ့ ဦးဆောင်ဂိုးအပြီး ပွဲကစားချိန် ( ၅၆ ) မိနစ်မှာ သူ့ရဲ ့ပထမဆုံး သွင်းယူခဲ့ပကာ ဝက်စ်ဟမ်းအသင်းကို ( ၂ -၀ ) ဦးဆောင်စေခဲ့ပါတယ်။ အဲ့ဒီ‌ေနာက်မှာ ဗီလာအသင်းက ဝတ်ကင်ရဲ့ သွင်းဂိုးနဲ့ အတူ ( ၂ – ၁ ) အနေအထား ရောက်ရှိလာခဲ့ပေမယ့် ဂျေစီ လင်ဂတ်က ဒုတိကမြောက်သွင်းဂိုးနဲ့အတူ ဝက်စ်ဟမ်းအသင်းကို အနိုင်( ၃ ) မှတ် ရယူပေးခဲ့ပါတယ်။

လင်ဂတ်ကလည်း “ သုံးမှတ် ရရှိဖို့က အရေးအကြီးဆုံး အရာပါ။ အသင်းက တက်ညီလက်ညီ ကြိုးစားကြပါတယ် ။ကျွန်တော်တို့အနေနဲ့ လာမယ့် ဖူလ်ဟမ်အသင်းနဲ့ ပွဲစဥ်ကို အာရုံစိုက်နေပါတယ်။ ကျွန်တော်က ဒီညမှာ ပွဲထွက်ခွင့်ရပြီး ( ၂ ) ဂိုး သွင်းယူခဲ့သလို အသင်းကလည်း ( ၃ ) မှတ်ရရှိခဲ့ပါတယ်။ တစ်ပွဲလုံး ကျွန်တော် ပြုံးပျော်နေခဲ့ပါတယ်။ ကျွန်တော် ဘောလုံးကစားရတာ ပျော်ရွှင်နေပါတယ်။ ဒီလို မခံစားရတာ အတော်ကြာနေပါပြီ။” ဟု ပြောဆိုခဲ့ပါတယ်။