Spots news

ပွဲစဉ်များစွာ လွဲချော်ရပြန်ဦးမယ့် ဆေးရုံကမဆင်းတဲ့ ဟာဇက်

Unicode Version

ရီးယဲလ် မက်ဒရစ်အသင်း တောင်ပံကစားသမား ဟာဇက်ဟာ ပေါင်ဒဏ်ရာ ထပ်မံရရှိခဲ့သောကြောင့် အနည်းဆုံး (၄)ပတ်မှ (၆)ပတ်အထိ အနားယူရဖွယ် ရှိနေကြောင်း သိရပါတယ်။

ဟာဇက်အနေနဲ့  ရီးယဲလ်အသင်းသို့ ရောက်ရှိလာကတည်းက ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်နေရသူဖြစ်ပြီး ဝဲဘက်ပေါင် ကြွက်သားဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရီးယဲလ်အသင်းက ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဟာဇက်အနေဖြင့် (၆)ပတ်ကြာ အနားယူရပါက မတ်လ တတိယပတ်မှသာ ပြန်လည်ကစားနိုင်ဖွယ်ရှိပြီး အနည်းဆုံး(၈)ပွဲခန့် လွဲချော်ဖွယ်ရှိ နေပါတယ်။

ဟာဇက်ဟာ ၂၀၁၉ ခုနှစ် နွေရာသီတွင် ချယ်လ်ဆီးအသင်းမှ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ရီးယဲလ်ကစားသမားဘဝ တစ်ရာသီခွဲ ကာလအတွင်း (၃၅) ပွဲကစား၊ (၄)ဂိုးသာ သွင်းယူထားနိုင်ပြီး ဒဏ်ရာ ပြဿနာများဖြင့် ရုန်းကန်နေရပါတယ်။

၎င်းအနေဖြင့် နောက်ဆုံးရရှိခဲ့သည့် ပေါင်ကြွက်သား ဒဏ်ရာအပါအဝင် စုစုပေါင်း(၉)ကြိမ်မြောက် ဒဏ်ရာရရှိခြင်းဖြစ်ပြီး COVID-19 ရောဂါ Positive တွေ့ရှိမှုကြောင့်လည်း

တစ်ကြိမ် အနားယူခဲ့ရ သူဖြစ်ပါတယ်။ ယခုလွဲချော်ဖွယ်ရှိသည့် (၈)ပွဲကိုပါ ထည့်သွင်းတွက်ချက်လျှင် ၎င်းမပါဝင်နိုင်သည့်ပွဲအရေအတွက်မှာ (၅၁) ပွဲအထိ ရှိလာခဲ့ပါတယ်။