Spots news

သီယာဂိုဆေးလ်ဗားရဲ့ ဒဏ်ရာက ချဲလ်ဆီးအတွက် အခက်အခဲဖြစ်လာနိုင်

Unicode Version

စပါးကို ၁-ဝဂိုးဖြင့် အနိုင်ရတဲ့ ပွဲတွင် နောက်ခံလူ သီယာဂို ဆေးလ်ဗားက ပထမပိုင်းမှာတင် ဒဏ်ရာ ရရှိပြီး ထွက်ခွာ သွားခဲ့တာကြောင့် ချဲလ်ဆီးအသင်းအတွက် ထိခိုက်နစ်နာမှု ဖြစ်လာခဲံပါတယ်။ ဘရာဇီးနောက်ခံလူ ဘောလုံးရှင်းထုတ်ရာမှာ ချက်ချင်းပင် အနာတရဖြစ်ကာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဆေးလ်ဗားမထွက်မီ ၎င်းဟာ ကွင်းထဲရှိ ကစားသမားတွေ အားလုံးထက် ဘောလုံးပေးပို့မှု အများဆုံး လုပ်ပေးနိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ တိုက်စစ်မှူး တီမို ဝါနာကို စပါးနောက်ခံလူ အဲရစ် ဒိုင်ယာက ညံဖျင်းဆိုးရွားစွာ ဖျက်ထုတ်မှုကနေ ပင်နယ်တီ ပေးလိုက်ရပြီး အီတလီသား ဂျော်ဂျင်ဟိုကလည်း ပင်နယ်တီ ၅ ကြိမ်မြောက် ကို အမှားအယွင်း မရှိ သွင်းယူခဲ့ပါတယ်။

ပထမပိုင်း အပြီးမှာ စပါးကစားပုံ တိုးတက်လာခဲ့သော်လည်း နည်းပြ မော်ရင်ဟိုရဲ့ အသင်းသားတွေဟာ တိုက်စစ်မှာ ကိန်း မပါဝင် တာကြောင့် အသက်မဲ့ နေခဲ့ပြီး ချေပဂိုးရဖို့ ခြိမ်းခြောက်နိုင်မှု တစ်စုံတရာ မရှိခဲ့ပါဘူး။

တိုက်စစ်မှူး ဗင်နီစီးယက်စ် ကလည်း အပိုင်အခွင့်အရေး ခေါင်းတိုက်ချက် ရရှိခဲ့သော်လည်း  အသုံးမချ နိုင်ခဲ့ဘဲ ချဲလ်ဆီးအသင်းသာ နည်းပြသစ် တူချယ် လက်အောက်မှာ ၃ပွဲဆက် ပေးဂိုးမရှိ အောင်ပွဲကို ရယူခဲ့ပါတယ်။

ဆေးလ်ဗားရဲ့ ဒဏ်ရာက သေချာ မသိရသေးပေမယ့် တူချယ်အနေနဲ့ နောက်ခံလူ ဇူးမားကိုလည်း ဒဏ်ရာကြောင့် လက်လွတ်ထား ရတာကြောင့် ပွဲစဉ်တွေ ဆက်နေတဲ့ ကာလမှာ ဆေးလ်ဗားအား ဒဏ်ရာ အမြန်သက်သာဖို့ မျှော်လင့် နေနိုင်ပါတယ်။

၃ပတ် အချိန်တောင် မရှိတော့တဲ့ ကာလတွင် ချဲလ်ဆီးဟာ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ အဖြစ် အက်သလက်တီကို နဲ့ရင်ဆိုင်ရမှာ ဖြစ်ပြီး ယခုလ အကုန်မှာလည်း စတန်းဖို့ဘရစ်ချ်တွင် မန်ချက်စတာ ယူနိုက်တက် အား ဧည်ခံကစားရမှာ ဖြစ်ပါတယ်။