Spots news

အသင်းသစ်သို့ ပြောင်းရွေ့သွားပြီဖြစ်တဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း အီဂါလို

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်း အီဂါလိုဟာ ဆော်ဒီအာရေးဘီးယား ပရိုလိဂ်ကလပ် အယ်လ်ရှာဘက်အသင်းကို အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဂါလိုဟာ အိုးလ်ထရက်ဖို့ဒ်မှာ မကြာသေးမီကမှ အငှားနဲ့လာကစားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ တစ်နှစ်တာအတွင်း နည်းပြအိုလီဂန်နာဆိုးလ်ရှားအတွက် အသုံးဝင်တဲ့ အရန်ကစားသမား တစ်ယောက်ဖြစ်ကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

အီဂါလိုဟာ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာကနေ ထွက်ခွာခဲ့ပြီးနောက် ဆော်ဒီချန်ပီယံ ခြောက်ကြိမ်ရအသင်းနဲ့ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုသွားခဲ့ပါတယ်။ အီဂါလိုရဲ့ ကိုယ်စားလှယ်တွေက “အခြားအသင်းတွေဆီက စိတ်ဝင်စားမှုတွေလည်း ရှိခဲ့ပေမယ့် အယ်လ်ရှာဘက်က သူ့ကိုခေါ်ယူချင်တဲ့ စိတ်ရင်းအမှန်ရှိပြီး သူ့အတွက်လည်း ရည်ရွယ်ချက်တွေ ရှိနေတာကို ပြသခဲ့တာကြောင့် ကစားသမားအတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်ခဲ့ပါတယ် ” ဆိုပြီး တရားဝင်မကြေညာခင် BBC Sport Africa ကို ပြောခဲ့ပါတယ်။

အီဂါလိုကတော့ အသင်းသစ်နဲ့ လက်မှတ်ရေးထိုးမှုကို ဗီဒီယိုတစ်ခုနဲ့ သူ့ရဲ့ဆိုရှယ်မီဒီယာကနေ “ကဏ္ဍအသစ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြသွားခဲ့ပါတယ်။ အဲ့ဒီနောက် အသင်းသစ်ရဲ့ တာဝန်ရှိသူတွေနဲ့ ရိုက်ကူးထားတဲ့ ပုံတွေကိုလည်း တင်ခဲ့ပြီး “ကျွန်တော်တို့ အယ်လ်ရှာဘက်ဆော်ဒီအသင်းကို ပြောင်းရွှေ့ပါပြီ ” ဆိုပြီး ရေးထားပါတယ်။

နိုက်ဂျီးရီးယားသားဟာ ပြီးခဲ့တဲ့ရာသီက သရဲနီအသင်းကို အငှားကစားခဲ့ပြီးသူ့ရဲ့ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်မှာ ၂၃ ပွဲကစားခဲ့ပြီး သွင်းဂိုး ၅ ဂိုးလည်း သွင်းယူနိုင်ခဲ့ပါသေးတယ်။ ၃၁ နှစ်အရွယ် ကစားသမားကြီးကို ဝက်ဖို့ဒ်အသင်းနဲ့ လူသိများခဲ့တာဖြစ်ပြီး အဲ့ဒီမှာတုန်းကတော့ ပွဲ ၁၀၀ ကစားပြီး ဂိုး ၄၀ သွင်းယူနိုင်ခဲ့ပါတယ်။