Spots news

မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ဖလားယူပြမည်ဟု ပြောလိုက်တဲ့ မက်ဂွိုင်းယား

Unicode Version

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ပရီးမီးယားလိဂ်ဖလား အရယူပြီး ယူနိုက်တက်အသင်းကို မုန်းတီးနေသူတွေရဲ့ ပါးစပ်ကို ပိတ်ပြမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုလောလောဆယ် ထိပ်ဆုံးက မန်စီးတီးထက် တစ်ပွဲပိုကစားထားပြီး (၃)မှတ်အကွာ (၄၄)မှတ်နဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေသလို ၂၀၁၃ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ရဲ့လက်ထက်မှာ ကြီးမားတဲ့အောင်မြင်တွေ ရယူခဲ့ချိန်တုန်းက အသင်းရဲ့အောင်မြင်မှုအပေါ် အားပေးကြတဲ့သူတွေရှိသလို၊ မနာလိုကြတဲ့ပရိသတ်တွေလည်းရှိခဲ့ကြပြီး မက်ဂွိုင်းယားက အသင်းပရိသတ်တွေ ကျေနပ်မှုရဖို့အတွက် ပရီးမီးယားလိဂ်ဖလားကို အသင်းခေါင်းဆောင်အဖြစ် ရယူပေးဖို့ဆန္ဒရှိနေတာပါ။

မက်ဂွိုင်းယားက “ကျွန်တော်တို့အသင်းကို မုန်းတီးကြတဲ့သူတွေရှိတာကို ကြိုက်ပါတယ်။ အဲဒီအတွက်လည်း စိတ်မပူမိပါဘူး။ ယူနိုက်တက်အသင်းနဲ့အတူ ဖလားကိုင်မြှောက်ပြီး ကျွန်တော် ဝမ်းသာအားရဖြစ်နေမှာကို မမြင်ချင်တဲ့သူတွေ အများကြီးရှိနေပါလိမ့်မယ်။

ကျွန်တော်တို့အသင်းဟာ ကမ္ဘာပေါ်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုခံရတာအများဆုံးအသင်းဖြစ်ပါတယ်။ တော်တော်များများကတော့ ယူနိုက်တက်အသင်း အောင်မြင်မှာကို မလိုလားကြပါဘူး။ ကျွန်တော်တို့အသင်း ကျရှုံးတာကိုပဲ မြင်ချင်နေတာဖြစ်ပြီး အဲဒီလိုအနေအထားက ကျွန်တော့်အတွက်တော့ ဘာမှမထူးခြားတော့ပဲ ကျင့်သားရနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။