Spots news

ဒေါ့မွန် နဲ့ အပြိုင်ခေါ်ယူမယ့် မန်ယူရဲ့ပစ်မှတ် လူငယ်တိုက်စစ်မှူး

Unicode Version

မန်ယူအသင်းဟာ ဂရိလူငယ်တိုက်စစ်မှူး ခရစ္စတော့ဇိုးလစ်ကို ပေါင် ၁၇ သန်းဖြင့် ခေါ်ယူရန် ရှိကြောင်း အင်္ဂလန်ထုတ် သတင်းစာတစ်စောင်က ဖော်ပြထားပါတယ်။

ပီအေအိုကေအသင်းရဲ့ အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိဘောလုံးရာသီတွင် ၃၃ ပွဲကစား ၁၅ ဂိုးသွင်းပြီး မန်ယူကို သဘောကျစေခဲ့ခြင်းဖြစ်ပါတယ်။

ပြီးခဲ့သည့်ဘောလုံးရာသီက ဂရိကလပ်အသင်း၏ ယူ-၁၉ လူငယ်အသင်းတွင် ၂၃ ပွဲကစားပြီး ၁၉ ဂိုး သွင်းယူထားသော ဇိုးလစ်ဟာ တိုက်စစ်မြားဦးအဖြစ်သာမက

တောင်ပံတိုက်စစ်တွင်ပါ ကစားနိုင်သူ ဖြစ်ပြီး ဥရောပကလပ်အသင်း အများအပြားက ဇိုးလစ်ကို ခေါ်ယူလိုနေကာ မန်ယူနိုက်တက်က ဦးဆောင်လျက် ရှိပါတယ်။

မန်ယူအသင်း မန်နေဂျာဆိုးရှား အနေနဲ့ အသက်ငယ်ရွယ်ပြီး အလားအလာရှိသော ကစားသမားများကို ခေါ်ယူပြီး တိုက်စစ်တွင် ရက်ရှ်ဖို့၊ ဂရင်းဝုဒ်တို့နှင့် တွဲဖက်ကစားစေလိုလျက် ရှိနေပြီး

ထိုရည်ရွယ်ချက်ဖြင့် အီတလီမှ အာမက်ဒီယာလိုကိုလည်း ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဆိုးရှားဟာ လူငယ်အသင်းမှ မက်ဘယ်ရီကိုလည်း စီနီယာအသင်းသို့ ခေါ်ယူထားပါသေးတယ်။

ဇိုးလစ်ဟာ မန်ယူ၏ တိုက်စစ်ကို ပုံစံအမျိးမျိုးဖြင့် အထောက်အကူပေးနိုင်သော ကစားသမားဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိ ကာဗာနီ၏ နေရာတွင်

ဇိုးလစ်ကို ရေရှည်အစားထိုးသွားနိုင်ကြောင်း ဘောလုံးအပြောင်းအရွေ့ ကျွမ်းကျင်သူများက ပြောဆိုထားပါတယ်။

မန်ယူသတိထားရမည့်အချက်မှာ လူငယ်ကစားသမားများကို အပြိုင်ခေါ်ယူနေသော ဒေါ့မွန်ကလည်း ဇိုးလစ်ကို စိတ်ဝင်စားနေခြင်းဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ဘယ်လင်ဂမ်နှင့် ဟာလန်းတို့ကို မန်ယူ၏ မျက်စိရှေ့မှ ဖြတ်ခေါ်ခဲ့ဖူးပါတယ်။

ဟော်လန်ကလပ် အိုင့်ဟိုဗင်ကလည်း ဇိုးလစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ပီအေအိုကေက ဇိုးလစ်၏ တန်ကြေးကို ပေါင် ၁၇ သန်း သတ်မှတ်ထားပါတယ်။