Spots news

မန်ယူနဲ့ မန်စီတီးအတွက် ဟယ်ရီကိန်းကိုဈေးသတ်မှတ် ပေးလိုက်တဲ့ တော့တင်ဟမ်

Unicode Version

တော့တင်ဟမ် အသင်းကတော့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၅၀ ပေးနိုင်တဲ့ အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ လက်ခံနားထောင်သွားဖို့ စိတ်ဝင်စားနေပါတယ်။

၂၇ နှစ် အရွယ်တိုက်စစ်မှူးဟာ သူ့ရဲ့ငယ်ဘဝကလပ်နဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုထားသော်လည်း ဆုဖလားတစ်လုံးမှ မရရှိသေးတာကြောင့် ဒီနှစ်တော့တင်ဟမ်သာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရင် လာမယ့်နွေအပြောင်းအရွှေ့မှာ အသင်းက ထွက်ခွာဖွယ် ရှိနေပါတယ်။

ကိန်းဟာ ဒီရာသီမှာ သွင်းဂိုး ၂၁ ဂိုးသွင်းယူထားပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ မရှိမဖြစ်အရေးပါသူဖြစ်တာကြောင့် နည်းပြမော်ရင်ဟိုကတော့ ကိန်းကို ဆက်ထိန်းထားလိုလျက်ရှိပါတယ်။

ဒါပေမယ့် တော့တင်ဟမ်သာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရင် သို့မဟုတ် ယူရိုပါလိဂ်ချန်ပီယံမဖြစ်ခဲ့ရင်တော့ သူတို့ရဲ့ဘဏ္ဍာရေး အခြေအနေကို ကြီးကြီးမားမား ထိခိုက်လာဖွယ် ရှိနေပါတယ်။

လက်ရှိအချိန်မှာ ကွင်းသစ်ကြီး တည်ဆောက်မှုကြောင့် ပေါင် ၁ ဘီလီယံကျော် ကုန်ကျခဲ့ပေမယ့် ပရိသတ်တွေ ဝင်ရောက်ကြည့်ရှုခွင့် မရသေးတာကြောင့် အသင်းရဲ့ ဘဏ္ဍာရေး အကျဘက်ကို ဦးတည်လာပါတယ်။

တကယ်လို့ ကိန်းကိုသာ ရောင်းထုတ်နိုင်ခဲ့မယ်ဆိုရင်တော့ အသင်းရဲ့ကွင်းသစ်အတွက် ကုန်ကျစရိတ် ၁၅ ရာခိုင်နှုန်းကို ပြန်ကာမိသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် တော့တင်ဟမ်က ကိန်းကို ပေါင်သန်း ၁၅၀ ဝန်းကျင်နဲ့သာ ကမ်းလှမ်းလာခဲ့ရင် စဉ်းစားသွားမယ်လို့ ဒေးလီးမေးလ်သတင်းစာက ရေးသားခဲ့ပါတယ်။

တိုက်စစ်မှူးကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ကတော့ ဒီနွေရာသီမှာ အထောင်တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ ငွေကြေး သုံးစွဲဖို့ပြင်ဆင်နေကြပါတယ်။ စီးတီးဆိုရင် တိုက်စစ်မှူး ဆာဂျီယိုအဂူရိုရဲ့နေရာမှာ အစားထိုးရမယ့် တိုက်စစ်မှူး ရှာဖွေနေတာဖြစ်ပါတယ်။

တကယ်လို့ တော့တင်ဟမ်က တောင်းဆိုတဲ့ဈေးကို ပေးနိုင်တဲ့အသင်း ပေါ်ထွက်လာခဲ့မယ်ဆိုရင်တော့ ကိန်းဟာ ကီလီယန်မက်ပီနဲ့ နေမာတို့နောက် တတိယဈေးအကြီးဆုံး ကစားသမားဖြစ်လာတော့မှာပါ။