Spots news

ဘာစီကို ဘာပေသွင်းတဲ့ ဟတ်ထရစ်က သူ့အတွက်ခွန်အားဖြစ်စေတယ်ဆိုတဲ့ ဟာလန်း

Unicode Version

ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟာလန်းက ပြီးခဲ့တဲ့ အင်္ဂါနေ့ ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်မှာ ဟက်ထရစ်သွင်းဂိုးရယူခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ဆီ‌ဗီလာကို ( ၃ -၂ ) ရလာဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတွေ ရယူဖို့ သူ့အတွက် ခွန်အား ဖြစ်စေတယ်လို့ ဆိုခဲ့ပါတယ်။

အသက် ( ၂၀ ) အရွယ် တိုက်စစ်မှူးဟာ ဆီဗီလာ အသင်းနဲ့ ပွဲစဉ်မှာ ( ၂ ) ဂိုးသွင်းယူခဲ့ပြီး အမ်ဘာပေရဲ့ ( ၂၁ ) နှစ်ပြည့် မွေးနေ့မတိုင်ခင် ချန်ပီယံလိဂ် သွင်းဂိုးအများဆုံး စံချိန်ကို ချိုးဖျက်ဖို့နီးစပ်နေပါတယ်။

အသက် ( ၂၂ ) နှစ်အရွယ် အမ်ဘာပေက ( ၂၁ ) မပြည့်ခင် ( ၁၉ ) ဂိုး သွင်းယူခဲ့ပြီး ဟာလန်းကတော့ လက်ရှိအချိန်မှာ ( ၁၃ ) ပွဲ ကစားထားကာ ( ၁၈ ) ဂိုး သွင်းယူထားပါတယ်။

ဟာလန်းက ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာစီလိုနာအသင်းကို ( ၄ -၁ ) အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ( ၃ ) ဂိုး သွင်းယူခဲ့တဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေဟာ သူ့အတွက် ခွန်အားဖြစ်စေကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။

ဟာလန်းက ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ “အမ်ဘာပေ ဟက်ထရစ်သွင်းယူနိုင်တာတွေ့တော့ ကျွန်တော် စိတ်ဓာတ် တက်ကြွသွားပါတယ်။ ဒါကြောင့် သူ့ကိုကျေးဇူးတင်ပါတယ်။

သူက ကောင်းမွန်တဲ့ သွင်းဂိုးတွေ ရယူခဲ့ပြီး ကျွန်တော်က သူ့ဆီကနေ ခွန်အားတွေရရှိခဲ့ပါတယ် ။ ဒါက အရမ်းကောင်းမွန်ပါတယ်” ဟု ပြောဆိုခဲ့ပါတယ်။