Spots news

ဒီကလန်ရိုက်စ်ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်လာတဲ့ ယူနိုက်တက်နဲ့ လီဗာပူး

Unicode Version

ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ဟာ ဝက်စ်ဟမ်းစတား ဒီကလန်ရိုက်စ်ကို ချိတ်ဆက်လာတယ်လို့ သိရပါတယ်။  အင်္ဂလန်သားကို လမ်းပတ်ရဲ့ချဲလ်ဆီးအသင်းက စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ လီဗာပူးတို့ ဒီကလန်ရိုက်စ်ရဲ့အေးဂျင့်ကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးကတော့ တူချယ်ရောက်လာခဲ့တာကြောင့် ဝက်စ်ဟမ်းစတားကို ခေါ်ယူဖို့ သွေးအေးသွားခဲ့ပါတယ်။ လမ်းပတ်ဟာ စွမ်းဆောင်ရည်ကောင်တွေ ကျဆင်းခဲ့တာကြောင့် အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

အပြောင်းအရွှေ့နာမည်ကျော်သတင်းထောက် မက်ဂယ်ရီကတော့ ယူနိုက်တက်နဲ့ လီဗာပူးဟာ ဒီကလန်ရိုက်စ်ရဲ့အေးဂျင့်နဲ့ ဆက်သွယ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

“သူက ချဲလ်ဆီးပစ်မှတ်ထဲမှာရှိမနေတော့ပါဘူး။ ဒါပေမဲ့ သေချာတာက လီဗာပူး နဲ့ ယူနိုက်တက်တို့က စိတ်ဝင်စားနေပါတယ်”လို့ မက်ဂယ်ရီက ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းကတော့ ဒီကလန်ရိုက်စ်ကို သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။ အသက် ၂၂ နှစ်သားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမား

တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ လီဗာပူးကတော့ ဖာဘင်ဟိုနေရာ အတွက် ဒီကလန်ရိုက်စ်ကို ခေါ်ယူချင်နေပါတယ်။ ယူနိုက်တက်ကတော့ မာတစ်နေရာအတွက် အစားထိုးချင်နေတာဖြစ်ပါတယ်။