Spots news

ဒါဘီမှာ နည်းပြစွမ်းရည်တွေ ပြသနေခဲ့တဲ့ သရဲနီဟောင်း ဝိန်းရွန်းနီ

Unicode Version

ယူနိုက်တက် မှာ ၁၃ နှစ် ကြာ ကစား သွားခဲ့ တဲ့ ဝိန်းရွန်းနီ ဟာ ကစား သမား ဘ၀ ရဲ့ နောက်ဆုံး နှစ်တွေ ကို စတင် ရောက်ရှိ နေပြီး မကြာခင် မှာပဲ အနားယူကာ နည်းပြ ဘ၀ကို တက်လှမ်းခဲ့ပါတယ်။ ကစားသမားဘ၀မှာ ခြေစွမ်းကောင်းခဲ့သလို နည်းပြဘ၀မှာလည်း ဖောက်တဲ့လမ်းကောင်းတယ်ဆိုရပါမယ်။

ရွန်းနီဟာသူ့လက်ထက်မရောက်ခင် တန်းဆင်းဇုန်ကို ရောက်ရှိနေတဲ့ ဒါဘီအသင်းကို အခုအခါမှာတော့ တန်းဆင်းဇုန်နဲ့ဝေးရာကို ခေါ်ဆောင်လာနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ဝိန်းရွန်းနီကို အမြဲတမ်းနည်းပြအဖြစ်ရာထူး ပေးခံရချိန်မှာ ဒါဘီကောင်တီဟာ ၁၁ပွဲဆက်အရှုံးနဲ့အတူ လိဂ်ချန်ပီယံရှစ်ရဲ့ အမှတ်ပေးဇယားအောက်ဆုံး အဆင့် ၂၄မှာ ရောက်နေခဲ့ပါတယ်။

ဝိန်းရွန်းနီ ကိုင်တွယ်လာခဲ့တဲ့ အချိန်မှာတော့ ရလဒ်ကောင်းတွေရရှိလာကာ အမှတ် ပေးဇယားရဲ့ အဆင့် ၁၆အထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ ယာယီနည်းပြကနေ အတည်နည်းပြအဖြစ်ရောက်ခဲ့တဲ့ ဝိန်းတစ်ယောက် သူကိုင်တွယ်ခဲ့တဲ့ ဒါဘီအသင်းရဲ့ နောက်ဆုံး ၁၄ပွဲမှာ ၈ပွဲ အနိုင်ရထားသလို နောက်ဆုံး ၆ပွဲမှာလည်း ၅ပွဲအထိ အနိုင်ယူရင်း ရမှတ် ၃၄မှတ်နဲ့အတူ အဆင့် ၂၂ကShelffield Wednesday ထက် ရမှတ် ၆မှတ် ဖြတ်ထားသလို အောက်ဆုံးအသင်းနဲ့ ရမှတ် ၁၅မှတ် အသာရယူထားပါတယ်။

ရွန်းနီ ဟာ ဒီစီ ယူနိုက်တက် ကနေ ဒါဘီ အသင်းထံ ကစား သမား – နည်းပြ အဖြစ် ပြောင်းရွှေ့ လာခဲ့ပြီး နောက်နယ်သာလန် နည်းပြ ဖိလစ် ကိုကူး လက်အောက်မှာလုပ်ကိုင်ခဲ့ပါတယ်။ ဒီရာသီ မှာ ဒါဘီ ရဲ့ ရလဒ်တွေ တောက်လျောက် ထိုးကျ ခဲ့ပြီး တန်းဆင်းဇုန် ထဲ အထိ ရောက်လာ ခဲ့တာကြောင့် နည်းပြ ကိုကူး ကို ထုတ်ပယ်ကာ ရွန်းနီ ကို အစောပိုင်းမှာယာယီ တာဝန်ပေးအပ် ခဲ့တာဖြစ်ပါတယ်။

နည်းပြဟောင်းကြီး ဖာဂူဆန်ကတော့ ရွန်းနီဟာ နည်းပြလောကမှာ အောင်မြင်မှု ရယူနိုင်လိမ့်မယ်လို့ မှတ်ချက်ပြုထားပါတယ်။ “ရွန်းနီကနည်းပြတစ်ယောက်အနေနဲ့ဆိုရင်လည်း ရလဒ်ကောင်းတွေ ရယူနိုင်မှာပါ။ ဒါကို သူလည်း ကောင်းကောင်းသိပါတယ်။ ရွန်းနီဟာ အစကောင်းခဲ့ပြီး ဆက်လက်ကောင်းကောင်းလုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။