Spots news

ဘာပေ အနေနဲ့ ရီးရဲလ်ကိုမပြောင်းခင် လီဗာပူးကို အရင်ပြောင်းခဲ့ပါဆိုတဲ့ ကာရေဂါ

Unicode Version

ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘာစီလိုနာနှင့် ကစားခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ဟက်ထရစ်သွင်းယူခဲ့ပြီးနောက် အမ်ဘာပီဟာ အားလုံးရဲ့ ပါးစပ်ဖျားမှာ နောက်တစ်ကြိမ်ပြန်လည်

ရောက်ရှိလာတာဖြစ်ပြီး ကာရေဂါကတော့ ကမ္ဘာ့ဖလားကို ရရှိထားကစားသမားကို လီဗာပူးသို့ ခေါ်ယူရန် စည်းရုံးနိုင်မယ်လို့ ယုံကြည်နေပါတယ်။

လီဗားပူးရဲ့ ကစားသမားဟောင်းကတော့ အဲ့ဒီအပြောင်းအရွေ့အတွက် စိတ်လှုပ်ရှားနေပြီး ကလော့ပ်က ပြင်သစ်နိုင်ငံသားနှင့်ပတ်သက်ပြီး အရင်တုန်းက ပြောဆိုထားတာဖြစ်ပါတယ်။ အမ်ဘာပီရဲ့အနာဂတ်က

ရီးရဲလ်မက်ဒရစ်ဖြစ်လာနိုင်တယ်ဆိုတာကို ကာရေဂါက သိရှိထားပြီး အသက် ၂၂ နှစ် အရွယ် ကစားသမားအတွက် ဘာနေးဗျူးထက် အန်ဖီးလ်က ပိုပြီး ပြီးပြည့်စုံတဲ့အသင်းဖြစ်တယ်လို့ ထင်နေပါ တယ်။

အမ်ဘာပီရဲ့ မာဆေးဆိုက်သို့ပြောင်းရွေ့လာနိုင်မှုနှင့်ပတ်သက်ပြီး CBS Sports သို့ ကာရေဂါက “ကျွန်တော် ဟာသလုပ်နေတာမဟုတ်ပါဘူး။ မိုနာကိုမှာကတည်းက လီဗာပူးက အမ်ဘာပီကိုခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့ပုံ ရပါတယ်။

အဲ့ဒီအချိန်တုန်းက အခြားသောကလပ်တွေလည်းရှိခဲ့ပြီး ကလော့ပ်က သူနဲ့စကားပြောဆိုခဲ့တယ် ဆိုတာကျွန်တော်သိပါတယ်”

“လွန်ခဲ့တဲ့ ၂နှစ်တုန်းက  လီဗာပူးအသင်းက ချန်ပီယံလိဂ်ဖိုင်နယ်သို့ရောက်ရှိခဲ့ပြီး ဆုဖလားကိုရရှိခဲ့ကာ  ကလော့ပ်နှင့် အန်ဖီးလ်ရှိ လီဗာပူးကို အားလုံးက စောင့်ကြည့်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ရီးရဲလ်မက် ဒရစ်လိုအသင်းသို့ မသွားခင် အင်္ဂလန်က ကလပ်တွေကို သွားချင်နေမှာပါ။

သူ့ရဲ့ကစားသမားဘဝမှာ ရီးရဲလ်မက်ဒရစ်အတွက် ကစားဖို့ အာမခံချက်ပေးနိုင်တယ်လို့ ကျွန်တော်ထင် သော် လည်း နောက်တစ်ဆင့်သို့ မတက်လှမ်း သူလိုကစားသမားမျိုးအတွက် လီဗာပူးဟာ

ပြီးပြည့်စုံတဲ့ ကလပ်တစ်ခု ဖြစ်ပါတယ်။လီဗာပူးနှင့် မန်စီးတီးတို့ဖြစ်နိုင်ပြီး ပရီးမီးယားလိဂ်ကိုကြည့်လိုက်မယ်ဆိုရင် သူတို့နှစ်သင်းကထိပ်ဆုံးမှာရှိနေပါတယ်” လို့ ကာရေဂါက ပြောပါတယ်။