Spots news

အာမက်ဒီယာလို အသင်းကြီးနဲ့ထပ်ပြီး ပွဲထွက်ခွင့် ရဦးမှာပါဆိုတဲ့ နည်းပြ ဆိုးရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက် နည်းပြ အိုလေ ဂန်းနား ဆိုးရှားက ရီးရဲဆိုစီဒက်စ်အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ( ၃၂ ) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ

ပထမဆုံးကစားခွင့်ရခဲ့တဲ့ အာမက် ဒီယာလိုကို လာမယ့် ကြာသပတေးနေ့ ဒုတိယအကျော့ ပွဲစဉ်မှာ ပွဲထွက်ခွင့်ပေးဖို့ စဉ်းစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

အသက် ( ၁၈ ) နှစ်အရွယ် တောင်ပံကစားသမားဟာ တူရင်မြို့ Allianz Stadium မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ( ၄ – ၀ ) ရလာဒ်နဲ့ အနိုင်ရရှိနေချိန် ( ၈၃ ) မိနစ်မှာ လူစားဝင် ကစားသမားအနေနဲ့ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အာမက်ဟာ ဘယ်တောင်ပံမှာ ကစားခွင့်ရခဲ့ပြီး ယူနိုက်တက်က ဘာကြောင့် ဆယ်ကျော်သက် ကစားသမားကို မြှင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့လဲဆိုတာ သက်သေပြသွားခဲ့ပါတယ်။

ပြီးခဲ့လအတွင်း အတ္တလန္တာကနေ ပေါင် ( ၃၇ ) သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ အိုင်ဗရီကို့ကြယ်ပွင့်ဟာ လာမယ့် တနင်္ဂနေ့ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရဖို့ အလားအလာ နည်းပါးလျက်ရှိပါတယ်။

ဒါပေမယ့် ယူနိုက်တက်က ယူရိုပါလိဂ် ( ၁၆ ) သင်းအဆင့်ကို တက်ရောက်ဖို့ သေချာလုနီးပါးဖြစ်နေတဲ့ အတွက် လာမယ့် ကြာသပေတးနေ့ အိုးထရတ်ဖို့ဒ်မှာ ကစားမယ့် ရီးရဲဆိုစီဒက်စ်အသင်းနဲ့ ဒုတိယအ‌ကျော့ ပွဲစဉ်တွင် ပထမဆုံးအကြိမ် ပွဲထွက် ကစားခွင့်ရဖွယ် ရှိနေပါတယ်။

ယူနိုက်တက် နည်းပြက “ ကျွန်တော်တို့ နယူးကာဆယ်နဲ့ ပွဲစဉ်အပြီးမှာ ဆုံးဖြတ်ချက် ချရပါမယ် ။ သူအ‌နေနဲ့ မကြာခင်မှာ ပွဲစဉ်တချို့ ကစားခွင့်ရပါလိမ့်မယ် ။ ဒီနေ့ည ပွဲစဉ်မှာ ပွဲကစားခွင့်ရလိုပေမယ့် အရံခုံမှာပဲ

နေခဲ့ရတဲ့ ကစားသမား တချို့ရှိပါတယ် ။ အာမက်ကတော့ တဖြည်းဖြည်း နီးကပ်လာပါပြီ။ ပွဲစဉ် ဘယ်လောက်များများကစားခွင့်ရမလဲဆိုတာတော့ စောင့်ကြည့်ရပါမယ်။” လို့ ဆိုခဲ့ပါတယ်။