Spots news

ဂါရတ်ဘေးလ်နဲ့ တွဲကစားရတာကို ကျေနပ်နေတဲ့ ဆွန်ဟောင်မင်

Unicode Version

ပြီးခဲ့တဲ့နေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ သြစတြီးယားကလပ်ဝုဖ်ဘာဂါနဲ့ ပွဲစဉ်မှာ စပါးဟာ အိမ်ရှင်ကို ဆွန်ဟောင်မင်၊ ဘေးလ်တို့ရဲ့ သွင်းဂိုးတွေ အပါအဝင် လေးဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးကိုဘေးလ်က ဖန်တီးမှု ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

စပါးအသင်းရဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင်ကတော့ ရီးရဲလ်ကနေ အဌားနဲ့ လာရောက်ပြီးကစားနေတဲ့ ဂါရတ်ဘေးလ်နဲ့ အတူတွဲကစားရတာဟာ တကယ်ပျော်ရွှင်စရာကောင်း တယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဆွန်ဟောင်မင်က “ကျွန်တော်က ဘေးလ်နဲ့ ရင်းနီးတဲ့ ဆက်ဆံရေး ရှိပါတယ်။အခုလို သူ ပွဲထွက်ခွင့်ရပြီး ဂိုးသွင်းနိုင်သလို ဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့လို့ ဝမ်းသာပါတယ်။

ကျွန်တော် သူနဲ့ တွဲကစားရတာ တကယ်ပျော်ပါတယ်” “နည်းပြ မော်ရင်ဟိုရဲ့ ကစားကွက်မှာ သူ့အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်မရဘူးဆိုပေမယ့် ဘေးလ်က အသင်းကို အကျိုးပြု နိုင်တဲ့ ကစားသမား တစ်ယောက်ပါ။

ကျွန်တော်တို့ အနေနဲ့ ၁-၀ ပဲဖြစ်ဖြစ် ၂-ဝပဲဖြစ်ဖြစ်ကျွန်တော်တို့ နိုင်ပွဲရတာက ထူးခြားတဲ့ ခံစားချက်ကို ရရှိစေပါတယ်။” “ကျွန်တော်တို့ လိုအပ်တဲ့ နိုင်ပွဲကို ရခဲ့တာ တကယ်အရေးပါပါတယ်။

ကျွန်တော်တို့ တကယ်ကောင်းတဲ့ အားထုတ်မှုကို ပြသခဲ့တာဖြစ်ပြီး ပထမပိုင်းမှာ ၃ဂိုးတောင် သွင်းခဲ့တာပါ။ အသင်းဖော်တွေနဲ့ အတူကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်းကို ရခဲ့ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။

ဂါရတ်ဘေးလ် ဟာ (၂၀၁၃) ဧပြီလက မန်စီးတီး အသင်းနဲ့ ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် စပါးအသင်းအတွက် ဂိုးသွင်းနိုင်ခဲ့သလို ဂိုးလည်းဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ရီးရယ်လ် ကနေ စပါး အသင်းကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂါရတ်ဘေးလ် ဟာ စပါး အသင်းမှာလည်း ရုန်းကန်နေရတာဖြစ်ပြီး ပြိုင်ပွဲစုံ (၁၇)ပွဲသာ ပါဝင်ကစားထားကာ (၅)ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။