Spots news

ဘာပေသာ မက်ဒရစ်ကို ပြောင်းလာရင် ရော်နယ်ဒိုရဲ့ ကျောနံပါတ် ပေးမယ်

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဘာပေတစ်ယောက် လီဗာပူးပြောင်းမှာကို တားမြစ်ဖို့အတွက် ရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ နဲ့ ဆွဲဆောင်ဖို့ ပြင်ဆင်နေပါတယ်။

ပြင်သစ်သားဟာ ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲတစ်ဦးဖြစ်ပြီး ဘာစီလိုနာနဲ့ပွဲတုန်းကလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးနေပေမယ့် ဘာပေရဲ့ စာချုပ်သက်တမ်းဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ပီအက်စ်ဂျီကလည်း ဘာပေကို အသင်းမှာသာ ဆက်ထိန်းချင်နေပေမယ့် တန်ကြေးကလည်း ပေါင် ၁၇၄ သန်းလောက် သတ်မှတ်ထားပါတယ်။

“နေမာ နဲ့ ဘာ‌ပေ တို့အသင်းမှာ ဆက်နေမယ်လို့ ထင်ပါတယ်။ ကျွန်တော်လည်း ပီအက်စ်ဂျီမှာ အကြာကြီးဆက်နေချင်ပါတယ်”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ပြင်သစ်ကလာတဲ့သတင်းတွေအရ ရီးရဲလ်က ဘာ‌ပေကို အရချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဘာပေကလည်း ရီးရဲလ်အသင်းမှာ ကစားချင်နေပါတယ်။

အခြားတစ်ဖက်မှာလည်း ကလော့ပ်က ဘာပေကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဘာပေကလည်း ရီးရဲလ် ဒါမှမဟုတ် လီဗာပူးတစ်သင်းသင်းကို ပြောင်းချင်နေပါတယ်။