Spots news

TIME ရဲ့ ကမ္ဘာ့ဩဇာအရှိဆုံး ၁၀၀ စာရင်းဝင် မန်ယူတိုက်စစ်မှူး ရက်ဖိုဒ့်

Unicode Version

မန်ချက် စတာ ယူနိုက်တက် တိုက်စစ်မှူး မားကတ် ရက်ဖို့ဒ် ဟာ နာမည်ကျော် တိုင်းမ် မဂ္ဂဇင်းရဲ့ တက်သစ်စ ခေါင်းဆောင်များ အတွက် ရည်ရွယ်တဲ့ ကမ္ဘာ့ သြဇာ အရှိဆုံး ပုဂ္ဂိုလ် ( ၁၀၀ ) ဦးထဲမှာ ‌ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။

ရက်ဖို့ဒ် ဟာ ပြီးခဲ့တဲ့ နှစ်အတွင်း ကိုရိုနာ ဗိုင်းရပ် ကပ်ရောဂါ ရဲ့ ရိုက်ခတ် မှုကို ခံစားခဲ့ ရသော ချို့တဲ့တဲ့ ကလေး ငယ်တွေ အတွက် အခမဲ့ အစား အသောက်တွေ ဖန်တီးပေးဖို့ ယူကေ အစိုးရကို အောင်မြင်စွာ တိုက်တွန်း နိုင်ခဲ့ပါတယ်။

စာသင်ကျောင်း တွေ ကနေ ဆင်းရဲတဲ့ မိသားစုမှ  ကလေးတွေ အတွက် အခမဲ့‌ နေ့လည်စာ ထောက်ပံ့ ပေးလေ့ ရှိပေမယ့် ကိုရိုနာဗိုင်းရပ်ကြောင့် ကျောင်းတွေ ပိတ်ထား ရတဲ့အခါ အများစု ဒုက္ခ ရောက်ကြ ရပါတယ်။

ငယ်စဉ်က ခက်ခဲတဲ့ အခြေအနေ ကို ရင်ဆိုင်ခဲ့ရပြီး အစားအသောက် မလုံလောက်တဲ့ အတွေ့အကြုံ ကို ခံစားဖူးတဲ့ မားကတ် ရက်ဖို့ဒ်ဟာ ယခုလို အစားအသောက် ထောက်ပံ့ ပေးမှု အစီအစဉ်ရဲ့ အရေး ပါမှုကို နားလည်သူ ဖြစ်ပါတယ်။

အသက် ( ၂၃ ) နှစ်အရွယ် တိုက်စစ်မှူးဟာ ယူကေမှ ကလေးငယ်တွေ လုံလောက်တဲ့ အစား အသောက် ရရှိရေး တိုက်ပွဲကို အောင်မြင်စွာ စွမ်းဆောင် နိုင်ခဲ့တဲ့ အတွက် လူအများက ချီးကျူး ဂုဏ်ပြုခဲ့ ကြပါတယ်။