Spots news

ရီးရဲလ်ရဲ့ ဒဏ်ရာရစာရင်းမှာ ပါဝင်လာခဲ့တဲ့ တိုက်စစ်မှူး ဘန်ဇီးမား

Unicode Version

ရီးရဲလ်မက်ဒရစ်ရဲ့ တစတစ ကြီးထွားလာတဲ့ ဒဏ်ရာရ စာရင်းတွင် တိုက်စစ်မှူး ဘန်ဇီးမားပါ ပါဝင်လာတယ်လို့နည်းပြ ဇီဒန်းက သောကြာနေ့က ပြောသည်။ ပြင်သစ်တိုက်စစ်မှူးဟာ စနေညမှာ ကစားမယ့် ဗယ်လာဒိုးလစ်နဲ့ ပွဲကို လွဲချော်သွားမှာ ဖြစ်ပြီး လာမယ့်အပတ်မှာ ကစားမယ့် ချန်ပီယံလိဂ် နောက်ဆုံး ၁၆သင်းအဆင့်ကိုလည်း ပါဝင်ဖို့မသေချာ ဖြစ်နေသည်။

ဘန်ဇီးမားဟာ ပြိုင်ပွဲစုံ ရီးရဲလ်အတွက် ယခုနှစ်အတွင်း ၁၇ဂိုး သွင်းယူထားပြီး အက်သလက်တီကို မက်ဒရစ်အသင်းအောက် ဒုတိယနေရာ ရအောင် ကူညီပေးထားပါတယ်။ ပြင်သစ်နည်းပြ  ဇီဒန်းကတော့ ဘန်ဇီးမားဟာ သောကြာနေ့က ပြုလုပ်တဲ့ လေ့ကျင်ရေးမှာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် မပါဝင်ခဲ့ဘူးလို့ဒေသခံ သတင်းထောက်တွေကို ပြောပါတယ်။

“မနက်ဖြန်မှာ သူကစားမှာ မဟုတ်ပါဘူး သူမှာ ကြာသပတေးက ထိခိုက်ခဲ့တဲ့ ဒဏ်ရာရှိထားပါတယ် မနက်ဖြန်မှာ သူပါဝင်ကစားမှာ မဟုတ်ပါဘူး ကျွန်တော်တို့လာမယ့် အပတ်အထိ သူ အခြေအနေ ဘယ်လိုဖြစ်မလဲ စောင့်ကြည့်ရမှာပါ ဒဏ်ရာရတွေ ဒီအတိုင်းဘဲ ဖြစ်လာတာပါ။ ကျွန်တော်တို့ ဒဏ်ရာရတွေ များလာတာကို ရှောင်ရှားချင်ပါတယ်။

အားလုံးလည်း ကြိုးစားနေကြတယ်။ ဒါပေမဲ့ မတူညီတဲ့အချက်တွေ များနေပြီး လက်ရှိမှာ ကျွန်တော်တို့အတွက် ဒါက အဆင်မပြေနေပါဘူး။ အသင်းမှာ ဒဏ်ရာရ ကစားသမားအများအပြား ရှိနေတယ် ဒီကနေ့မှာ ကာရမ်ဖြစ်ပါတယ်။ ကျွန်တော်တို့စိတ်ရှည်သည်းခံဖို့လိုပြီး ကစားသမားတွေ ပြန်ကစားနိုင်တာကို စောင့်ရပါမယ်”ဟု ပြောပါတယ်။

ဘန်ဇီးမား မပါဝင်နိုင်မှုဟာ လာလီဂါ ချန်ပီယံတွေအတွက် ၉ယောက်မြောက် ဒဏ်ရာရမှု ဖြစ်ပြီး ရာမို့စ်၊ ဟာဇက်တို့လည်း ဒဏ်ရာရလျက် ရှိပါတယ် ဇီးဒန်းကတော့ ကစားသမားတစ်ချို့မပါဝင်နိုင်မှုမှာ သူရဲ့ အသင်းက ကစားသမားတွေကို အကောင်းဆုံး ကစားပေးဖို့တိုက်တွန်းထားပါတယ်။

“ကျွန်တော်တို့ဒဏ်ရာရတိုင်းမှာ အထိနာပါတယ်။ ကာရမ် ဘယ်လောက်ထိ ကောင်းတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ အခု သူ ဒဏ်ရာရနေတယ် ကျွန်တော်တို့အတွက် ကစားပေးနိုင်မယ့် ကစားသမားတွေအပေါ် အာရုံစိုက်ဖို့လိုပါတယ်။ ၄၅မှတ်လောက် ကစားဖို့လိုအပ်ပါသေးတယ်။ ကျွန်တော်တို့အဲဒါကို အာရုံစိုက်ဖို့လိုပါတယ် ကျွန်တော်တို့ပြိုင်ပွဲ ၂ခုမှာ ရှိနေသေးပြီး နှစ်ခုစလုံးမှာ အရိုးကြေကြေ အရည်ခမ်းခမ်း ကစားသွားရမှာပါ”ဟု ဆိုသွားခဲ့သည်။