Spots news

ဆန်ချိုကို ရောင်းချပြီး ဟာလန်းကိုပဲ ဆက်ထိန်းသွားမယ့် ဒေါ့မွန်

Unicode Version

ဒေါ့မွန်ကတော့ ဂျေဒန်ဆန်ချိုနဲ့ အာလင်းဟာလန်းတို့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေများစွာကနေ အပြိုင်စိတ်ဝင်စားနေကြတာကြောင့် လာမယ့်နွေစျေးကွက်အတွင်းမှာ ဒေါ့မွန်ဘက်ကနေ

တောင်ပံကစားသမား ဆန်ချိုကိုပဲ အသင်းကနေ လက်လွတ်လိုက်ဖွယ် ရှိနေကာ ဟာလန်းကိုတော့ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းဖွယ် ရှိနေတယ်လို့ ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

လူငယ်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ဟာလန်းတို့နှစ်ယောက်ဟာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ပြီး လက်ရှိမှာဆိုရင်တော့ ဟာလန်းက ဆန်ချိုထက် အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လို့နေရပါတယ်။

အသက်(၂၀)အရွှယ်သာ ရှိနေသေးတဲ့ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ(၂၄)ပွဲ ပါဝင်ကစားထားခဲ့ပြီး

(၂၅)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့သလို ဒီရာသီရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာလည်း သွင်းဂိုး(၈)ဂိုးနဲ့ ထိပ်ဆုံးနေရာကနေ ရပ်တည်လို့နေပါတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ ဟာလန်းကို ဥရောပရဲ့ နာမည်ကြီးကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလျက်ရှိနေပြီး ဒေါ့မွန်ဘက်ကနေ ဟာလန်းကို ခေါ်ယူခဲ့စဉ်တုန်းက ထည့်သွင်းခဲ့တဲ့

လျော်ကြေးစာချုပ်ဟာလည်း ဒီနှစ်နွေစျေးကွက်အတွင်းမှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အသင်းများစွာကနေ ဟာလန်းကို စိတ်ဝင်စားလာခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒေါ့မွန်ဘက်က ဟာလန်းထက် ဆန်ချိုကိုပဲ အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတယ်လို့ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက်(၂၀)အရွှယ်ရှိ ဆန်ချိုဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းက

မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပြီး ဒေါ့မွန်ဘက်က အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးကို ယူနိုက်တက်ဘက်က မပေးချေနိုင်ခဲ့တာကြောင့် ဒေါ့မွန်မှာပဲ ကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ ယူနိုက်တက်ဘက် ဆန်ချိုကို ဆက်လက်စိတ်ဝင်စားနေဆဲဖြစ်ပြီး နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေ ပြန်လည်ပြုလာဖွယ် ရှိလာနိုင်တာကြောင့် ဒေါ့မွန်ဘက်က ဟာလန်းထက် ဆန်ချိုကိုပဲ ရောင်းချသွားနိုင်ပါတယ်။