Spots news

ဘာပေကို ဆုံးရှုံးခဲ့ရပါက ဟာရီကိန်းနဲ့ အစားထိုးဖို့ကြိုးစားမယ့် ပီအက်စ်ဂျီ

Unicode Version

ဗြိတိန်နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ Mirror သတင်းစာကနေ ဖော်ပြလာချက်များအရ ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့

ပြင်သစ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို အသင်းကနေ လက်လွတ်ဆုံးရှုံးရမယ်ဆိုရင် စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းနဲ့ ပြန်လည်အစားထိုးသွားမယ်လို့ သိရှိရပါတယ်။

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားဘာပေဟာ လာမယ့်၂၀၂၂ခုနှစ်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို လက်ရှိအချိန်ထိလည်း အသင်းဘက်ကနေ ကမ်းလှမ်းထားတဲ့ သက်တမ်းတိုးကမ်းလှမ်းမှုအပေါ် ဘာမှတုံ့ပြန်ခြင်း မရှိသေးတာဖြစ်ပါတယ်။

ဒီလိုအခြေအနေရှိနေတဲ့ ဘာပေကို ရီးရဲလ်မက်ဒရစ် လီဗာပူးလ်အသင်းတို့ကနေ အပြိုင်ပစ်မှတ်ထားနေကြပြီး တကယ်လို့သာ လာမယ့်နွေစျေးကွက်အတွင်း ဘာပေကို လက်လွတ်လိုက်ရမယ်ဆိုရင်

သူရဲ့နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် စပါးအသင်းရဲ့တိုက်စစ်မှူး ဟာရီကိန်းကို ပြန်လည်ခေါ်ယူနိုင်တယ်လို့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ ၂၀၂၄ခုနှစ်အထိ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ရှိနေသေးသူဖြစ်ပေမယ့်လည်း

သူရဲ့တစ်ပတ်လုပ်က ပေါင်(၂)သိန်းသာ ရရှိနေတဲ့အပေါ် ကိန်းကိုယ်တိုင် စိတ်ပျက်နေတာကြောင့် လစာများများ ပေးချေနိုင်မယ့် ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေပါတယ်။

ဟာရီကိန်းကို မန်ချက်စတာအခြေစိုက် ကလပ်အသင်း(၂)သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကနေလည်း အပြိုင်စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်နွေမှာ ဆာဂျီယိုအဂွဲရိုးကို လက်လွတ်ရဖွယ် ရှိလို့နေတဲ့ မန်စီးတီးက အဂွဲရိုးရဲ့နေရာအတွက် ဟာရီကိန်းကို အလိုရှိနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဟာရီကိန်းကို မန်ချက်စတာအသင်း(၂)သင်းနဲ့အပြိုင် ပီအက်စ်ဂျီအသင်းကပါ ထပ်မံပစ်မှတ်ထားလာခဲ့ပြီး ပီအက်စ်ဂျီနည်းပြ မာရီစီယိုပိုချက်တီနိုအနေနဲ့ကလည်း သူရဲ့တပည့်ဟောင်း ကိန်းကို အသင်းဆီ အရခေါ်ယူချင်နေပါတယ်။

စပါးအသင်းဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၅၀) သတ်မှတ်ထားပြီး ဒီပမာဏကနေတော့ လျှော့ချပေးသွားဖွယ် မရှိနိုင်ဘူးလို့ သိရှိရပါတယ်။