Spots news

နည်းပြမော်ရင်ဟိုရဲ့ နေရာကို အစားထိုးဖို့ ပြင်ဆင်နေတဲ့ တော့တင်ဟမ်

Unicode Version

တော့တင်ဟမ် အသင်း တာဝန်ရှိ သူတွေ ကတော့ စွမ်းဆောင်ရည် တွေ ဆက်လက် ကျဆင်းမယ်ဆိုရင် မော်ရင်ဟို နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေတယ် လို့ သိရ ပါတယ်။ တော့တင်ဟမ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ အနိုင် ရရှိခဲ့ပြီး ၅ ပွဲအထိ အရေးနိမ့် ထားခဲ့တာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းကို အရေးနိမ့် ခဲ့တာကြောင့် တော့တင်ဟမ် ဟာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ၉ မှတ်အထိ ကွာဟခဲ့ သလို အက်ဖ်အေ ဖလား မှာလည်း အဲဗာတန်ကို အရေးနိမ့် ထားခဲ့တာ ဖြစ်ပါတယ်။ တယ်လီဂရက်ဖ် သတင်းဌာန ကတော့ မော်ရင်ဟိုအတွက် တော့တင်ဟမ်ဟာ ၁၂ ရက်အချိန်ပေးထား တယ်လို့ ဖော်ပြခဲ့ ပါတယ်။

တော့တင်ဟမ် ဥက္ကဌ လီဗိုင်း ကလည်း ပေါ်တူဂီသား နည်းပြအပေါ်  စိတ်ပျက် လာခဲ့တယ် လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် မော်ရင်ဟို နေရာ အတွက် လိုက်ပ်ဇစ် နည်းပြ နာဂယ်စမန်းကို အစားထိုးဖို့ ပြင်ဆင် နေပါတယ်။ အသက် ၃၃ နှစ်သား ဟာ လိုက်ပ်ဇစ် အသင်းကို ချန်ပီယံလိဂ်မှာ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့ ပါတယ်။

ချဲလ်ဆီး အသင်း ကလည်း တူချယ်ကို မခန့်အပ်ခင် နာဂယ်စမန်းကို ချဉ်းကပ်ခဲ့ သေးတာ ဖြစ်ပါတယ်။ နာဂယ်စမန်းကို ဘိုင်ယန် နဲ့ ရီးရဲလ်အသင်း တို့ကလည်း ချိတ်ဆက်ခဲ့ သေးတာ ဖြစ်ပါတယ်။ တော့တင်ဟမ် ကတော့ လက်စတာအသင်း နည်းပြ ရော်ဂျာ ကိုလည်း ချိတ်ဆက် နေတာ ဖြစ်ပါတယ်။