Unicode Version
သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ လာမယ့်နွေရာသီအတွင်း ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အသက် ၂၀ အရွယ်ရှိ နော်ဝေလက်ရွေးစင် ဟာလန်းဟာ ကမ္ဘာ့ ဘောလုံးလောကရဲ့ အကောင်းဆုံး လူငယ် တိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ်ခံထားရပြီး ယခုရာသီမှာ ဒေါ့မွန်အတွက် ၂၅ပွဲကစား၊ ၂၇ဂိုအးထိ သွင်းယူထားပါတယ်။
ချဲလ်ဆီး၊ ရီးရဲလ်၊ မန်စီးတီးနဲ့ ဘာစီလိုနာတို့အပါအဝင် အသင်းကြီး အများစုက ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေးကလည်း လာမယ့်နွေရာသီဆိုရင် ပေါင် ၆၈ သန်းနဲ့ အသက်ဝင် လာမှာဖြစ်ပါတယ်။
ဒေါ့မွန်ရဲ့ဘဏ္ဍာရေး အခြေအနေ မတည်မငြိမ်ဖြစ်နေမှုကြောင့် အသင်းဘက်က လာမယ့်နွေရာသီအတွင်း ဟာလန်းကို ထုတ်ရောင်း ရဖွယ်ရှိနေပြီး ရာသီသစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးရဖို့လည်း ဖြစ်နိုင်ခြေ များနေပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၀ ဇန်နဝါရီလက ဆဲလ်ဘတ် ကနေ ဒေါ့မွန်ကို မပြောင်းရွှေ့ခင် တုန်းက ဟာလန်းကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ဖူးပြီး ယခုလည်း အသင်းပိုင်ရှင်တွေရဲ့ ဘဏ္ဍာရေးထောက်ပံ့ ပေးမှုနဲ့အတူ နွေရာသီမှာ ထပ်မံကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။