Spots news

ပြိုင်ပွဲမပြီးဆုံးသေးပါဘူးဆိုပြီး ဂွါဒီယိုလာကို သတိပေးလိုက်တဲ့ ဆိုးလ်ရှား

Unicode Version

ယူနိုက်တက် အသင်းဟာ ယမန်နေ့က နယူးကာဆယ် အသင်းကို ရက်ရ်ှဖို့ဒ်ရဲ့ ဂိုးနဲ့  ဦးဆောင်နိုင်ခဲ့ပေမယ့် စိန့်မက်ဆီမင် ရဲ့ ချေပဂိုးကြောင့် ပြန်လိုက် ကစားခဲ့ရပြီး နောက်ဆုံးမှာ ဖာနန်ဒက်စ်၊ ဒန်နီရယ် ဂျိမ်းစ်တို့ရဲ့ ဂိုးတွေနဲ့အတူ ဂိုးပြတ် အနိုင် ရခဲ့ပါတယ်။

တစ်ဖက်မှာတော့ မန်စီးတီးအသင်းဟာတနင်္ဂနွေနေ့က ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်းကို အနိုင်ရပြီးနောက်အမှတ်ပေး ဇယားမှာ ပြိုင်ဘက် ယူနိုက်တက်အသင်းကို ၁၀မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။

နည်းပြဆိုးလ်ရှား ကတော့ ပရီးမီးယားလိဂ် ဆုဖလားအတွက် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲဟာ မပြီးဆုံးသေးဘဲ ဆက်လက် စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ တစ်ခုခု ဖြစ်လာ နိုင်သေးကြောင်း ပြောထားပါတယ်။

နည်းပြဆိုးလ်ရှား က “ပြိုင်ပွဲပြီးဆုံးသွားပြီလို့ ကျွန်တော် ဘယ်တုန်းကမှ မပြောဆိုခဲ့ပါဘူး။ကျွန်တော်တို့ ဟာ ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံး ဆက်လက် လုပ်ကိုင်နေကြပါတယ်။ ရာသီကုန်ချိန် အထိ ဆက်လက် ယှဉ်ပြိုင်သွားရမှာပါ။

ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သက်လို့ အသင်းအချို့ရဲ့ အဖြစ်အပျက် နမူနာအချို့ကို ကျွန်တော်တို့ သိရှိ ထားပါတယ်။ နောက်ကနေ ကျော်တက် နိုင်ခဲ့တဲ့ ဥပမာတွေ အများကြီး ရှိပြီး တစ်ခုခု ဖြစ်လာဖို့ ကိုယ့်အလုပ်ကိုယ် လုပ်ရပါမယ်။

ကျွန်တော်တို့ အနေနဲ့ လာမယ့် ပွဲစဉ်တွေအကြောင်းပဲ စဉ်းစားရမှာပါ။ ကျွန်တော်တို့ အမှတ်ကွာနေလို့ ရှုံးမယ်ဆိုတာ တွေးထားလို့ မရပါဘူး။ ပွဲစဉ်တွေ အများကြီး ကျန်ပါသေးတယ်”ဆိုပြီး ပြောထားပါတယ်။

ယူနိုက်တက် အသင်းဟာ အမှတ်ပေးဇယား ဒုတိယ နေရာမှာ ရပ်တည်နေပြီး၊ ကြားရက်မှာ ယူရိုပါလိဂ် (၃၂) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဆိုစီဒက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။အဲဒီပွဲပြီးရင်တော့ ချယ်လ်ဆီး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။