Spots news

အန်ဆူဖာတီအတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ဘာစီလိုနာပယ်ချ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ ဘာစီလိုနာ ကြယ်ပွင့်ကစားသမား အန်ဆူဖာတီကို ပေါင်သန်း ( ၁၃၀ ) တန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရကြောင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

အသက် ( ၁၈ ) နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီက ဘာစီလိုနာအသင်းနဲ့ အတူ ခြေစွမ်းပြကစားခဲ့ပြီး ( ၃၃ ) ပွဲမှာ ( ၈ ) ဂိုး သွင်းယူခဲ့ပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုရရှိခဲ့ပါတယ်။

ဘာစီလိုနာအခြေစိုက် Mundo Deportivo သတင်းစာအရ ဖာတီရဲ့ အလားအလာရှိတဲ့ ခြေစွမ်းကြောင့် ယူနိုက်တက်က ယခုလို မြှင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းမှု

ပြုလုပ်ခဲ့တာလို့ ဆိုထားပါတယ်။ ဘာစီလိုနာ ဥက္ကဌဟောင်း ဘာတိုမြူက အသင်းရဲ့ အတောက်ပဆုံး ကြယ်ပွင့်ကစားသမားကို လက်မလွတ်လိုတဲ့ အတွက် အဆိုပါ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

အဆိုပါ ပြောင်းရွေ့ကြေးကြောင့် ဖာတီအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ နေမာ နှင့် အမ်ဘာပေတို့ပြီးနောက် တတိယမြောက် ကမ္ဘာ့တန်ဖိုးအမြင့်မားဆုံး  ကစားသမား ဖြစ်လာဖို့ နီးစပ်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာ အခြေစိုက် နောက်ထပ် သတင်းစာတစ်စောင်ဖြစ်တဲ့ Sport အပါအဝင် စပိန်အခြေစိုက် အားကစားဂျာနယ် တွေကလည်း ယူနိုက်တက် အနေနဲ့ ဘာစီလိုနာ ကြယ်ပွင့်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း ယခင်က ဖော်ပြခဲ့ကြဖူးပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ဖာတီရဲ့ ဒဏ်ရာပြဿနာနဲ့ အတူ ရလာဒ်ဆိုးရွားမှုတွေ  ကြုံတွေ့ခဲ့ရပါတယ်။ ဖာတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘဘာလ ( ၇ ) ရက်နေ့ ရီးရဲဘက်တစ် အသင်းကို ( ၅ – ၂ ) အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ

ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ခွဲ့စိတ်မှုပြုလုပ်ခဲ့ရပြီး လပေါင်းများစွာ အနားယူနေခဲ့ရပါတယ်။ ဖာတီအနေနဲ့ ယခုနှစ်ရာသီအစမှာ ခြေစွမ်းပြ ကစားခဲ့ပြီး ( ၁၂ ) ပွဲမှာ ( ၅ ) ဂိုး သွင်းယူခဲ့ပါတယ်။