Spots news

ဒီမိုကရေစီတိုက်ပွဲဝင် မြန်မာပြည်သူတွေအတွက်ဆုတောင်းပေးတဲ့ ဂါရတ်ဘေး

Unicode Version

တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဂါရတ်ဘေးက လက်ရှိမှာ ခက်ခဲတဲ့ နိုင်ငံရေးအ‌ခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ( ၈ )စက္ကန့်ကြာ ဗီဒီယို တစ်ခုနဲ့အတူ အားပေးစကား ပြောကြားခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ကို Thiha Maung Maung လို့ အမည်ရတဲ့ ဖေ့ဘွတ်ခ် အကောင့်ကနေ ဖေဖော်ဝါရီ ( ၂၃ ) ရက်နေ့မှာ စတင်မျှဝေခဲ့တာ ဖြစ်ပြီး စပါးအသင်း နှင့် ဂါရတ်ဘေးထံမှ အဆိုပါ ပုဂ္ဂိုလ်ဆီ တိုက်ရိုက် ပေးပို့ခဲ့တာလို့ သိရပါတယ်။

Thiha Maung Maung က “Tottenham Hotspur ကစားသမား Gareth Bale မှ မြန်မာပြည်အတွက် အားပေးစကားပါ၊ Original Source က ကျွန်တော်ပါ Spur က ကျွန်တော်ဆီ တိုက်ရိုက် ပို့ပေးတာပါ ။” ဟုရေးသားပြီး အဆိုပါ ဗီဒီယိုကို မျှဝေခဲ့တာ တွေ့ရပါတယ်။

ဂါရတ်ဘေးက အဆိုပါ ဗီဒီယိုမှတဆင့် “ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ ပရိသတ်တွေ အားလုံးအတွက် သတင်းစကား ပါးလိုပါတယ်။ ယခုလို ခက်ခဲတဲ့ အချိန်ကာလမှာ ဘေးအန္တရာယ်ကင်းပြီး ကျန်းကျန်းမာမာ ရှိဖို့ ဆုတောင်း ပေးပါတယ်။ ခင်ဗျားတို့ရဲ့ ခမ်းနားလှတဲ့ အားပေးမှုအတွက် ကျေးဇူး တင်ပါတယ်။” ဟု ပြောဆိုခဲ့ပါတယ်။