Spots news

လီဗာပူးအသင်း အမြင့်ကပြုတ်ကျပါပြီဆိုတဲ့ မိုက်ကယ်အိုဝင်

Unicode Version

အဲဗာတန်ကို အန်ဖီးတွင် ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လီဗာပူး အသင်း၏ အခြေအနေမှာ
ဆိုးသည်ထက်ပို၍ ဆိုးလာပြီ ဖြစ်ကြောင်း မိုက်ကယ်အိုဝင်က ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

“လီဗာပူး အသင်းဟာ အသင်းကောင်း တစ်သင်းအဖြစ် ဆက်ရှိ နေတယ်လို့ ကျွန်တော်တို့
သိထားခဲ့ပါတယ်။ သူတို့ဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ

ပရီးမီးယားလိဂ်နဲ့ ဥရောပကို လွှမ်းမိုးနိုင်တဲ့ခေတ် ရောက်လာတယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် အခု အခြေအနေ တွေက ရယ်စရာ တောင် ဖြစ် နေပါပြီ။

လီဗာပူးက အခြေအနေ ဆိုးနေတာ မဟုတ်ပါဘူး။ သူတို့ဟာ အမြင့်က ပြုတ်ကျ လာသလိုတောင် ဖြစ်နေပါတယ်။ သိပ်ကောင်းနေတဲ့အသင်းကနေ

ဂိုးမသွင်းနိုင်တဲ့ အသင်းအဖြစ်ကို ချက်ချင်းပြောင်းလဲသွားပါတယ်”ဟု အသင်းသားဟောင်း  မိုက်ကယ် အိုဝင်က ဝေဖန်ပြောဆို ခဲ့ပါတယ်။

လီဗာပူး အသင်းဟာ အန်ဖီးတွင် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခြင်း အပါအဝင် ၂၀၂၁ ခုနှစ် အတွင်းတွင်
စုစုပေါင်း ၆ ပွဲ ရှုံးနိမ့် ခဲ့ပါတယ်။ ထို့အပြင် ၂၀၂၁ အတွင်းတွင် ပုံမှန် ပွဲကစားချိန် အတွင်း
ဂိုးသွင်းယူ နိုင်ခြင်း မရှိသေးချေ။

လီဗာပူး အ‌နေနဲ့ လက်ရှိ အခြေအနေမှာ အသင်းခေါင်းဆောင် ဟန်ဒါဆန် ဒဏ်ရာရခြင်း
အပါအဝင် ဒဏ်ရာ ပြဿနာ များကို ဆိုးဝါးစွာ ကြုံတွေ့နေရပြီး အခက်အခဲများကို
ရင်ဆိုင်နေရတာပါ ။

မန်နေဂျာ ကလော့ပ် အနေဖြင့် ပရီးမီးယားလိဂ် ထိပ်ဆုံး လေးသင်းစာရင်း ဝင်ရန် ကိုပင် အပြင်းအထန် ကြိုးစား သွားရဖွယ် ရှိနေတာ လဲ ဖြစ်ပါတယ်။