Spots news

မန်ယူနဲ့ လမ်းခွဲလိုက်တဲ့ ရော်နယ်ဒိုကို အလွတ်နဲ့ ခေါ်ဖို့ ချိတ်ဆက်လာတဲ့ ပရီးမီးယားလိဂ် ကလပ်

Unicode Version

နယူးကာဆယ်က ယမန်နေ့ညမှာပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး ဂုတ်ကြီး ခရစ္စတီယာနို ရော်နယ်ဒိုကို အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာန များက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ရော်နယ်ဒိုက ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူးမှာ မန်ယူနိုက်တက်ရဲ့ တာဝန်ရှိသူ တချို့ကို သစ္စာဖောက်တွေလို့ ဝေဖန်ခဲ့သလို ယူနိုက်တက်ဟာ ပြိုင်ဘက်တွေရဲ့ အနောက်မှာ ကျန်နေခဲ့ကာ သူဟာလဲ အသင်းရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ကို မလေးစားဘူးလို့ အတိအလင်း ထုတ်ပြောခဲ့ပါတယ်။

အဲ့ဒီ အင်တာဗျူးကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရော်နယ်ဒိုကို စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်မှုနဲ့ စာချုပ် ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့ပြီး ရော်နယ်ဒိုကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းမယ့် အစီအစဉ်ကို သဘောတူခဲ့ပါတယ်။

ဒါကြောင့် ယနေ့မနက် အစောပိုင်းမှာပဲ ရ်ေုနယ်ဒိုက ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းကာ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်လာပြီး ရော်နယ်ဒိုကို ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ခေါ်ယူချင်နေတဲ့ ကလပ်အသင်း တချို့က ရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ထံ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေပါတယ်။

ရော်နယ်ဒိုနဲ့ နီးစပ်တဲ့ သတင်းတွေရဲ့ ဖော်ပြချက်တွေအရ လက်ရှိအချိန်မှာ နယူးကာဆယ်နဲ့ ဆော်ဒီကလပ် တခု ဖြစ်တဲ့ အယ်နက်ဆာတို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပြီး ရော်နယ်ဒိုကလည်း အဆိုပါ ၂သင်းအနက် ၁သင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Zawgyi Version

နယူးကာဆယ္က ယမန္ေန႕ညမွာပဲ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ စာခ်ဳပ္ဖ်က္သိမ္းခဲ့တဲ့ ဝါရင့္ တိုက္စစ္မႉး ဂုတ္ႀကီး ခရစၥတီယာနို ေရာ္နယ္ဒိုကို အလြတ္နဲ႕ ေခၚယူဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း ဥေရာပ အေျခစိုက္ သတင္းဌာန မ်ားက အခိုင္အမာ ေဖာ္ျပသြားၾကပါတယ္။

ေရာ္နယ္ဒိုက ပီယာ့စ္ ေမာ္ဂန္နဲ႕ အင္တာဗ်ဴးမွာ မန္ယူနိုက္တက္ရဲ႕ တာဝန္ရွိသူ တခ်ိဳ႕ကို သစၥာေဖာက္ေတြလို႔ ေဝဖန္ခဲ့သလို ယူနိုက္တက္ဟာ ၿပိဳင္ဘက္ေတြရဲ႕ အေနာက္မွာ က်န္ေနခဲ့ကာ သူဟာလဲ အသင္းရဲ႕ နည္းျပခ်ဳပ္ အဲရစ္ တန္ဟက္ကို မေလးစားဘူးလို႔ အတိအလင္း ထုတ္ေျပာခဲ့ပါတယ္။

အဲ့ဒီ အင္တာဗ်ဴးေၾကာင့္ပဲ မန္ခ်က္စတာ ယူနိုက္တက္က ေရာ္နယ္ဒိုကို စာခ်ဳပ္ပါ အခ်က္အလက္မ်ားကို ခ်ိဳးေဖာက္မႈနဲ႕ စာခ်ဳပ္ ဖ်က္သိမ္းဖို႔ လုပ္ေဆာင္ခဲ့ၿပီး ေရာ္နယ္ဒိုကလည္း မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းမယ့္ အစီအစဥ္ကို သေဘာတူခဲ့ပါတယ္။

ဒါေၾကာင့္ ယေန႕မနက္ အေစာပိုင္းမွာပဲ ရ္ေုနယ္ဒိုက ယူနိုက္တက္နဲ႕ စာခ်ဳပ္ဖ်က္သိမ္းကာ အသင္းလက္မဲ့ ကစားသမား တဦး ျဖစ္လာၿပီး ေရာ္နယ္ဒိုကို ကမာၻ႔ဖလားၿပိဳင္ပြဲ အၿပီးမွာ ေခၚယူခ်င္ေနတဲ့ ကလပ္အသင္း တခ်ိဳ႕က ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့စ္ မန္ဒက္ထံ ခ်ိတ္ဆက္မႈေတြ လုပ္ေဆာင္ေနပါတယ္။

ေရာ္နယ္ဒိုနဲ႕ နီးစပ္တဲ့ သတင္းေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ လက္ရွိအခ်ိန္မွာ နယူးကာဆယ္နဲ႕ ေဆာ္ဒီကလပ္ တခု ျဖစ္တဲ့ အယ္နက္ဆာတို႔က ေရာ္နယ္ဒိုကို ေခၚယူဖို႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္ထားၿပီး ရိုနယ္ဒိုကလည္း အဆိုပါ ၂သင္းအနက္ ၁သင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။