Spots news

မန်ယူနိုက်တက်ကို ၁၀ ဘီလျံကျော် အသုံးပြုပြီး ဂလေဇာထံက ဝယ်ယူတော့မယ့် ပိုင်ရှင်သစ်

Unicode Version

ဒူဘိုင်းမြို့ရဲ့ ဘီလီယံနာ သန်းကြယ်သူဌေး တဦးဟာ မန်ချက်စတာ ယူနိုက်တက်ကို မက်မောလောက်စရာ ငွေကြေးပမာဏ တရပ် ဖြစ်တဲ့ ပေါင် ၁၀ ဘီလီယံ ဝန်းကျင် အထိ အသုံးပြုကာ ဝယ်ယူရန် စဉ်းစားနေကြောင်း နာမည်ကြီး အာရပ် သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ၂၀၀၃ခုနှစ်မှာ ပေါင် ၇၆၀သန်း ဝန်းကျင် အသုံးပြုကာ ဝယ်ယူခဲ့တာ ဖြစ်ပြီး အသင်းကို ဆယ်စုနှစ် ၂ ခုနီးပါး ပိုင်ဆိုင်ခဲ့ပြီးနောက် ယခု ၂၀၂၂ခုနှစ် အတွင်းမှာပဲ ယူနိုက်တက်ကို ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

ဂလေဇာမိသားစုက အသင်းရဲ့ ကျော်ကြားမှုကို အသုံးချကာ သူတို့ရဲ့ အခြား စီးပွားရေးလုပ်ငန်းတွေရဲ့ ပုံရိပ်တွေကို မြှင့်တင်ခဲ့သလို အသင်းဆီ ငွေကြေး ထပ်ထည့်ခြင်း မရှိပဲ အသင်းပိုင် ငွေကြေးတွေထဲက တနှစ်ကို ပေါင် ၅၀သန်း ဝန်းကျင် အမြတ်ငွေ အဖြစ် ထုတ်ကာ သူတို့ရဲ့ အိတ်ကပ်ထဲကို ထည့်လေ့ ရှိပါတယ်။

ဒါကြောင့်ပဲ ယူနိုက်တက် ပရိသတ်တွေက ဂလေဇာမိသားစုကို အသင်းကနေ ထွက်သွားဖို့ စဉ်ဆက်မပြတ် ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး ဂလေဇာမိသားစုကလည်း ယူနိုက်တက်ဆီ ကနေ ရရှိနေတဲ့ တနှစ် ပေါင် ၅၀သန်း ပမာဏထက် တခါထဲ အပြီး ရောင်းချကာ ရလာမယ့် ပေါင် ၅ဘီလီယံ ဝန်းကျင်ကို ပိုမို မက်မောနေပါတယ်။

လက်ရှိမှာတော့ ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၅ဘီလီယံနဲ့ ပေါင် ၆ဘီလီယံကြား ပမာဏ တရပ်နဲ့ ရောင်းချဖို့ ဈေးခေါ်ထားပြီး ယူနိုက်တက်ဟာ ကမ္ဘာပေါ်မှာ ပရိသတ် အင်အား အများဆုံး အသင်းတွေထဲက တသင်း ဖြစ်တာကြောင့် ကမ္ဘာတလွှားမှာ ရှိတဲ့ ဘီလီယံနာတွေက ဝယ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

လက်ရှိမှာ ဒူဘိုင်းစော်ဘွား တဦးက ပေါင် ၁၀ဘီလီယံ နီးပါး အသုံးပြုကာ ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး အဆိုပါ ဒူဘိုင်းစော်ဘွားဟာ မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၆ဘီလီယံ ဝန်းကျင်နဲ့ ဝယ်ယူကာ လက်ကျန် ၄ဘီလီယံကိုတော့ အသင်းအတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ လျာထားကြောင်းလည်း သိရပါတယ်။

Zawgyi Version

ဒူဘိုင္းၿမိဳ႕ရဲ႕ ဘီလီယံနာ သန္းၾကယ္သူေဌး တဦးဟာ မန္ခ်က္စတာ ယူနိုက္တက္ကို မက္ေမာေလာက္စရာ ေငြေၾကးပမာဏ တရပ္ ျဖစ္တဲ့ ေပါင္ ၁၀ ဘီလီယံ ဝန္းက်င္ အထိ အသုံးျပဳကာ ဝယ္ယူရန္ စဥ္းစားေနေၾကာင္း နာမည္ႀကီး အာရပ္ သတင္းဌာနက အခိုင္အမာ ေဖာ္ျပသြားခဲ့ပါတယ္။

ဂေလဇာမိသားစုက မန္ခ်က္စတာ ယူနိုက္တက္ကို ၂၀၀၃ခုႏွစ္မွာ ေပါင္ ၇၆၀သန္း ဝန္းက်င္ အသုံးျပဳကာ ဝယ္ယူခဲ့တာ ျဖစ္ၿပီး အသင္းကို ဆယ္စုႏွစ္ ၂ ခုနီးပါး ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ယခု ၂၀၂၂ခုႏွစ္ အတြင္းမွာပဲ ယူနိုက္တက္ကို ျပန္လည္ ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္ထားပါတယ္။

ဂေလဇာမိသားစုက အသင္းရဲ႕ ေက်ာ္ၾကားမႈကို အသုံးခ်ကာ သူတို႔ရဲ႕ အျခား စီးပြားေရးလုပ္ငန္းေတြရဲ႕ ပုံရိပ္ေတြကို ျမႇင့္တင္ခဲ့သလို အသင္းဆီ ေငြေၾကး ထပ္ထည့္ျခင္း မရွိပဲ အသင္းပိုင္ ေငြေၾကးေတြထဲက တႏွစ္ကို ေပါင္ ၅၀သန္း ဝန္းက်င္ အျမတ္ေငြ အျဖစ္ ထုတ္ကာ သူတို႔ရဲ႕ အိတ္ကပ္ထဲကို ထည့္ေလ့ ရွိပါတယ္။

ဒါေၾကာင့္ပဲ ယူနိုက္တက္ ပရိသတ္ေတြက ဂေလဇာမိသားစုကို အသင္းကေန ထြက္သြားဖို႔ စဥ္ဆက္မျပတ္ ဆႏၵျပ ေတာင္းဆိုခဲ့ၾကတာ ျဖစ္ၿပီး ဂေလဇာမိသားစုကလည္း ယူနိုက္တက္ဆီ ကေန ရရွိေနတဲ့ တႏွစ္ ေပါင္ ၅၀သန္း ပမာဏထက္ တခါထဲ အၿပီး ေရာင္းခ်ကာ ရလာမယ့္ ေပါင္ ၅ဘီလီယံ ဝန္းက်င္ကို ပိုမို မက္ေမာေနပါတယ္။

လက္ရွိမွာေတာ့ ဂေလဇာမိသားစုက မန္ခ်က္စတာ ယူနိုက္တက္ကို ေပါင္ ၅ဘီလီယံနဲ႕ ေပါင္ ၆ဘီလီယံၾကား ပမာဏ တရပ္နဲ႕ ေရာင္းခ်ဖိဳ႕ ေဈးေခၚထားၿပီး ယူနိုက္တက္ဟာ ကမာၻေပၚမွာ ပရိသတ္ အင္အား အမ်ားဆုံး အသင္းေတြထဲက တသင္း ျဖစ္တာေၾကာင့္ ကမာၻတလႊားမွာ ရွိတဲ့ ဘီလီယံနာေတြက ဝယ္ယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။

လက္ရွိမွာ ဒူဘိုင္းေစာ္ဘြား တဦးက ေပါင္ ၁၀ဘီလီယံ နီးပါး အသုံးျပဳကာ ဝယ္ယူဖို႔ စိတ္ဝင္စားေနၿပီး အဆိုပါ ဒူဘိုင္းေစာ္ဘြားဟာ မန္ခ်က္စတာ ယူနိုက္တက္ကို ေပါင္ ၆ဘီလီယံ ဝန္းက်င္နဲ႕ ဝယ္ယူကာ လက္က်န္ ၄ဘီလီယံကိုေတာ့ အသင္းအတြက္ ရင္းႏွီးျမႇုပ္ႏွံမႈေတြ ျပဳလုပ္ဖို႔ လ်ာထားေၾကာင္းလည္း သိရပါတယ္။