Spots news

သူငယ်ချင်းဟောင်းနဲ့ အသင်းတို့ လမ်းခွဲမှုကို သဘောထားကြီးစွာ မှတ်ချက်ပေးလိုက်တဲ့ ရွန်းနီ

Unicode Version

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား ဝိန်းရွန်နီကတော့ သု့ရဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်ဒို နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ၂ ဦး သဘောတူ လမ်းခွဲမှု နဲ့ ပတ်သက်ပြီး အံ့သြစရာ ဘာမှ မရှိပါဘူးလို့ ပြောဆို သွားခဲ့ပါတယ်။ ရော််နယ်ဒိုနဲ့ ယူနိုက်တက်တို့ဟာ ယနေ့မနက်မှာပဲ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်း ခဲ့ပါပြီ။

ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား မစခင် တပတ် အလိုမှာ ပီယာ့စ် မော်ဂန် နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူး ကို ချပြခဲ့ပြီး ပိုင်ရှင်တွေ ရဲ့ ပံ့ပိုးမှု အားနည်းတာ ၊ အသင်းက အဆင့်မြှင့်တင်မှုတွေ ဘာမှ မပြုလုပ်ထားတာ စတဲ့ ကောင်းတဲ့အကြောင်းတွေ ပါခဲ့သလို သူ့အပေါ် ဝေဖန်ပြောဆိုမှုတွေ ၊ နည်းပြ နဲ့ အဆင်မပြေတဲ့ အကြောင်းအရာတွေ ကိုပါ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

အဲ့ဒီ အင်တာဗျူးကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ရော်နယ်ဒိုကို စာချုပ်ပါ အချက်အလက်များကို ချိုးဖောက်မှုနဲ့ စာချုပ် ဖျက်သိမ်းဖို့ လုပ်ဆောင်ခဲ့ပြီး ရော်နယ်ဒိုကလည်း မန်ချက်စတာ ယူနိုက်တက်ရဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းမယ့် အစီအစဉ်ကို သဘောတူခဲ့ပါတယ်။

ရော်နယ်ဒို ယူနိုက်တက် မှာ ပထမဆုံးအကြိမ် ကစားခဲ့စဉ်တုန်းက အသင်းဖော် ဖြစ်ခဲ့ဖူးတဲ့ ဝိန်းရွန်းနီ ကတော့ ဒီလို ရလဒ် ထွက်လာမှု အတွက် မအံ့သြကြောင်းနဲ့ ရော်နယ်ဒို ရဲ့ အင်တာဗျူး ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ရွေးချယ်စရာ လမ်းမရှိအောင် ဖြစ်စေခဲ့တယ်လို့ ပြောဆိုသွားခဲ့ ပါတယ်။

“ကျွန်တော် အံ့အားသင့်မိလား ? လုံးဝပါပဲ ။ ကလပ်ဘက်က ရွေးစရာ လမ်းမရှိတော့ပါဘူး ။ ရိုနယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် မှာ နာမည်ကောင်း ၊ မှတ်တမ်းကောင်းတွေ ရှိခဲ့တဲ့သူပါ ၊ ဒီလိုမျိုး လမ်းခွဲရတာ ရှက်စရာပါပဲ ။ ကျွန်တော် ကတော့ သူ ဘယ်ကိုပဲ ရောက်ရောက် အကောင်းဆုံး ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်” လို့ ပြောခဲ့ပါတယ်။

ရွန်းနီဟာ ရော်နယ်ဒို အင်တာဗျူးထဲမှာ ထည့်ပြော ဝေဖန်ခဲ့တဲ့သူတွေ ထဲက တယောက်ဖြစ်ခဲ့ ပါတယ်။ ရွန်းနီ ဟာ အင်တာဗျူး မထွက်လာခင် တုန်းက ရော်နယ်ဒို ရဲ့ ခြေစွမ်း ဟာ အကျဘက် ရောက်နေပြီလို့ သုံးသပ် ပြောဆိုခဲ့ဖူးပါတယ် ။ ရော်နယ်ဒို ကတော့ ရွန်းနီ ဟာ သူ့ကို မနာလိုနေတာ ဖြစ်နိုင်တယ်လို့ အင်တာဗျူးမှာ ဟာသလုပ် ခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ ဂႏၲဝင္ ကစားသမား ဝိန္း႐ြန္နီကေတာ့ သု႔ရဲ႕ အသင္းေဖာ္ေဟာင္း ခရစၥတီယာနို ေရာ္နယ္ဒို နဲ႕ မန္ခ်က္စတာ ယူနိုက္တက္ အသင္းတို႔ ၂ ဦး သေဘာတူ လမ္းခြဲမႈ နဲ႕ ပတ္သက္ၿပီး အံ့ၾသစရာ ဘာမွ မရွိပါဘူးလို႔ ေျပာဆို သြားခဲ့ပါတယ္။ ေရာ္္နယ္ဒိုနဲ႕ ယူနိုက္တက္တို႔ဟာ ယေန႕မနက္မွာပဲ ႏွစ္ဦး သေဘာတူ စာခ်ဳပ္ဖ်က္သိမ္း ခဲ့ပါၿပီ။

ေရာ္နယ္ဒို ဟာ ကမာၻ႔ဖလား မစခင္ တပတ္ အလိုမွာ ပီယာ့စ္ ေမာ္ဂန္ နဲ႕ ျပဳလုပ္ ခဲ့တဲ့ အင္တာဗ်ဴး ကို ခ်ျပခဲ့ၿပီး ပိုင္ရွင္ေတြ ရဲ႕ ပံ့ပိုးမႈ အားနည္းတာ ၊ အသင္းက အဆင့္ျမႇင့္တင္မႈေတြ ဘာမွ မျပဳလုပ္ထားတာ စတဲ့ ေကာင္းတဲ့အေၾကာင္းေတြ ပါခဲ့သလို သူ႕အေပၚ ေဝဖန္ေျပာဆိုမႈေတြ ၊ နည္းျပ နဲ႕ အဆင္မေျပတဲ့ အေၾကာင္းအရာေတြ ကိုပါ ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ ပါတယ္။

အဲ့ဒီ အင္တာဗ်ဴးေၾကာင့္ပဲ မန္ခ်က္စတာ ယူနိုက္တက္က ေရာ္နယ္ဒိုကို စာခ်ဳပ္ပါ အခ်က္အလက္မ်ားကို ခ်ိဳးေဖာက္မႈနဲ႕ စာခ်ဳပ္ ဖ်က္သိမ္းဖို႔ လုပ္ေဆာင္ခဲ့ၿပီး ေရာ္နယ္ဒိုကလည္း မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းမယ့္ အစီအစဥ္ကို သေဘာတူခဲ့ပါတယ္။

ေရာ္နယ္ဒို ယူနိုက္တက္ မွာ ပထမဆုံးအႀကိမ္ ကစားခဲ့စဥ္တုန္းက အသင္းေဖာ္ ျဖစ္ခဲ့ဖူးတဲ့ ဝိန္း႐ြန္းနီ ကေတာ့ ဒီလို ရလဒ္ ထြက္လာမႈ အတြက္ မအံ့ၾသေၾကာင္းနဲ႕ ေရာ္နယ္ဒို ရဲ႕ အင္တာဗ်ဴး ဟာ မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ေ႐ြးခ်ယ္စရာ လမ္းမရွိေအာင္ ျဖစ္ေစခဲ့တယ္လို႔ ေျပာဆိုသြားခဲ့ ပါတယ္။

“ကြၽန္ေတာ္ အံ့အားသင့္မိလား ? လုံးဝပါပဲ ။ ကလပ္ဘက္က ေ႐ြးစရာ လမ္းမရွိေတာ့ပါဘူး ။ ရိုနယ္ဒို ဟာ မန္ခ်က္စတာ ယူနိုက္တက္ မွာ နာမည္ေကာင္း ၊ မွတ္တမ္းေကာင္းေတြ ရွိခဲ့တဲ့သူပါ ၊ ဒီလိုမ်ိဳး လမ္းခြဲရတာ ရွက္စရာပါပဲ ။ ကြၽန္ေတာ္ ကေတာ့ သူ ဘယ္ကိုပဲ ေရာက္ေရာက္ အေကာင္းဆုံး ျဖစ္ပါေစလို႔ပဲ ဆုေတာင္းေပးပါတယ္” လို႔ ေျပာခဲ့ပါတယ္။

႐ြန္းနီဟာ ေရာ္နယ္ဒို အင္တာဗ်ဴးထဲမွာ ထည့္ေျပာ ေဝဖန္ခဲ့တဲ့သူေတြ ထဲက တေယာက္ျဖစ္ခဲ့ ပါတယ္။ ႐ြန္းနီ ဟာ အင္တာဗ်ဴး မထြက္လာခင္ တုန္းက ေရာ္နယ္ဒို ရဲ႕ ေျခစြမ္း ဟာ အက်ဘက္ ေရာက္ေနၿပီလို႔ သုံးသပ္ ေျပာဆိုခဲ့ဖူးပါတယ္ ။ ေရာ္နယ္ဒို ကေတာ့ ႐ြန္းနီ ဟာ သူ႕ကို မနာလိုေနတာ ျဖစ္နိုင္တယ္လို႔ အင္တာဗ်ဴးမွာ ဟာသလုပ္ ခဲ့ပါတယ္။