Spots news

ငြိမ်းချမ်း‌စေချင်လို့ မြောက်ကိုရီးယားကို ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်စေချင်‌တဲ့ ဖီဖာ

Unicode Version

ဖီဖာဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် မြောက်ကိုရီးယား အတွက် လမ်းဖွင့် ပေးထားပါတယ်။ ထိုမှတဆင့် အနာဂတ်မှာ ကြီးမားတဲ့ အပြောင်းအလဲကြီး တစ်ခု ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည် နေပါတယ်။

လက်ရှိ ကမ္ဘာ့ဖလားကာလ အတွင်း ကာတာနိုင်ငံနဲ့ပတ်သက်ပြီး အငြင်းပွားမှုများစွာ ဖြစ်ပေါ်နေပေမယ့် ဤကဲ့သို့ အာရပ်ကမ္ဘာကို ရွေးချယ်ခဲ့ခြင်းဟာ ကမ္ဘာကြီးကို ပေါင်းစည်းဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပြီးပါပြီ။ အင်ဖန်တီနိုက နိုင်ငံတိုင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှ င်ဖြစ်ခွင့်ရှိနေကြောင်း…

“FIFA က တစ်ကမ္ဘာလုံး ဆိုင်ရာ ဘောလုံးအဖွဲ့အစည်းတစ်ခုပါ။ ကျွန်တော်တို့က နိုင်ငံရေးသမားတွေ မဟုတ်ပေမယ့် လူသားတွေကို အတူတူ ပေါင်းစည်း စေချင်ရုံလေးပါပဲ” ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးဟာ ​မြောက်ကိုရီးယားနိုင်ငံ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်လာအောင် ကြိုးစားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ထိုနိုင်ငံသို့ သွားလည်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းကို “ဘယ်နိုင်ငံမဆို ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင် ဖြစ်ခွင့်ရှိပါတယ်။ ​​မြောက်ကိုရီးယားလို နိုင်ငံမျိုးတောင် တစ်ခုခုမှာ အိမ်ရှင် ဖြစ်ချင်ရင်ပေါ့။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်တော် မြောက်ကိုရီးယား ရောက်ခဲ့ပါတယ်”

“တောင်ကိုရီးယားနဲ့ ပူးတွဲပြီး အမျိုးသမီး ကမ္ဘာ့ဖလားအိမ်ရှင်အနေနဲ့ ဆောင်ရွက်နိုင်မလား သွားမေးခဲ့တာပါ။ ကျွန်တော့်အားထုတ်မှု မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့် အလုပ် ဖြစ်မယ်ဆိုရင် နောက်ထပ်အကြိမ် (၁၀၀)လောက် ထပ်သွားပါဆိုရင်လည်း သွားဦးမှာပါ”

“စေ့စပ်ဆွေးနွေးမှု တစ်ခုတည်းကပဲ စစ်မှန်တဲ့ပြောင်းလဲမှုကို ဖြစ်ပေါ်စေတာပါ။ ကျွန်တော်တို့က တစ်ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့အစည်း ဖြစ်နေတာကြောင့် ကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းစေတဲ့ အအုပ်အသင်း တစ်ခု ဖြစ်ချင်ရုံလေးပါပဲ” ဆိုပြီး ရှင်းလင်း တင်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကလည်း အင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားကာလ အတွင်း ရုရှ-ယူကရိန်းစစ်ပွဲ တစ်လလောက် ရပ်တန့်ပေးဖို့ နှစ်ဖက် ခေါင်းဆောင်တွေကို တောင်းဆို ခဲ့ပါသေးတယ်။ ထိုနည်းတူ ကာတာနိုင်ငံတွင်း မတူကွဲပြားမှုတွေနဲ့ ပတ်သက်ပြီး အမြင်မကြည်မှုတွေ ရှိပေမယ့် ဘောလုံးအပေါ်သာ အာရုံစိုက်ဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။

Zawgyi Version

ဖီဖာဥကၠ႒ ဂီယန္နီ အင္ဖန္တီနိုဟာ ကမာၻ႔ဖလားအိမ္ရွင္အျဖစ္ ေျမာက္ကိုရီးယား အတြက္ လမ္းဖြင့္ ေပးထားပါတယ္။ ထိုမွတဆင့္ အနာဂတ္မွာ ႀကီးမားတဲ့ အေျပာင္းအလဲႀကီး တစ္ခု ျဖစ္ေပၚလာလိမ့္မယ္လို႔ ယုံၾကည္ ေနပါတယ္။

လက္ရွိ ကမာၻ႔ဖလားကာလ အတြင္း ကာတာနိုင္ငံနဲ႕ပတ္သက္ၿပီး အျငင္းပြားမႈမ်ားစြာ ျဖစ္ေပၚေနေပမယ့္ ဤကဲ့သို႔ အာရပ္ကမာၻကို ေ႐ြးခ်ယ္ခဲ့ျခင္းဟာ ကမာၻႀကီးကို ေပါင္းစည္းဖို႔ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ ၿပီးပါၿပီ။ အင္ဖန္တီနိုက နိုင္ငံတိုင္းမွာ ကမာၻ႔ဖလားၿပိဳင္ပြဲ အိမ္ရွ င္ျဖစ္ခြင့္ရွိေနေၾကာင္း…

“FIFA က တစ္ကမာၻလုံး ဆိုင္ရာ ေဘာလုံးအဖြဲ႕အစည္းတစ္ခုပါ။ ကြၽန္ေတာ္တို႔က နိုင္ငံေရးသမားေတြ မဟုတ္ေပမယ့္ လူသားေတြကို အတူတူ ေပါင္းစည္း ေစခ်င္႐ုံေလးပါပဲ” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။ ဥကၠ႒ႀကီးဟာ ​ေျမာက္ကိုရီးယားနိုင္ငံ ကမာၻ႔ဖလား အိမ္ရွင္ ျဖစ္လာေအာင္ ႀကိဳးစားခဲ့ဖူးပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ အနည္းငယ္အတြင္း ထိုနိုင္ငံသို႔ သြားလည္ၿပီး ေတြ႕ဆုံ ေဆြးေႏြးခဲ့ေၾကာင္းကို “ဘယ္နိုင္ငံမဆို ကမာၻ႔ဖလားၿပိဳင္ပြဲ အိမ္ရွင္ ျဖစ္ခြင့္ရွိပါတယ္။ ​​ေျမာက္ကိုရီးယားလို နိုင္ငံမ်ိဳးေတာင္ တစ္ခုခုမွာ အိမ္ရွင္ ျဖစ္ခ်င္ရင္ေပါ့။ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ကြၽန္ေတာ္ ေျမာက္ကိုရီးယား ေရာက္ခဲ့ပါတယ္”

“ေတာင္ကိုရီးယားနဲ႕ ပူးတြဲၿပီး အမ်ိဳးသမီး ကမာၻ႔ဖလားအိမ္ရွင္အေနနဲ႕ ေဆာင္႐ြက္နိုင္မလား သြားေမးခဲ့တာပါ။ ကြၽန္ေတာ့္အားထုတ္မႈ မေအာင္ျမင္ခဲ့ပါဘူး။ ဒါေပမယ့္ အလုပ္ ျဖစ္မယ္ဆိုရင္ ေနာက္ထပ္အႀကိမ္ (၁၀၀)ေလာက္ ထပ္သြားပါဆိုရင္လည္း သြားဦးမွာပါ”

“ေစ့စပ္ေဆြးေႏြးမႈ တစ္ခုတည္းကပဲ စစ္မွန္တဲ့ေျပာင္းလဲမႈကို ျဖစ္ေပၚေစတာပါ။ ကြၽန္ေတာ္တို႔က တစ္ကမာၻလုံး ဆိုင္ရာ အဖြဲ႕အစည္း ျဖစ္ေနတာေၾကာင့္ ကမာၻတစ္ခုလုံးကို ေပါင္းစည္းေစတဲ့ အအုပ္အသင္း တစ္ခု ျဖစ္ခ်င္႐ုံေလးပါပဲ” ဆိုၿပီး ရွင္းလင္း တင္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္ကလည္း အင္ဖန္တီနိုဟာ ကမာၻ႔ဖလားကာလ အတြင္း ႐ုရွ-ယူကရိန္းစစ္ပြဲ တစ္လေလာက္ ရပ္တန့္ေပးဖို႔ ႏွစ္ဖက္ ေခါင္းေဆာင္ေတြကို ေတာင္းဆို ခဲ့ပါေသးတယ္။ ထိုနည္းတူ ကာတာနိုင္ငံတြင္း မတူကြဲျပားမႈေတြနဲ႕ ပတ္သက္ၿပီး အျမင္မၾကည္မႈေတြ ရွိေပမယ့္ ေဘာလုံးအေပၚသာ အာ႐ုံစိုက္ဖို႔ ပရိသတ္ေတြကို ေတာင္းဆိုခဲ့ပါတယ္။