Spots news
ပြောချင်တာတွေ ပြောလိုက်ရလို့ နောင်တမရဘူး ကမ္ဘာ့ဖလား မရလဲ အေးဆေးပဲဆိုတဲ့ ရော်နယ်ဒို
Unicode Version
နည်းပြ အဲရစ်တန်ဟဂ်ရဲ့ လက်အောက်မှာ ကစားရတာ ဘာပျော်ရွှင်မှုမှ ရှိမနေဖူးလို့ တရားဝင် ထုတ်ပြောခဲ့ပြီး နောက်မှာ နည်းပြသာမက အသင်းပိုင်ရှင်တွေကပါ စိတ်ဆိုး သွားခဲ့ပြီး ရော်နယ်ဒိုနဲ့ စာချုပ် ဖျက်သိမ်းဖို့အထိ ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ရော်နယ်ဒိုကတော့ သူဟာ ပြောသင့်တဲ့ အချိန်မှာ ပြောချင်တာကို ပြောခဲ့တာ ဖြစ်လို့ ဘာနောင်တ ရစရာမှ မရှိဖူးလို့ ထုတ်ပြော ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဟာ သူရယူချင်တဲ့ ခမ်းနားတဲ့ အောင်မြင်မှု ဖြစ်ပြီး အမြဲအိမ်မက်ခဲ့ရတဲ့ ဆုဖလား တလုံး ဖြစ်တယ်လို့ ဆိုခဲဲ့ပါတယ်။
ဒါပေမယ့် သူရယူထားတဲ့ အောင်မြင်မှု၊ ဆုတံဆိပ်တွေကြောင့် ကမ္ဘာ့ဖလားမှာ ဘာမှ ထပ်ပြီး သက်သေပြစရာ လိုတဲ့ ကစားသမားထဲမှာ သူမပါဖူးလို့ဆိုပါတယ်။ ဒီကမ္ဘာ့ဖလားကို ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ၊ သူဖြတ်သန်းခဲ့တဲ့ ကစားသမား ဘဝနဲ့ အောင်မြင်မှုတွေက အမြဲ ဂုဏ်ယူစရာ ဖြစ်နေမှာ ဖြစ်တယ်လို့ ရော်နယ်ဒိုက အခုလို ထုတ်ပြော ခဲ့ပါတယ်။
” ၃၇ နှစ်နဲ့ ၈လဆိုတဲ့ အရွယ်ရောက်မှ ဘယ်လောက်ကောင်းတဲ့ ကစားသမား ဆိုတာ သက်သေပြဖို့ လိုနေသေးရင် ကျွန်တော်ကတော့ တော်တော် စိုးရိမ် မိမှာပဲ။ ”
” ကျွန်တော် လုပ်ဆောင်ခဲ့တဲ့ အရာတွေ၊ ရယူခဲ့တဲ့ အောင်မြင်မှုတွေက အံ့အားသင့်ဖို့ ကောင်းတဲ့ အရာတွေပါ။ သေချာတာ တခုကတော့ ကျွန်တော် ဘယ်လို ကစားသမား ဆိုတာ တနှစ်ပြီး တနှစ် သက်သေပြခဲ့ပြီးသားပါ။ ”
” လူတိုင်း လူတိုင်းမှာ ယူဆချက်တွေ ရှိတာပေါ့။ ကမ္ဘာ့ဖလားက အရေးအကြီးဆုံး ပြိုင်ပွဲ တခုလား မေးရင် ဟုတ်တယ်လို့ပဲ ကျွန်တော်ကတော့ ဖြေမယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဒီကမ္ဘာ့ ဖလားကို ရဖို့ အိပ်မက် ထားတာပါ။”
” ဒါပေမယ့် သေချာတာ တခုပြောရမယ် ဆိုရင် နောက်ထပ် ဘာဖလား တခုမှ မရတော့ဖူး ဆိုရင်တောင် ကျွန်တော် လုပ်ဆောင်ခဲ့တဲ့ အရာတွေ အတွက် အမြဲတမ်း ဂုဏ်ယူနေဦးမှာပဲ။ ” ဆိုပြီး ရော်နယ်ဒိုက ထုတ်ပြော ခဲ့ပါတယိ။
ရော်နယ်ဒို အနေနဲ့ ဒီကာလဟာ အခက်ခဲဆုံး အချိန် တခု ရောက်ရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပြီး ပီးယားမော်ဂန်နဲ့ အင်တာဗျူးကြောင့် မန်ယူအသင်းဖက်က စာချုပ် ဖျက်သိမ်းဖို့ အထိ ဖြစ်သွား ခဲ့ပါတယ်။
ဒါ့ကြောင့် သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်းဒတ်က ရော်နယ်ဒို အတွက် အသင်းသစ် တခု အမြန်ဆုံး ရှာဖွေနေပြီး လာမယ့် ဇန်နဝါရီမှာတင် အသင်းပြောင်းဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
Zawgyi Version