Spots news

တခြားနေရာသာ ဝါးတားတား လုပ်တာ ဘောလုံးတော့ မရဘူးဆိုပြီး ဂျာမန်ကို တီးခဲ့တဲ့ ဂျပန်

Unicode Version

ဂျာမနီနဲ့ ဂျပန်ပွဲကတော့ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပြီး အပြန်အလှန် ဂိုးကန်သွင်းခွင့်တွေနဲ့ စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပါတယ်။ သေချာပေါက် ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို လွဲချော်ခဲ့ကြပြီး နှစ်ဖက် ဂိုးသမား လက်စွမ်းပြခဲ့လို့သာ ဂိုးတွေအများကြီး မမြင်ခဲ့ရတာပါ။

ပထမပိုင်းမှာ ဂန်ဒိုဂန်ရဲ့ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ဂျာမနီတို့ ပွဲကို အပြတ် ဖြတ်နိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချ နိုင်ခဲ့ပါဘူး။

ကစားကွက်နဲ့ ဘောလုံးပိုင်ဆိုင်မှုမှာ ဂျာမနီက အသာစီးရခဲ့ပေမယ့် ဂျပန်ကတော့ သသူတို့ရဲ့နာမည်ကျော် ဆာမူရိုင်းစိတ်ဓာတ် အတိုင်း မဆုတ်မနစ်နဲ့ ကြိုးစားပြီး ဂျာမနီကို နောက်ဆုံးအချိန်ထိ ဒုက္ခပေးခဲ့ပါတယ်။

တဂိုးတည်းနဲ့ ငြိမ်နေတဲ့ ဂျာမနီတို့ မိနစ် ၇၀ ကျော်မှာ ရစ်စုဒိုအန်ရဲ့ ချေပဂိုးကြောင့် တပ်လှန့်ခံလိုက်ရပြီး ကစားသမားတွေပါ အလှည့်အပြောင်း ပြုလုပ်ကာ အနိုင်ဂိုးရဖို့ အားကုန် ထုတ်ခဲ့ရပါတယ်။

မူစီယာလာ၊ ဂန်ဒိုဂန်တို့ရဲ့ အပိုင် အခွင့်အရေးတွေ၊ နနာဘရီရဲ့ ဖြုန်းတီးမှုတွေက ဂျာမနီအတွက် နှမျောစရာ ကောင်းလွန်းပါတယ်။ ဂျပန်ကလည်း ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ အားထည့်ကစားရင်းနဲ့ ချေပဂိုး ရအပြီးမှာ နောက်ထပ်ဦးဆောင်ဂိုးပါ ထပ်သွင်း နိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၈၃ မိနစ်မှာ တာကူမာအဆာနိုက နူအာပိတ်ထားတဲ့ ထောင့်ကျဉ်း အနေအထားကနေ လှလှပပ ကန်သွင်းယူပြီး ဂျပန်ကို ပြန်ဦးဆောင်စေခဲ့ပါတယ်။

နာမည်ကြီး ဂျာမနီတို့ အလဲထိုး ခံလိုက်ရတာ ဖြစ်ပြီး ပေါ့တီးပေါ့ဆ လုပ်ခဲ့တဲ့ ဒဏ်ကိုခံလိုက်ရတာပါ။ ဂျပန်ကွင်းဘက်ခြမ်းမှာ ရတဲ့ အလွတ်တည်ကန်ဘောကို ကန်တင်ပေးမှုကနေ အဆာနိုက ဆွဲပြေးယူပြီး အပိုင်ကန် သွင်းခဲ့တာပါ။

၂၀၁၈ တုန်းကလည်း တောင်ကိုရီးယားကြောင့် အခက်တွေ့ခဲ့တဲ့ ဂျာမနီတို့ အခုလည်း နောက်ထပ်အာရှ တသင်းဖြစ်တဲ့ ဂျပန်ကြောင့် အဖွင့်မလှဖြစ်ခဲ့ပြီး ရုန်းကန်ရဖို့ ဖြစ်လာခဲ့ပါပြီ။

Zawgyi Version

ဂ်ာမနီနဲ႕ ဂ်ပန္ပြဲကေတာ့ ဒုတိယပိုင္းမွာ ပိုေကာင္းခဲ့ၿပီး အျပန္အလွန္ ဂိုးကန္သြင္းခြင့္ေတြနဲ႕ စိတ္လႈပ္ရွားဖို႔ ေကာင္းခဲ့ပါတယ္။ ေသခ်ာေပါက္ ဂိုးရနိုင္တဲ့ အခြင့္အေရးေတြကို လြဲေခ်ာ္ခဲ့ၾကၿပီး ႏွစ္ဖက္ ဂိုးသမား လက္စြမ္းျပခဲ့လို႔သာ ဂိုးေတြအမ်ားႀကီး မျမင္ခဲ့ရတာပါ။

ပထမပိုင္းမွာ ဂန္ဒိုဂန္ရဲ႕ ပင္နယ္တီနဲ႕ ဦးေဆာင္နိုင္ခဲ့တဲ့ ဂ်ာမနီတို႔ ပြဲကို အျပတ္ ျဖတ္နိုင္မယ့္ အခြင့္အေရးေတြ ရခဲ့ေပမယ့္ အသုံးမခ် နိုင္ခဲ့ပါဘူး။

ကစားကြက္နဲ႕ ေဘာလုံးပိုင္ဆိုင္မႈမွာ ဂ်ာမနီက အသာစီးရခဲ့ေပမယ့္ ဂ်ပန္ကေတာ့ သသူတို႔ရဲ႕နာမည္ေက်ာ္ ဆာမူရိုင္းစိတ္ဓာတ္ အတိုင္း မဆုတ္မနစ္နဲ႕ ႀကိဳးစားၿပီး ဂ်ာမနီကို ေနာက္ဆုံးအခ်ိန္ထိ ဒုကၡေပးခဲ့ပါတယ္။

တဂိုးတည္းနဲ႕ ၿငိမ္ေနတဲ့ ဂ်ာမနီတို႔ မိနစ္ ၇၀ ေက်ာ္မွာ ရစ္စုဒိုအန္ရဲ႕ ေခ်ပဂိုးေၾကာင့္ တပ္လွန႔္ခံလိုက္ရၿပီး ကစားသမားေတြပါ အလွည့္အေျပာင္း ျပဳလုပ္ကာ အနိုင္ဂိုးရဖို႔ အားကုန္ ထုတ္ခဲ့ရပါတယ္။

မူစီယာလာ၊ ဂန္ဒိုဂန္တို႔ရဲ႕ အပိုင္ အခြင့္အေရးေတြ၊ နနာဘရီရဲ႕ ျဖဳန္းတီးမႈေတြက ဂ်ာမနီအတြက္ ႏွေမ်ာစရာ ေကာင္းလြန္းပါတယ္။ ဂ်ပန္ကလည္း ဒုတိယပိုင္းမွာ ေခ်ပဂိုးရဖို႔ အားထည့္ကစားရင္းနဲ႕ ေခ်ပဂိုး ရအၿပီးမွာ ေနာက္ထပ္ဦးေဆာင္ဂိုးပါ ထပ္သြင္း နိုင္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၈၃ မိနစ္မွာ တာကူမာအဆာနိုက ႏူအာပိတ္ထားတဲ့ ေထာင့္က်ဥ္း အေနအထားကေန လွလွပပ ကန္သြင္းယူၿပီး ဂ်ပန္ကို ျပန္ဦးေဆာင္ေစခဲ့ပါတယ္။

နာမည္ႀကီး ဂ်ာမနီတို႔ အလဲထိုး ခံလိုက္ရတာ ျဖစ္ၿပီး ေပါ့တီးေပါ့ဆ လုပ္ခဲ့တဲ့ ဒဏ္ကိုခံလိုက္ရတာပါ။ ဂ်ပန္ကြင္းဘက္ျခမ္းမွာ ရတဲ့ အလြတ္တည္ကန္ေဘာကို ကန္တင္ေပးမႈကေန အဆာနိုက ဆြဲေျပးယူၿပီး အပိုင္ကန္ သြင္းခဲ့တာပါ။

၂၀၁၈ တုန္းကလည္း ေတာင္ကိုရီးယားေၾကာင့္ အခက္ေတြ႕ခဲ့တဲ့ ဂ်ာမနီတို႔ အခုလည္း ေနာက္ထပ္အာရွ တသင္းျဖစ္တဲ့ ဂ်ပန္ေၾကာင့္ အဖြင့္မလွျဖစ္ခဲ့ၿပီး ႐ုန္းကန္ရဖို႔ ျဖစ္လာခဲ့ပါၿပီ။