Spots news

သူငယ်ချင်းတွေနဲ့ ပေါင်းပြီး မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူတော့မယ့် ဒေးဗစ်ဘက်ခမ်း

Unicode Version

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင်ဖြစ်ပြီး လက်ရှိမှာ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီကိုလည်း ပိုင်ဆိုင်ထားတဲ့ ဒေးဗစ် ဘက်ခမ်းကတော့ အရောင်းစာရင်း တင်ခံထားရတဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ ဆန္ဒရှိနေကြောင်း သတင်းများက ဖော်ပြလာပါတယ်။

ဂလေဇာမိသားစုက ယမန်နေ့မှာပဲ သူတို့အသင်းဟာ ရင်းနှီးမြှုပ်နှံသူအသစ် ၊ ပိုင်ရှင်အသစ်ကို ရှာဖွေနေကြောင်း အသင်းရဲ့ ဘုတ်အဖွဲ့ကနေ တရားဝင် စာထုတ်ပြန်ကာ အသင်းကို အရောင်းစာရင်း တင်ခဲ့တာ ဖြစ်ပြီး ဂလေဇာမိသားစုက ယူနိုက်တက်ကို ရောင်းချရာ ကနေ ပေါင် ၆ဘီလီယံ ဝန်းကျင် အလိုရှိနေပါတယ်။

တဖက်မှာတော့ ယူနိုက်တက်ရဲ့ ကြယ်ပွင့်ဟောင်း ဒေးဗစ် ဘက်ခမ်းက လက်ရှိအထိ မန်ချက်စတာ ယူနိုက်တက်ကို ချစ်မြတ်နိုးနေဆဲ ဖြစ်သလို သူဟာ မကြာခဏ မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်ဆီ သွားရောက်ကာ ပရိသတ်တွေနဲ့ တွေ့ဆုံကာ စကားလက်ဆုံ ကျလေ့ ရှိပါတယ်။

ဒါကြောင့်ပဲ ဒေးဗစ် ဘက်ခမ်းက ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချတော့မယ် ဆိုတဲ့ သတင်းကို ကြားတာနဲ့ သူ့ရဲ့ မိတ်ဆွေ သူငယ်ချင်း ဘီလီယံနာတွေဆီ သွားကာ မန်ချက်စတာ ယူနိုက်တက်ကို စပ်တူ ဝယ်ယူဖို့ ကြိုးစားနေခဲ့ပါတယ်။

ဒေးဗစ် ဘက်ခမ်းက သူတဦးထဲနဲ့ မန်ချက်စတာ ယူနိုက်တက်ကို မဝယ်ယူနိုင်ပေမယ့် သူ့ရဲ့ မိတ်ဆွေတွေနဲ့ ပူးပေါင်းကာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အစီအစဉ် ဆွဲနေပြီး ဘက်ခမ်းရဲ့ မိတ်ဆွေတွေကလည်း မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဒေးဗစ် ဘက်ခမ်းက ပေါင် ၅၀၀သန်း ဝန်းကျင်သာ ကြွယ်ဝ ချမ်းသာသူ တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ အတွက် သူဟာ အနိမ့်ဆုံး ဘီလီယံနာ မိတ်​ဆွေ ၃ဦးခန့်နဲ့ လက်တွဲ လုပ်ဆောင်ရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ ဘက်ခမ်းကို သူတို့အသင်းရဲ့ ပိုင်ရှင်အဖြစ် မြင်တွေ့ချင်နေကြပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ဂႏၲဝင္ျဖစ္ၿပီး လက္ရွိမွာ အေမရိကန္ ေမဂ်ာလိဂ္ကလပ္ အင္တာ မိုင္ယာမီကိုလည္း ပိုင္ဆိုင္ထားတဲ့ ေဒးဗစ္ ဘက္ခမ္းကေတာ့ အေရာင္းစာရင္း တင္ခံထားရတဲ့ အသင္းေဟာင္း မန္ခ်က္စတာ ယူနိုက္တက္ကို ဝယ္ယူဖို႔ ဆႏၵရွိေနေၾကာင္း သတင္းမ်ားက ေဖာ္ျပလာပါတယ္။

ဂေလဇာမိသားစုက ယမန္ေန႕မွာပဲ သူတို႔အသင္းဟာ ရင္းႏွီးျမႇုပ္ႏွံသူအသစ္ ၊ ပိုင္ရွင္အသစ္ကို ရွာေဖြေနေၾကာင္း အသင္းရဲ႕ ဘုတ္အဖြဲ႕ကေန တရားဝင္ စာထုတ္ျပန္ကာ အသင္းကို အေရာင္းစာရင္း တင္ခဲ့တာ ျဖစ္ၿပီး ဂေလဇာမိသားစုက ယူနိုက္တက္ကို ေရာင္းခ်ရာ ကေန ေပါင္ ၆ဘီလီယံ ဝန္းက်င္ အလိုရွိေနပါတယ္။

တဖက္မွာေတာ့ ယူနိုက္တက္ရဲ႕ ၾကယ္ပြင့္ေဟာင္း ေဒးဗစ္ ဘက္ခမ္းက လက္ရွိအထိ မန္ခ်က္စတာ ယူနိုက္တက္ကို ခ်စ္ျမတ္နိုးေနဆဲ ျဖစ္သလို သူဟာ မၾကာခဏ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ အိမ္ကြင္း အိုးထရက္ဖို႔ဒ္ဆီ သြားေရာက္ကာ ပရိသတ္ေတြနဲ႕ ေတြ႕ဆုံကာ စကားလက္ဆုံ က်ေလ့ ရွိပါတယ္။

ဒါေၾကာင့္ပဲ ေဒးဗစ္ ဘက္ခမ္းက ဂေလဇာမိသားစုဟာ မန္ခ်က္စတာ ယူနိုက္တက္ကို ေရာင္းခ်ေတာ့မယ္ ဆိုတဲ့ သတင္းကို ၾကားတာနဲ႕ သူ႕ရဲ႕ မိတ္ေဆြ သူငယ္ခ်င္း ဘီလီယံနာေတြဆီ သြားကာ မန္ခ်က္စတာ ယူနိုက္တက္ကို စပ္တူ ဝယ္ယူဖို႔ ႀကိဳးစားေနခဲ့ပါတယ္။

ေဒးဗစ္ ဘက္ခမ္းက သူတဦးထဲနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ကို မဝယ္ယူနိုင္ေပမယ့္ သူ႕ရဲ႕ မိတ္ေဆြေတြနဲ႕ ပူးေပါင္းကာ မန္ခ်က္စတာ ယူနိုက္တက္ကို ဝယ္ယူဖို႔ အစီအစဥ္ ဆြဲေနၿပီး ဘက္ခမ္းရဲ႕ မိတ္ေဆြေတြကလည္း မန္ခ်က္စတာ ယူနိုက္တက္ကို ဝယ္ယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။

ေဒးဗစ္ ဘက္ခမ္းက ေပါင္ ၅၀၀သန္း ဝန္းက်င္သာ ႂကြယ္ဝ ခ်မ္းသာသူ တဦး ျဖစ္တာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္ကို ဝယ္ယူနိုင္ဖို႔ အတြက္ သူဟာ အနိမ့္ဆုံး ဘီလီယံနာ မိတ္​ေဆြ ၃ဦးခန႔္နဲ႕ လက္တြဲ လုပ္ေဆာင္ရဖို႔ ရွိေနၿပီး မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ပရိသတ္ေတြကေတာ့ ဘက္ခမ္းကို သူတို႔အသင္းရဲ႕ ပိုင္ရွင္အျဖစ္ ျမင္ေတြ႕ခ်င္ေနၾကပါတယ္။