Spots news
ပိုက်ဆံ မယူပဲ ထွက်ပေးသွားတဲ့ ရော်နယ်ဒိုကြောင့် သန်းပေါင်းများစွာ သက်သာခဲ့တဲ့ မန်ယူ
Unicode Version
မနေ့က ထွက်ခဲ့တဲ့ သတင်းတွေအရ ရော်နယ်ဒို နဲ့ မန်ချက််စတာ ယူနိုက်တက် အသင်းတို့ဟာ စာချုပ် ဖျက်သိမ်းဖို့ နှုတ်အားဖြင့် အကြို သဘောတူညီမှု ရရှိခဲ့ပြီလို့ သိခဲ့ရပြီး အခုတော့ ကစားသမားဟာ ရစရာရှိတဲ့ ငွေတွေ မယူပဲ ထွက်သွားဖို့ ရှိနေတယ်လို့ သိလိုက်ရပြန်ပါတယ် ။
ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း မှ ရော်နယ်ဒို ကို ပေးချေရဖို့ ရှိနေတဲ့ ပေါင် 16 သန်း သက််သာသွားပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ ဇွန်လမှာ စာချုပ် သက်တမ်း ကုန်မှာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အကြမ်းစား အင််တာဗျူး လုပ်ခဲ့တဲ့ ရော်နယ်ဒို ရဲ့ ပြောစကားတွေက အချိန််မတိုင်မီ လမ်းခွဲဖို့ အကြောင်းဖန်လာ စေခဲ့ပါတယ် ။
အဆိုပါ အင်တာဗျူးမှာတော့ ရော်နယ်ဒို က မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူ့အပေါ် သစ္စာဖောက်ခဲ့ကြောင်း ၊ သူ့ကို အသင်းမှမထွက်ထွက်အောင် လုပ်နေခဲ့ကြောင်း ၊ အဲရစ် တန်ဟတ်ဟာ သူ့အပေါ် လေးစားသမှု မရှိကြောင်း ပြောခဲ့တာပဲ ဖြစ်ပါတယ် ။
အဲရစ် တန်ဟတ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင််းဆီ ရောက်ခဲ့တဲ့နောက် အသင်းကို စုစည်းဖို့ ၊ ကစား သမားတွေကို အတူတကွ ရှိနေဖို့ ကြိုးစားခဲ့သူ ဖြစ်တာကြောင့် ဘုတ်အဖွဲ့က ရော်နယ်ဒို ဖက်မှ အခုလို အင်တာဗျူးခဲ့တာကို ကြည့်ပြီး လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ် ။
အခုတော့ ရော်နယ်ဒို ဟာ အသင်းလက်မဲ့ ကစားသမား ဖြစ်သွားခဲ့ပြီ ဖြစ်တဲ့ အတွက် စိတ်ကြိုက် အသင်း တစ်သင်း ရွေးချယ်ခွင့် ပိုင်ဆိုင်သွားပြီပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်အထိတော့ သူ ဘယ်ဆီ ရောက်မလဲဆိုတဲ့ အလေးပေးမှု အမျိုးမျိုး ထွက်ပေါ်နေခဲ့ပါပြီ ။
ဒါပေမဲ့ ကစားသမားဖက်ကတော့ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားမှ ဆုံးဖြတ်ချက် တစ်ခု ချမှတ်သွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ် ။ အခြားတဖက်မှာတော့ သူ့ရဲ့ အေးဂျင့် ဂျော့ချ် မန်ဒက်စ် ကလည်း ရော်နယ်ဒို အတွက် အသင််းသစ် စတင်ရှာဖွေနေပြီလို့ သိနေရပါတယ် ။
Zawgyi Version
မနေ့က ထွက်ခဲ့တဲ့ သတင်းတွေအရ ရော်နယ်ဒို နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ စာချုပ် ဖျက်သိမ်းဖို့ နှုတ်အားဖြင့် အကြို သဘောတူညီမှု ရရှိခဲ့ပြီလို့ သိခဲ့ရပြီး အခုတော့ ကစားသမားဟာ ရစရာရှိတဲ့ ငွေတွေ မယူပဲ ထွက်သွားဖို့ ရှိနေတယ်လို့ သိလိုက်ရပြန်ပါတယ် ။
အဲရစ် တန်ဟတ် ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်ခဲ့တဲ့နောက် အသင်းကို စုစည်းဖို့ ၊ ကစား သမားတွေကို အတူတကွ ရှိနေဖို့ ကြိုးစားခဲ့သူ ဖြစ်တာကြောင့် ဘုတ်အဖွဲ့က ရော်နယ်ဒို ဖက်မှ အခုလို အင်တာဗျူးခဲ့တာကို ကြည့်ပြီး လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ် ။