Spots news

ဖီဖာက ဘဲတွေရဲ့ ပြီးစလွယ် လုပ်ပုံကို ကပ်တိုးလေး ဝေဖန်လိုက်တဲ့ ဘယ်လ်ဂျီယံသား ဒီဘရိုင်း

Unicode Version

ဘယ်လ်ဂျီယံအသင်းရဲ့ အဓိက ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းကတော့ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် အဖြစ် ကစားခဲ့တဲ့ ဘယ်လ်ဂျီယံ ၁-၀ ကနေဒါ ပွဲစဉ်မှာ သူ့ရဲ့ ခြေစွမ်းဟာ မကောင်းခဲ့ပေမယ့် ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့လို့ အံ့ဩမိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံက ကနေဒါ ၊ ခရိုအေးရှား ၊ မော်ရိုကို စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ရာ အုပ်စုအဖွင့်ပွဲ အဖြစ် ကနေဒါနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး တိုက်စစ်မှူး ဘတ်ရှူအာရီရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ကာ ခရိုအေရှားနဲ့ မော်ရိုကိုက ‌သရေကျထားတာကြောင့် အုပ်စုကို ဦးဆောင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံ ၁-၀ ကနေဒါ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပဲ ကနေဒါကတောင် ဂိုးသွင်းခွင့်တွေ ပိုမို ရရှိခဲ့ပြီး နံပါတ်တစ် ဂိုးသမား ကော်တွိုက်စ်ရဲ့ ကမ္ဘာ့အဆင့် လက်စွမ်းကြောင့်သာ ဘယ်လ်ဂျီယံဟာ ကနေဒါကို အနိုင်ယူနိုင်ခဲ့တာပါ။

ဒါပေမယ့် ပွဲပြီးဆုံးချိန်မှာတော့ ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကို အယ်ဖွန်ဆို ဒေးဗီးစ်ရဲ့ ပင်နယ်တီ အပါအဝင် ကနေဒါရဲ့ တိုက်စစ်ဆင်မှုတွေကို စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့တဲ့ ကော်တွိုက်စ် အစား ဘယ်လ်ဂျီယံရဲ့ ကြယ်ပွင့် ကစားသမား ကယ်ဗင် ဒီဘရိုင်းက ရရှိသွားခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒီဘရိုင်းက သူဟာ ခြေစွမ်းမကောင်းခဲ့ပေမယ့် ပွဲစဉ်တလျှောက် အကောင်းဆုံး ကစားသမားဆုကို ရသွားခဲ့လို့ အံ့ဩမိကြောင်းနဲ့ အခုလိုမျိုး သူက အကောင်းဆုံး ကစားသမားဆုကို ရခဲ့တာဟာ နာမည်ကြီးလို့ ဖြစ်နိုင်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

ဒီဘရိုင်းက “ကျွန်တော်က ပွဲကောင်း တပွဲကို ကစားနိုင်ခဲ့တယ်လို့ မထင်ပါဘူး။ ဒါကြောင့် ကျွန်တော်က အကောင်းဆုံး ကစားသမားဆုကို ဘာကြောင့် ရခဲ့တာလဲ ဆိုတာ နားမလည်နိုင်ပါဘူး။ ကျွန်တော်က နာမည်ကြီး ကစားသမားမို့လို့ ဒီဆုကို ရခဲ့တယ် ထင်ပါရဲ့ဗျာ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi Version

ဘယ္လ္ဂ်ီယံအသင္းရဲ႕ အဓိက ကြင္းလယ္လူ ကယ္ဗင္ ဒီဘရိုင္းကေတာ့ ကမာၻ႔ဖလား အုပ္စု ပြဲစဥ္ အျဖစ္ ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံ ၁-၀ ကေနဒါ ပြဲစဥ္မွာ သူ႕ရဲ႕ ေျခစြမ္းဟာ မေကာင္းခဲ့ေပမယ့္ ပြဲစဥ္ရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ရရွိသြားခဲ့လို႔ အံ့ဩမိေၾကာင္း ပြဲအၿပီးမွာ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံက ကေနဒါ ၊ ခရိုေအးရွား ၊ ေမာ္ရိုကို စတဲ့ အသင္းေတြနဲ႕ တအုပ္စုထဲ က်ေရာက္ေနခဲ့ရာ အုပ္စုအဖြင့္ပြဲ အျဖစ္ ကေနဒါနဲ႕ ရင္ဆိုင္ ကစားခဲ့ရၿပီး တိုက္စစ္မႉး ဘတ္ရႉအာရီရဲ႕ တလုံးထဲေသာ သြင္းဂိုးနဲ႕အတူ ၁-၀ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ရခဲ့ကာ ခရိုေအရွားနဲ႕ ေမာ္ရိုကိုက ‌သေရက်ထားတာေၾကာင့္ အုပ္စုကို ဦးေဆာင္ခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံ ၁-၀ ကေနဒါ ပြဲစဥ္မွာ ႏွစ္သင္းစလုံးရဲ႕ ေျခစြမ္းပိုင္းက မ်ားစြာ ကြာျခားလွျခင္း မရွိခဲ့ပဲ ကေနဒါကေတာင္ ဂိုးသြင္းခြင့္ေတြ ပိုမို ရရွိခဲ့ၿပီး နံပါတ္တစ္ ဂိုးသမား ေကာ္တြိုက္စ္ရဲ႕ ကမာၻ႔အဆင့္ လက္စြမ္းေၾကာင့္သာ ဘယ္လ္ဂ်ီယံဟာ ကေနဒါကို အနိုင္ယူနိုင္ခဲ့တာပါ။

ဒါေပမယ့္ ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံး ကစားသမားဆုကို အယ္ဖြန္ဆို ေဒးဗီးစ္ရဲ႕ ပင္နယ္တီ အပါအဝင္ ကေနဒါရဲ႕ တိုက္စစ္ဆင္မႈေတြကို စြမ္းစြမ္းတမံ ကာကြယ္ေပးခဲ့တဲ့ ေကာ္တြိုက္စ္ အစား ဘယ္လ္ဂ်ီယံရဲ႕ ၾကယ္ပြင့္ ကစားသမား ကယ္ဗင္ ဒီဘရိုင္းက ရရွိသြားခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ဒီဘရိုင္းက သူဟာ ေျခစြမ္းမေကာင္းခဲ့ေပမယ့္ ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံး ကစားသမားဆုကို ရသြားခဲ့လို႔ အံ့ဩမိေၾကာင္းနဲ႕ အခုလိုမ်ိဳး သူက အေကာင္းဆုံး ကစားသမားဆုကို ရခဲ့တာဟာ နာမည္ႀကီးလို႔ ျဖစ္နိုင္ေၾကာင္း ပြဲၿပီး အင္တာဗ်ဴးမွာ ေျပာၾကားသြားပါတယ္။

ဒီဘရိုင္းက “ကြၽန္ေတာ္က ပြဲေကာင္း တပြဲကို ကစားနိုင္ခဲ့တယ္လို႔ မထင္ပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္က အေကာင္းဆုံး ကစားသမားဆုကို ဘာေၾကာင့္ ရခဲ့တာလဲ ဆိုတာ နားမလည္နိုင္ပါဘူး။ ကြၽန္ေတာ္က နာမည္ႀကီး ကစားသမားမို႔လို႔ ဒီဆုကို ရခဲ့တယ္ ထင္ပါရဲ႕ဗ်ာ” လို႔ ေျပာၾကားသြားခဲ့တာပဲ ျဖစ္ပါတယ္။