Spots news

ဈေးကွက်ထဲက တန်ဖိုးအကြီးဆုံး ကြယ်ပွင့်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီး

Unicode Version

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ချဲလ်ဆီးအသင်းဟာ ဂျာမန်​ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် ကွင်းလယ်​ကစားသမား​ ဘယ်လင်ဟန်ကို လာမယ့် နွေရာသီမှာ အသင်းရဲ့ အဓိက အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် ပစ်မှတ်ထားနေတယ်လို့ ဂျာမန် ‌အခြေစိုက် သတင်းစာ များက ဖော်ပြပါတယ်။

အသက် 19 နှစ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ တောက်ပလာသူ တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း ဒေါ့မွန်ကို သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ ထမ်းတင်‌ ပေးထားပါတယ်။

ဘယ်လင်ဟမ်ဟာ အရပ်အမောင်း မြင့်မားကာ ကြံ့ခိုင်မှု အားကောင်းသလို ဘောလုံးစွမ်းရည်လည်း ပြည့်ဝသူ တဦး ဖြစ်တာကြောင့် အသင်းကို မောင်းနှင်နိုင်စွမ်း အပြည့် ရှိပြီး ဒေါ့မွန်အတွက် ၁၇ ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒေါ့မွန်ရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေတဲ့ အဂ်လန် လူငယ်ကြယ်ပွင့်ကို အဂ်လန် ကစားသမား အများအပြား ရှိသလို အဂ်လိပ် လူမျိုးနည်းပြ ကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းက ပစ်မှတ်ထား လာပြီး အခြားသော အသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန် ၊ မန်စီးတီး ၊ ရီးရဲ ၊ လီဗာပူးတို့ ကလည်း အလိုရှိနေတာပါ။

ဒေါ့မွန်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိပဲ မဖြစ်မနေ ရောင်းချရမယ်ဆိုရင် ဘယ်လင်ဟမ် အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို 130 သန်းကျော် တောင်းဆိုဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ ထိပ္သီး ကလပ္ ခ်ဲလ္ဆီးအသင္းဟာ ဂ်ာမန္​ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းရဲ႕ အဂၤလန္ ကြင္းလယ္​ကစားသမား​ ဘယ္လင္ဟန္ကို လာမယ့္ ေႏြရာသီမွာ အသင္းရဲ႕ အဓိက အေျပာင္းအေ႐ႊ႕ ပစ္မွတ္အျဖစ္ ပစ္မွတ္ထားေနတယ္လို႔ ဂ်ာမန္ ‌အေျခစိုက္ သတင္းစာ မ်ားက ေဖာ္ျပပါတယ္။

အသက္ 19 ႏွစ္သာ ရွိေသးတဲ့ ဘယ္လင္ဟမ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွ စတင္ကာ ဥေရာပ ေဘာလုံးဇာတ္ခုံေပၚမွာ ေတာက္ပလာသူ တဦး ျဖစ္ၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ေဒါ့မြန္ကို သူ႕ရဲ႕ ေျခစြမ္းေကာင္းေတြနဲ႕ အတူ ထမ္းတင္‌ ေပးထားပါတယ္။

ဘယ္လင္ဟမ္ဟာ အရပ္အေမာင္း ျမင့္မားကာ ႀကံ့ခိုင္မႈ အားေကာင္းသလို ေဘာလုံးစြမ္းရည္လည္း ျပည့္ဝသူ တဦး ျဖစ္တာေၾကာင့္ အသင္းကို ေမာင္းႏွင္နိုင္စြမ္း အျပည့္ ရွိၿပီး ေဒါ့မြန္အတြက္ ၁၇ ပြဲ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၇ ဂိုး သြင္းယူထားနိုင္ကာ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ေဒါ့မြန္ရဲ႕ အဓိက ကစားသမား အျဖစ္ ေျခစြမ္းျပေနတဲ့ အဂ္လန္ လူငယ္ၾကယ္ပြင့္ကို အဂ္လန္ ကစားသမား အမ်ားအျပား ရွိသလို အဂ္လိပ္ လူမ်ိဳးနည္းျပ ကိုင္တြယ္ေနတဲ့ ခ်ဲလ္ဆီးအသင္းက ပစ္မွတ္ထား လာၿပီး အျခားေသာ အသင္းႀကီးေတြျဖစ္တဲ့ ဘိုင္ယန္ ၊ မန္စီးတီး ၊ ရီးရဲ ၊ လီဗာပူးတို႔ ကလည္း အလိုရွိေနတာပါ။

ေဒါ့မြန္ကေတာ့ သူတို႔အသင္းရဲ႕ အဓိက ကြင္းလယ္လူ ဘယ္လင္ဟမ္ကို ေရာင္းထုတ္ဖို႔ ဆႏၵမရွိပဲ မျဖစ္မေန ေရာင္းခ်ရမယ္ဆိုရင္ ဘယ္လင္ဟမ္ အတြက္ အနိမ့္ဆုံး ေျပာင္းေ႐ႊ႕ေၾကး ယူရို 130 သန္းေက်ာ္ ေတာင္းဆိုဖို႔ ဆုံးျဖတ္ထားေၾကာင္း သိရပါတယ္။