Spots news

ကမ္ဘာ့ဖလားမှာ ဟယ်ရီကိန်းနဲ့ ဂါရတ်ဘေးလ်ကို ဝေဖန်လိုက်တဲ့ မန်ယူဂန္တဝင် ရွိုင်ကိန်း

Unicode Version

နိုဝင်ဘာလ ၂၁ ရက်က ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ်များမှာ LGBT အဖွဲ့အစည်းကို ထောက်ခံအား ပေးတဲ့ လှုပ်ရှားမှုဖြစ်တဲ့ “One Love” လက်ပတ်ကို မဝတ်ဆင်ခဲ့တဲ့ အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းနှင့် ဝေးလ်စ် အသင်း ခေါင်းဆောင် ဂါရတ်ဘေးလ်ကို မန်ယူကစားသမားဟောင်း ရွိုင်းကင်းက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အင်္ဂလန်နှင့် ဝေးလ်စ်အသင်းသည် FIFA ၏လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာအသင်းခေါင်းဆောင်များအနေဖြင့် “One Love” လက်ပတ်ကို ဝတ်ဆင်ကစားလျှင် အရေးယူခံရမည်ကို စိုးရွံသောကြောင့် ပွဲမစတင်မီ နာရီပိုင်းအလိုတွင် ဝတ်ဆင်မကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ပထမဆုံးပွဲမှာ  ကစားသမားတွေ အနေနဲ့ အရေးယူခံပြီး လုပ်ဆောင်ခဲ့သင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက လုပ်ကိုလုပ်ရမယ့် အရာပါ။ ကိန်းအနေနဲ့ စွန့်စွန့်စားစား လုပ်ဆောင်ပြီး အဝါကတ် ယူခဲ့မယ်ဆိုရင် ဒါက ကြီးမားတဲ့ အကြောင်းအရာ တစ်ခု ဖြစ်လာလိမ့်မယ်။ ပထမဆုံးပွဲမှာ အဝါကတ်ယူပြီး လုပ်ဆောင်တာက သတင်းစကား ပိုပေးနိုင်ပါတယ်။

ပွဲပယ်ပြစ်ဒဏ် ကျခံရမှာဆိုးရင် လာမယ့်ပွဲမှာ မဝတ်ဆင်ရုံပဲပေါ့။ ကစားသမား နှစ်ဦးစလုံးရဲ့ ကြီးမားတဲ့ အမှားလို့ ကျွန်တော် ယူဆပါတယ်။ ယုံကြည်ချက်သာ ရှိမယ်ဆိုရင် အပြင်ကနဲ့ အဖွဲ့အစည်းတွေရဲ့ ဖိအားက ကိစ္စမရှိပါဘူး” ဟု ရွိုင်ကင်းက ပြောကြားခဲ့ပါတယ်။

အင်္ဂလန် အသင်းကတော့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်မှာ ဆုဖလားကို ခြိမ်းခြောက်နိုင်တဲ့ ခြေစွမ်းမျိုး ပြသခဲ့ပြီး အီရန်ကို ၆-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ် ။ ၁၉၅၈ နောက်ပိုင်းမှ ကမ္ဘာ့ဖလား ဝင်ကန်ခွင့် ရခဲ့တဲ့ ဝေးလ်စ်ကတော့ အဖွင့်ပွဲမှာ အမေရိကန်ကို တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

Zawgyi Version

နိုဝင္ဘာလ ၂၁ ရက္က ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ကမာၻ႔ဖလား အုပ္စုအဖြင့္ ပြဲစဥ္မ်ားမွာ LGBT အဖြဲ႕အစည္းကို ေထာက္ခံအား ေပးတဲ့ လႈပ္ရွားမႈျဖစ္တဲ့ “One Love” လက္ပတ္ကို မဝတ္ဆင္ခဲ့တဲ့ အဂၤလန္ အသင္းေခါင္းေဆာင္ ဟာရီကိန္းႏွင့္ ေဝးလ္စ္ အသင္း ေခါင္းေဆာင္ ဂါရတ္ေဘးလ္ကို မန္ယူကစားသမားေဟာင္း ႐ြိုင္းကင္းက ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

အဂၤလန္ႏွင့္ ေဝးလ္စ္အသင္းသည္ FIFA ၏လုပ္ထုံးလုပ္နည္းအရ သက္ဆိုင္ရာအသင္းေခါင္းေဆာင္မ်ားအေနျဖင့္ “One Love” လက္ပတ္ကို ဝတ္ဆင္ကစားလွ်င္ အေရးယူခံရမည္ကို စိုး႐ြံေသာေၾကာင့္ ပြဲမစတင္မီ နာရီပိုင္းအလိုတြင္ ဝတ္ဆင္မကစားရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။

“ပထမဆုံးပြဲမွာ  ကစားသမားေတြ အေနနဲ႕ အေရးယူခံၿပီး လုပ္ေဆာင္ခဲ့သင့္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါက လုပ္ကိုလုပ္ရမယ့္ အရာပါ။ ကိန္းအေနနဲ႕ စြန႔္စြန႔္စားစား လုပ္ေဆာင္ၿပီး အဝါကတ္ ယူခဲ့မယ္ဆိုရင္ ဒါက ႀကီးမားတဲ့ အေၾကာင္းအရာ တစ္ခု ျဖစ္လာလိမ့္မယ္။ ပထမဆုံးပြဲမွာ အဝါကတ္ယူၿပီး လုပ္ေဆာင္တာက သတင္းစကား ပိုေပးနိုင္ပါတယ္။

ပြဲပယ္ျပစ္ဒဏ္ က်ခံရမွာဆိုးရင္ လာမယ့္ပြဲမွာ မဝတ္ဆင္႐ုံပဲေပါ့။ ကစားသမား ႏွစ္ဦးစလုံးရဲ႕ ႀကီးမားတဲ့ အမွားလို႔ ကြၽန္ေတာ္ ယူဆပါတယ္။ ယုံၾကည္ခ်က္သာ ရွိမယ္ဆိုရင္ အျပင္ကနဲ႕ အဖြဲ႕အစည္းေတြရဲ႕ ဖိအားက ကိစၥမရွိပါဘူး” ဟု ႐ြိုင္ကင္းက ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ အသင္းကေတာ့ ကမာၻ႔ဖလား အဖြင့္ ပြဲစဥ္မွာ ဆုဖလားကို ၿခိမ္းေျခာက္နိုင္တဲ့ ေျခစြမ္းမ်ိဳး ျပသခဲ့ၿပီး အီရန္ကို ၆-၂ ဆိုတဲ့ ရလဒ္နဲ႕ အနိုင္ယူခဲ့ပါတယ္ ။ ၁၉၅၈ ေနာက္ပိုင္းမွ ကမာၻ႔ဖလား ဝင္ကန္ခြင့္ ရခဲ့တဲ့ ေဝးလ္စ္ကေတာ့ အဖြင့္ပြဲမွာ အေမရိကန္ကို တစ္ဖက္ တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။