Spots news

ချယ်လ်ဆီးက ထွက်ခွာပြီးရင်တောင် ပရီးမီးယားလိဂ် ပြိုင်ဘက်နှစ်သင်းကို ပြောင်းမယ့် ကန်တီ

Unicode Version

ချယ်လ်ဆီးနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကွင်းလယ်ခံစစ် ကစားသမား ကန်တီကတော့ ချယ်လ်ဆီးနဲ့ လမ်းခွဲပြီးရင် ချယ်လ်ဆီးရဲ့ မြို့ခံပြိုင်ဘက် အသင်းနှစ်သင်း ဖြစ်တဲ့ စပါးနဲ့ အာဆင်နယ်တို့ နှစ်သင်းထဲက တသင်းကို ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြသွား ကြပါတယ်။

အသက် ၃၁ နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကန်တီဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ် ကစားသမား တဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားပုံကြောင့် အသက်အရွယ် ရလာတာနဲ့အမျှ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။

ကန်တီက ယခုနှစ် ဘောလုံးရာသီမှာလည်း ဒဏ်ရာပြဿနာတွေကြောင့် ချယ်လ်ဆီး အတွက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂ပွဲသာ ပါဝင် ကစားပေးထားနိုင်ပြီး သူ့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့်ပဲ ချယ်လ်ဆီးက သူ့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် အဆိုပါ စာချုပ်ရဲ့ သက်တမ်းဟာ ၁နှစ်သာ ရှိတာကြောင့် ကန်တီဟာ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်မခံပဲ ငြင်းဆန်ပယ်ချခဲ့ပါတယ်

ကန်တီကို ပီအက်စ်ဂျီက အလွတ်နဲ့ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေသလို ကန်တီရဲ့ အေးဂျင့်ဖြစ်သူထံ ဆက်သွယ်မှု တချို့ ပြုလုပ်ခဲ့ပေမယ့် ကန်တီကတော့ လန်ဒန်မြို့မှာပဲ ဆက်လက် နေထိုင်ချင်တာကြောင့် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ယခုချိန်အထိ ပြန်လည် မတုံ့ပြန်သေးဘူးလို့ သိရပါတယ်။

ကန်တီဟာ ချယ်လ်ဆီးကနေ ထွက်ခွာဖြစ်ခဲ့ရင်တောင် လန်ဒန်မြို့မှာပဲ ဆက်လက် နေထိုင်ချင်တာကြောင့် ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံ အသင်းနှစ်သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့ထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ ကိုင်တွယ်နေတဲ့ စပါးကလည်း ကန်တီကို ခေါ်ယူဖို့ စုံစမ်းမှု တချို့ ပြုလုပ်ထားကြောင်း သိရပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးနဲ႕ ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ ကြင္းလယ္ခံစစ္ ကစားသမား ကန္တီကေတာ့ ခ်ယ္လ္ဆီးနဲ႕ လမ္းခြဲၿပီးရင္ ခ်ယ္လ္ဆီးရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ အသင္းႏွစ္သင္း ျဖစ္တဲ့ စပါးနဲ႕ အာဆင္နယ္တို႔ ႏွစ္သင္းထဲက တသင္းကို ေျပာင္းေ႐ႊ႕ဖြယ္ ရွိေၾကာင္း သတင္းေတြက ေဖာ္ျပသြား ၾကပါတယ္။

အသက္ ၃၁ ႏွစ္ အ႐ြယ္ ျပင္သစ္ လက္ေ႐ြးစင္ ကြင္းလယ္ခံစစ္ ကစားသမား ကန္တီဟာ ကမာၻ႔အဆင့္ ကြင္းလယ္ခံစစ္ ကစားသမား တဦး ျဖစ္ေပမယ့္ သူ႕ရဲ႕ ကစားပုံေၾကာင့္ အသက္အ႐ြယ္ ရလာတာနဲ႕အမွ် မၾကာခဏ ဆိုသလို ဒဏ္ရာျပႆနာေတြနဲ႕ ရင္ဆိုင္ရေလ့ ရွိပါတယ္။

ကန္တီက ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ဒဏ္ရာျပႆနာေတြေၾကာင့္ ခ်ယ္လ္ဆီး အတြက္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ၂ပြဲသာ ပါဝင္ ကစားေပးထားနိုင္ၿပီး သူ႕ရဲ႕ ဒဏ္ရာျပႆနာေတြေၾကာင့္ပဲ ခ်ယ္လ္ဆီးက သူ႕ကို စာခ်ဳပ္သစ္ ကမ္းလွမ္းခဲ့ေပမယ့္ အဆိုပါ စာခ်ဳပ္ရဲ႕ သက္တမ္းဟာ ၁ႏွစ္သာ ရွိတာေၾကာင့္ ကန္တီဟာ ခ်ယ္လ္ဆီးရဲ႕ ကမ္းလွမ္းမႈကို လက္မခံပဲ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။

ကန္တီကို ပီအက္စ္ဂ်ီက အလြတ္နဲ႕ ေခၚယူဖို႔ အတြက္ စိတ္ဝင္စားေနသလို ကန္တီရဲ႕ ေအးဂ်င့္ျဖစ္သူထံ ဆက္သြယ္မႈ တခ်ိဳ႕ ျပဳလုပ္ခဲ့ေပမယ့္ ကန္တီကေတာ့ လန္ဒန္ၿမိဳ႕မွာပဲ ဆက္လက္ ေနထိုင္ခ်င္တာေၾကာင့္ ပီအက္စ္ဂ်ီရဲ႕ ကမ္းလွမ္းမႈကို ယခုခ်ိန္အထိ ျပန္လည္ မတုံ႕ျပန္ေသးဘူးလို႔ သိရပါတယ္။

ကန္တီဟာ ခ်ယ္လ္ဆီးကေန ထြက္ခြာျဖစ္ခဲ့ရင္ေတာင္ လန္ဒန္ၿမိဳ႕မွာပဲ ဆက္လက္ ေနထိုင္ခ်င္တာေၾကာင့္ ခ်ယ္လ္ဆီးရဲ႕ လန္ဒန္ၿမိဳ႕ခံ အသင္းႏွစ္သင္း ျဖစ္တဲ့ အာဆင္နယ္နဲ႕ စပါးတို႔ထံ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စားေနၿပီး ခ်ယ္လ္ဆီးနည္းျပေဟာင္း ကြန္တီ ကိုင္တြယ္ေနတဲ့ စပါးကလည္း ကန္တီကို ေခၚယူဖို႔ စုံစမ္းမႈ တခ်ိဳ႕ ျပဳလုပ္ထားေၾကာင္း သိရပါတယ္။