Spots news

ဘာစီလိုနာမှာ ကန်ဖို့အသက်ကြီးနေပြီလို့ ဆွာရက်ဇ် အပြောခံခဲ့ရ

Unicode Version

လူးဝစ် ဆွာရက်ဇ်က ဘာစီလိုနာ အသင်းဟာ သူ့ကို ထိပ်တန်းအဆင့်မှာ ယှဉ်ပြိုင်ဖို့ အသက်ကြီးလွန်းနေပြီလို့ အက်သလက်တီကို မပြောင်းခင် ပြောခဲ့ကြောင်း

ဖွင့်ဟခဲ့ပါတယ်။ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ဘာကာကနေ ထွက်ခွာလာခဲ့ကာ အသင်းသစ်မှာ တောက်လျောက် ခြေစွမ်းပြလျက် ရှိနေပါတယ်။

ဆွာရက်ဇ်က “ကျွန်တော့်အတွက် အနှောင့်အယှက် ဖြစ်ခဲ့တာက ကျွန်တော် အသက်ကြီး နေတာကြောင့် ထိပ်ဆုံး အဆင့်မှာ မကစား နိုင်တော့ဘူးလို့ ပြောခဲ့တာပါ။

အဲ့ဒီလို ပြောတာကို ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော် ဘာကာလို အသင်းမှာ ၃၊ ၄နှစ်လောက် ဘာမှ မလုပ်နိုင်ခဲ့ဘူး ဆိုရင် သူတို့ပြောတာ နားလည် နိုင်မှာပါ။

“ဒါပေမဲ့ ဘာကာမှာ နှစ်တိုင်း ကျွန်တော် ဂိုး၂၀အထက် သွင်းခဲ့ပါတယ်။ အချက်အလက်ကောင်း တွေအရ မက်ဆီရဲ့ နောက်မှာ ကျွန်တော် ရှိပါတယ်။ ဒီနေ့ ဘာကာမှာ ကစားရတာ ထင်သလောက် မလွယ်ဘူးဆိုတာ

မြင်ရပါတယ်။ သူတို့ ခေါ်လိုက်တဲ့ ကစားသမား အများစုက ထင်ထားတဲ့ အတိုင်း ဖြစ်မလာ ခဲ့ပါဘူး။ ကျွန်တော် ဘာကာမှာ တည်ငြိမ်တဲ့ အဆင့်တစ်ခုနဲ့ ၆ နှစ်ကြာ ရပ်တည် နိုင်ခဲ့ပါတယ်”

“ဘာကာမှာ ကျွန်တော့်ကို စိတ်ရှုပ်စေတာကတော့ သူတို့ အဲ့ဒီလို ပြောခဲ့တာ ဖြစ်ပြီး ကျွန်တော်အနေနဲ့ လေးစားမှု နည်းနည်းတော့ ထိုက်တန်တယ် ထင်ပါတယ်။ ကျွန်တော် ဘယ်လောက်ထိ

ထိုက်တန်တယ် ဆိုတာ ဆက်လက် ပြသသွားမှာပါ။ အက်သလက်တီကို လို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းမှာ ကျွန်တော် အဲ့ဒါကြောင့် ကစားနေခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။