Spots news

ချယ်လ်ဆီးရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို သဘောမကျလို့ ပယ်ချလိုက်တဲ့ ကြယ်ပွင့်

Unicode Version

ချယ်လ်ဆီးအသင်းဟာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မေဆန်မောင့်ကို ကမ္ဘာ့ဖလား ပြိုင်ပွဲကစားရန် ကာတာသို့ အင်္ဂလန်အသင်းနဲ့ မထွက်ခွာခင်က စာချုပ်သစ် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ သို့ပေမယ့် တပတ်လုပ်ခလစာ ပေါင် ၂ သိန်းရရှိမယ့် အဆိုပါ ကမ်းလှမ်းမှုကို မေဆန်မောင့်က ငြင်းပယ် ခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား မေဆန်မောင့်က ချယ်လ်ဆီးရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူနဲ့ ချယ်လ်ဆီးတို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းဟာ ၁နှစ်ကျော်သာ ကျန်ပါတော့တယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ကြယ်ပွင့် ကစားသမား တဦး ဖြစ်သူ မေဆန်မောင့်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပြီး မေဆန်မောင့်ကလည်း ချယ်လ်ဆီးနဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူခဲ့ပါတယ်။

မေဆန်မောင့်က ချယ်လ်ဆီးရဲ့ တပတ် လုပ်ခလစာ ပေါင် ၂သိန်းနဲ့ ကမ်းလှမ်းမှုကို သဘောမကျတာကြောင့် ချယ်လ်ဆီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ချယ်လ်ဆီးကတော့ မေဆန်မောင့်ကို နောက်ထပ် စာချုပ်သစ် ကမ်းလှမ်းမှု တရပ်နဲ့ ထပ်မံ ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

မကြာသေးခင်ကမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးထားခဲ့တဲ့ ရိစ်ဂျိန်းစ်ဟာ အသင်းက ကမ်းလှမ်းတဲ့ တစ်ပတ်လုပ်ခ လစာ ပေါင် ၂ သိန်းခွဲတန် စာချုပ်ကို ချက်ချင်းလက်ခံခဲ့ပေမယ့် မေဆန်မောင့်ကတော့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းရရှိနေတဲ့ စတာလင်နဲ့ တန်းတူ အလိုရှိနေတာဖြစ်ပါတယ်။

လီဗာပူး ၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်တို့က မေဆန်မောင့်နဲ့ ချယ်လ်ဆီးရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြပြီး မေဆန်မောင့်ကသာ ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဖို့ ငြင်းဆန်ခဲ့ရင် လာမယ့် နွေအပြောင်းအရွှေ့မှာပဲ ဥရောပ ထိပ်သီးအသင်းတွေက မေဆန်မောင့်ကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်း လာနိုင်ပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ေမဆန္ေမာင့္ကို ကမာၻ႔ဖလား ၿပိဳင္ပြဲကစားရန္ ကာတာသို႔ အဂၤလန္အသင္းနဲ႕ မထြက္ခြာခင္က စာခ်ဳပ္သစ္ ကမ္းလွမ္းမႈ တစ္ခု ျပဳလုပ္ခဲ့ပါတယ္။ သို႔ေပမယ့္ တပတ္လုပ္ခလစာ ေပါင္ ၂ သိန္းရရွိမယ့္ အဆိုပါ ကမ္းလွမ္းမႈကို ေမဆန္ေမာင့္က ျငင္းပယ္ ခဲ့ပါတယ္။

အသက္ ၂၃ႏွစ္ အ႐ြယ္ အဂၤလန္ လက္ေ႐ြးစင္ ကြင္းလယ္တိုက္စစ္ ကစားသမား ေမဆန္ေမာင့္က ခ်ယ္လ္ဆီးရဲ႕ လူငယ္ အကယ္ဒမီ ကေန ထြက္ေပၚလာတဲ့ ကစားသမား တဦး ျဖစ္ၿပီး သူနဲ႕ ခ်ယ္လ္ဆီးတို႔ရဲ႕ ၾကားမွာ ရွိေနတဲ့ စာခ်ဳပ္သက္တမ္းဟာ ၁ႏွစ္ေက်ာ္သာ က်န္ပါေတာ့တယ္။

ဒါေၾကာင့္ပဲ ခ်ယ္လ္ဆီးက သူတို႔အသင္းရဲ႕ ၾကယ္ပြင့္ ကစားသမား တဦး ျဖစ္သူ ေမဆန္ေမာင့္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ယခုႏွစ္ ေဘာလုံးရာသီ စတင္ခ်ိန္ကတည္းက ႀကိဳးစားေနခဲ့တာ ျဖစ္ၿပီး ေမဆန္ေမာင့္ကလည္း ခ်ယ္လ္ဆီးနဲ႕ စာခ်ဳပ္သစ္ အတြက္ ေဆြးေႏြးမႈေတြ လုပ္ဖို႔ သေဘာတူခဲ့ပါတယ္။

ေမဆန္ေမာင့္က ခ်ယ္လ္ဆီးရဲ႕ တပတ္ လုပ္ခလစာ ေပါင္ ၂သိန္းနဲ႕ ကမ္းလွမ္းမႈကို သေဘာမက်တာေၾကာင့္ ခ်ယ္လ္ဆီးရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ပယ္ခ်လိဳက္ၿပီး ခ်ယ္လ္ဆီးကေတာ့ ေမဆန္ေမာင့္ကို ေနာက္ထပ္ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈ တရပ္နဲ႕ ထပ္မံ ကမ္းလွမ္းရန္ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။

မၾကာေသးခင္ကမွ အသင္းနဲ႕ စာခ်ဳပ္သက္တမ္းတိုးထားခဲ့တဲ့ ရိစ္ဂ်ိန္းစ္ဟာ အသင္းက ကမ္းလွမ္းတဲ့ တစ္ပတ္လုပ္ခ လစာ ေပါင္ ၂ သိန္းခြဲတန္ စာခ်ဳပ္ကို ခ်က္ခ်င္းလက္ခံခဲ့ေပမယ့္ ေမဆန္ေမာင့္ကေတာ့ တစ္ပတ္လုပ္ခ ေပါင္ ၃ သိန္းရရွိေနတဲ့ စတာလင္နဲ႕ တန္းတူ အလိုရွိေနတာျဖစ္ပါတယ္။

လီဗာပူး ၊ ဘိုင္ယန္ျမဴးနစ္နဲ႕ ဂ်ဴဗင္တပ္တို႔က ေမဆန္ေမာင့္နဲ႕ ခ်ယ္လ္ဆီးရဲ႕ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနၾကၿပီး ေမဆန္ေမာင့္ကသာ ခ်ယ္လ္ဆီးနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ ျငင္းဆန္ခဲ့ရင္ လာမယ့္ ေႏြအေျပာင္းအေ႐ႊ႕မွာပဲ ဥေရာပ ထိပ္သီးအသင္းေတြက ေမဆန္ေမာင့္ကို ေခၚယူဖို႔ အၿပိဳင္ ႀကိဳးပမ္း လာနိုင္ပါတယ္။