Spots news

အားလုံးဝေဖန်နေကြတဲ့ ဖိုဒန်ကို မထည့်ခြင်း အကြောင်းရင်းကို ပြောပြလိုက်တဲ့ ဆောက်ဂိတ်

Unicode Version

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဆောက်ဂိတ် က အမေရိကန် အသင်း နဲ့ ဂိုးမရှိ သရေကျတဲ့ ပွဲမှာ မန်စီးတီး ကြယ်ပွင့် ဖိုဒန် ကို လူစားလဲ အသုံးမပြုခဲ့တဲ့ အကြောင်းအရင်းကို ပွဲအပြီး အင်တာဗျူးမှာ ရှင်းပြ သွားခဲ့ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ အီရန် နဲ့ ပွဲက လူစာရင်း အတိုင်း အမေရိကန် နဲ့ ပွဲကို ပွဲထုတ်လာခဲ့ပေမယ့် ပထမပိုင်း မှာရော ဒုတိယပိုင်းမှာပါ ထူးထူးခြားခြား စွမ်းဆောင်ပြနိုင်ခဲ့ခြင်း မရှိပါခဲ့ပဲ တစ်ပွဲလုံး မှာ အမေရိကန် အသင်းက ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး အနိုင်ရသွားနိုင်တဲ့ အနေအထား အထိ ရှိခဲ့ပါတယ် ။

ပွဲအပြီးမှာတော့ ဆောက်ဂိတ် က ဖိုဒန် ကို လူစားဝင် မကစားခိုင်းခဲ့တာ နဲ့ ပတ်သက်ပြီး ” ကျွန်တော်တို့ အနေနဲ့ ပွဲအစထဲက အသုံးပြုထားတဲ့ ပွဲထွက် လူစာရင်း ကို အပြောင်းအလဲမလုပ်ဘဲ ထားချင်တာကြောင့်ပါ ၊ တောင်ပံ ကစားသမားတွေနေရာမှာတော့ ဖိုဒန် အစား ဂရီးလစ်ရှ် နဲ့ ရက်ရှ်ဖိုဒ့် ကို လူစားဝင် ကစားစေခဲ့တာက အကြောင်း ရှိပါတယ် ။ ”

” ဘာကြောင့်လဲဆိုရင် ဂရီးလစ်ရှ် က ကျနော်တို့ အသင်း အတွက် ဘောလုံးကို ကောင်းကောင်း ကစားပေးနိုင် ၊ တိုက်စစ်ကို ဘောလုံးပိုရောက်အောင် စွမ်းဆောင်ပေးနိုင်တာကြောင့်ပါ ။ မားကပ်ရှ် ကလည်း သူ့ရဲ့ အမြန်နှုန်း နဲ့ ပြိုင်ဘက် ရဲ့ ခံစစ်ကို ကောင်းကောင်း ခြိမ်းခြောက် အန္တရယ် ပေးနိုင်သူလေ ။ ”

” အီရန် နဲ့ ပွဲက စွမ်းဆောင်ရည်မျိုး ဒီနေ့ ထပ်ပြဖို့ ခက်ခဲမယ်ဆိုတာ ကျနော် တို့ သိခဲ့ပါတယ် ။ ကစားသမားတွေ ဒီနေ့ ကစားသွားတဲ့ အပေါ် အားရ ကျေနပ်ပါတယ် ၊ ဧရိယာ အတွင်းမှာတော့ ကျနော်တို့ ဒီထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ် ။ ”

” နောက်ပြီး ကျနော်တို့ကို တောက်လျှောက်စမ်းသပ် မေးခွန်းထုတ်နေခဲ့တဲ့ ပြိုင်ဘက် ရဲ့တိုက်စစ်ကိုလည်း ခုခံကာကွယ် နိုင်ခဲ့ပါတယ် ။ ကျနော်တို့ ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ပေမယ့် အပိုင် အခွင့်အရေး မယ်မယ်ရရ မဖန်တီး နိုင်ခဲ့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ်

Zawgyi Version

အဂၤလန္ လက္ေ႐ြးစင္ အသင္း နည္းျပ ေဆာက္ဂိတ္ က အေမရိကန္ အသင္း နဲ႕ ဂိုးမရွိ သေရက်တဲ့ ပြဲမွာ မန္စီးတီး ၾကယ္ပြင့္ ဖိုဒန္ ကို လူစားလဲ အသုံးမျပဳခဲ့တဲ့ အေၾကာင္းအရင္းကို ပြဲအၿပီး အင္တာဗ်ဴးမွာ ရွင္းျပ သြားခဲ့ပါတယ္ ။

အဂၤလန္ နည္းျပ ေဆာက္ဂိတ္ ဟာ အီရန္ နဲ႕ ပြဲက လူစာရင္း အတိုင္း အေမရိကန္ နဲ႕ ပြဲကို ပြဲထုတ္လာခဲ့ေပမယ့္ ပထမပိုင္း မွာေရာ ဒုတိယပိုင္းမွာပါ ထူးထူးျခားျခား စြမ္းေဆာင္ျပနိုင္ခဲ့ျခင္း မရွိပါခဲ့ပဲ တစ္ပြဲလုံး မွာ အေမရိကန္ အသင္းက ပိုေကာင္းတဲ့ အသင္း ျဖစ္ခဲ့ၿပီး အနိုင္ရသြားနိုင္တဲ့ အေနအထား အထိ ရွိခဲ့ပါတယ္ ။

ပြဲအၿပီးမွာေတာ့ ေဆာက္ဂိတ္ က ဖိုဒန္ ကို လူစားဝင္ မကစားခိုင္းခဲ့တာ နဲ႕ ပတ္သက္ၿပီး ” ကြၽန္ေတာ္တို႔ အေနနဲ႕ ပြဲအစထဲက အသုံးျပဳထားတဲ့ ပြဲထြက္ လူစာရင္း ကို အေျပာင္းအလဲမလုပ္ဘဲ ထားခ်င္တာေၾကာင့္ပါ ၊ ေတာင္ပံ ကစားသမားေတြေနရာမွာေတာ့ ဖိုဒန္ အစား ဂရီးလစ္ရွ္ နဲ႕ ရက္ရွ္ဖိုဒ့္ ကို လူစားဝင္ ကစားေစခဲ့တာက အေၾကာင္း ရွိပါတယ္ ။ ”

” ဘာေၾကာင့္လဲဆိုရင္ ဂရီးလစ္ရွ္ က က်ေနာ္တို႔ အသင္း အတြက္ ေဘာလုံးကို ေကာင္းေကာင္း ကစားေပးနိုင္ ၊ တိုက္စစ္ကို ေဘာလုံးပိုေရာက္ေအာင္ စြမ္းေဆာင္ေပးနိုင္တာေၾကာင့္ပါ ။ မားကပ္ရွ္ ကလည္း သူ႕ရဲ႕ အျမန္ႏႈန္း နဲ႕ ၿပိဳင္ဘက္ ရဲ႕ ခံစစ္ကို ေကာင္းေကာင္း ၿခိမ္းေျခာက္ အႏၲရယ္ ေပးနိုင္သူေလ ။ ”

” အီရန္ နဲ႕ ပြဲက စြမ္းေဆာင္ရည္မ်ိဳး ဒီေန႕ ထပ္ျပဖို႔ ခက္ခဲမယ္ဆိုတာ က်ေနာ္ တို႔ သိခဲ့ပါတယ္ ။ ကစားသမားေတြ ဒီေန႕ ကစားသြားတဲ့ အေပၚ အားရ ေက်နပ္ပါတယ္ ၊ ဧရိယာ အတြင္းမွာေတာ့ က်ေနာ္တို႔ ဒီထက္ပိုေကာင္းေအာင္ လုပ္နိုင္ခဲ့သင့္ပါတယ္ ။ ”

” ေနာက္ၿပီး က်ေနာ္တို႔ကို ေတာက္ေလွ်ာက္စမ္းသပ္ ေမးခြန္းထုတ္ေနခဲ့တဲ့ ၿပိဳင္ဘက္ ရဲ႕တိုက္စစ္ကိုလည္း ခုခံကာကြယ္ နိုင္ခဲ့ပါတယ္ ။ က်ေနာ္တို႔ ပြဲကို ထိန္းခ်ဳပ္ ကစားနိုင္ခဲ့ေပမယ့္ အပိုင္ အခြင့္အေရး မယ္မယ္ရရ မဖန္တီး နိုင္ခဲ့ပါဘူး ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။