Spots news

ပီလီကို ကျော်ပြီး မှတ်တမ်း စံချိန်သစ် ရေးထိုးနိုင်ဖို့ ခြေလှမ်းစတင်နေတဲ့ အမ်ဘာပေး

Unicode Version

ဒိန်းမတ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်ဟာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်တွေထဲမှာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့သလို အနိုင်ဂိုး ၂ ဂိုးသွင်းပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး အမ်ဘာပေးဟာလည်း ကမ္ဘာ့စင်မြင့်မှာ မှတ်တမ်းသစ် တစ်ခုအတွက် ခြေလှမ်း ပြင်လိုက်တာလို့ ပြောရတော့မှာ ဖြစ်ပါတယ်။

လက်တလော နှစ်တွေမှာ ခြေစွမ်းမြင့် လူငယ်ကစားသမားတွေ အများအပြား ပေါ်ထွက်ခဲ့တာ လက်ခံရမှာ ဖြစ်ပေမယ့် ၄ နှစ်မှ တစ်ကြိမ် ကျင်းပတဲ့ ဒီလို ပြိုင်ပွဲမျိုးမှာ ခြေစွမ်း ပြနိုင်ဖို့ဆိုတာတွေ ကတော့ ခက်ခဲလှတယ်လို့ ပြောရမှာဖြစ်ပါတယ်။

အမ်ဘာပေးကတော့ ကိုယ်ရည်ကိုယ်သွေး လည်း ကောင်းမွန်သလို ပြင်သစ်လို ကမ္ဘာ့ဖလား သမိုင်းကြောင်း ကောင်းမွန်တဲ့ အသင်းမှာ ကစားနေတာ ဖြစ်တဲ့အတွက် သူ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်တမ်း စံချိန်တွေ ရယူနိုင်ဖို့ဆိုတာ သိပ်မခက်ခဲ လိုက်ဘူးလို့ ပြောရပါမယ်။

ပြီးခဲ့တဲ့ ရုရှား ကမ္ဘာ့ဖလားမှာ သူက အသက် ၁၉ နှစ်ပဲ ရှိပါသေးတယ်။ အဲ့ဒီ ပြိုင်ပွဲမှာ ၄ ဂိုး သွင်းနိုင်ခဲ့သလို ဗိုလ်လုပွဲမှာပါ ဂိုးသွင်းနိုင်လိုက်တော့ ပီလီနောက်ပိုင်း ဗိုလ်လုပွဲမှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား မှတ်တမ်းကို လိုက်မီခဲ့ပါတယ်။

ဒီကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ သူ့အသက်က ၂၃ နှစ်ရှိလာပါပြီ။ အုပ်စုအဖွင့်ပွဲ ၂ ပွဲမှာ ၃ ဂိုးသွင်းနိုင်ခဲ့တယ်။ ဒါက ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အသက် ၂၄ နှစ်အောက် ကစားသမား တစ်ယောက်အနေနဲ့ အမြင့်ဆုံး ရထားတဲ့ သွင်းဂိုး အရေအတွက် ဖြစ်တဲ့ ၇ ဂိုးကို လိုက်မီနိုင်ခဲ့တာပါ။

ဒါမျိုးလုပ်နိုင်ခဲ့တာက ဘရာဇီး ဂန္တဝင် ပီလီပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ အခု ပြင်သစ်က ၁၆ သင်းအဆင့် ရောက်ပြီဆိုတော့ အနည်းဆုံး ၂ ပွဲထပ်ကစားရဖို့ သေချာပါတယ်။ ဒီနှစ်ပွဲမှာ သူ ဂိုးသွင်းနိုင်ရင် မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်တော့ပါမယ်။

Zawgyi Version

ဒိန္းမတ္ကို ၂-၁ ဂိုးနဲ႕ အနိုင္ရခဲ့တဲ့ ျပင္သစ္ဟာ ကာတာ ကမာၻ႔ဖလား ၿပိဳင္ပြဲဝင္ေတြထဲမွာ ၁၆ သင္းအဆင့္ကို တက္ေရာက္နိုင္တဲ့ ပထမဆုံးအသင္း ျဖစ္လာခဲ့သလို အနိုင္ဂိုး ၂ ဂိုးသြင္းေပးနိုင္ခဲ့တဲ့ တိုက္စစ္မႉး အမ္ဘာေပးဟာလည္း ကမာၻ႔စင္ျမင့္မွာ မွတ္တမ္းသစ္ တစ္ခုအတြက္ ေျခလွမ္း ျပင္လိုက္တာလို႔ ေျပာရေတာ့မွာ ျဖစ္ပါတယ္။

လက္တေလာ ႏွစ္ေတြမွာ ေျခစြမ္းျမင့္ လူငယ္ကစားသမားေတြ အမ်ားအျပား ေပၚထြက္ခဲ့တာ လက္ခံရမွာ ျဖစ္ေပမယ့္ ၄ ႏွစ္မွ တစ္ႀကိမ္ က်င္းပတဲ့ ဒီလို ၿပိဳင္ပြဲမ်ိဳးမွာ ေျခစြမ္း ျပနိုင္ဖို႔ဆိုတာေတြ ကေတာ့ ခက္ခဲလွတယ္လို႔ ေျပာရမွာျဖစ္ပါတယ္။

အမ္ဘာေပးကေတာ့ ကိုယ္ရည္ကိုယ္ေသြး လည္း ေကာင္းမြန္သလို ျပင္သစ္လို ကမာၻ႔ဖလား သမိုင္းေၾကာင္း ေကာင္းမြန္တဲ့ အသင္းမွာ ကစားေနတာ ျဖစ္တဲ့အတြက္ သူ႕အတြက္ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ မွတ္တမ္း စံခ်ိန္ေတြ ရယူနိုင္ဖို႔ဆိုတာ သိပ္မခက္ခဲ လိုက္ဘူးလို႔ ေျပာရပါမယ္။

ၿပီးခဲ့တဲ့ ႐ုရွား ကမာၻ႔ဖလားမွာ သူက အသက္ ၁၉ ႏွစ္ပဲ ရွိပါေသးတယ္။ အဲ့ဒီ ၿပိဳင္ပြဲမွာ ၄ ဂိုး သြင္းနိုင္ခဲ့သလို ဗိုလ္လုပြဲမွာပါ ဂိုးသြင္းနိုင္လိုက္ေတာ့ ပီလီေနာက္ပိုင္း ဗိုလ္လုပြဲမွာ ဂိုးသြင္းနိုင္တဲ့ အသက္အငယ္ဆုံး ကစားသမား မွတ္တမ္းကို လိုက္မီခဲ့ပါတယ္။

ဒီကမာၻ႔ဖလား ၿပိဳင္ပြဲမွာေတာ့ သူ႕အသက္က ၂၃ ႏွစ္ရွိလာပလၿပီ။ အုပ္စုအဖြင့္ပြဲ ၂ ပြဲမွာ ၃ ဂိုးသြင္းနိုင္ခဲ့တယ္။ ဒါက ကမာၻ႔ဖလား ၿပိဳင္ပြဲမွာ အသက္ ၂၄ ႏွစ္ေအာက္ ကစားသမား တစ္ေယာက္အေနနဲ႕ အျမင့္ဆုံး ရထားတဲ့ သြင္းဂိုး အေရအတြက္ ျဖစ္တဲ့ ၇ ဂိုးကို လိုက္မီနိုင္ခဲ့တာပါ။

ဒါမ်ိဳးလုပ္နိုင္ခဲ့တာက ဘရာဇီး ဂႏၲဝင္ ပီလီပဲ ရွိခဲ့တာ ျဖစ္ပါတယ္။ အခု ျပင္သစ္က ၁၆ သင္းအဆင့္ ေရာက္ၿပီဆိုေတာ့ အနည္းဆုံး ၂ ပြဲထပ္ကစားရဖို႔ ေသခ်ာပါတယ္။ ဒီႏွစ္ပြဲမွာ သူ ဂိုးသြင္းနိုင္ရင္ မွတ္တမ္းသစ္တစ္ခု ေရးထိုးနိုင္ေတာ့ပါမယ္။