Spots news

ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးမှာ မက်ဆီနဲ့ ဆွာရက်ဇ်ကို ခေါ်ယူတော့မယ့် ကလပ်အသင်း

Unicode Version

ဒေးဗစ် ဘက်ခမ်း ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်းဟာ လီယွန်နယ် မက်ဆီ ကို ၂၀၂၃ ခုနှစ် မှာ ခေါ်ယူ နိုင်ဖို့ အတွက် သဘောတူညီမှု ရရှိဖို့ နိးစပ် နေပြီလို့ သတင်း တခု ထွက်ပေါ် လာခဲ့ ပါတယ် ။ အင်တာ မိုင်ယာမီ ဟာ မက်ဆီ အပြင် ဖာဘရီဂတ်စ် နဲ့ လူးဝစ် ဆွာရက် တို့ကိုပါ ခေါ်ယူဖို့ စီစဉ် နေတယ်လို့ သိရှိရ ပါတယ် ။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ အကြား စာချုပ်သက်တမ်းကလည်း နောက်ဆုံးနှစ် အတွင်းကို ရောက်ရှိနေပါပြီ ။ မက်ဆီကို အသင်းဘက်က စာချုပ်သစ် ကမ်းလှမ်း ထားပေမယ့် ကစားသမား ကိုယ်တိုင်က ကမ္ဘာ့ဖလား အပြီးမှ သူ့အနာဂတ်ကို စဥ်းစားဆုံးဖြတ် သွားမယ်လို့ အကြောင်းပြန် ထားပါတယ် ။

အင်တာမိုင်ယာမီဟာ မက်ဆီနဲ့ ဆွေးနွေးမှုတွေကို ကာတာ ကမ္ဘာ့ဖလားအပြီးမှာ စတင်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒီလို ပစ်မှတ်ထားတဲ့ နေရာမှာ အင်တာမိုင်ယာမီ အနေနဲ့ ပီအက်စ်ဂျီရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုနဲ့ရော၊ မက်ဆီရဲ့ အသင်းဟောင်း ဘာစီလိုနာဘက်က ကမ်းလှမ်းမှုတွေနဲ့ပါ အပြိုင် ကြိုးစားရမှာ ဖြစ်ပါတယ် ။

ဒါ့အပြင် သူတို့ဟာ မက်ဆီရဲ့ အဖေဖြစ်သူ ဂျော့ချ်နဲ့လည်း အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။ ဘလွန်းဒီအော်ဆု (၇) ကြိမ် ဆွတ်ခူးထားတဲ့ မက်ဆီကို ခေါ်ယူဖို့အတွက် အင်တာမိုင်ယာမီက ပြီးခဲ့တဲ့ ရာသီတွေ တည်းက ကြိုးစားခဲ့တယ်လို့ သိရပါတယ် ။

ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့အသင်းမှာ မက်ဆီ၊ ရော်နယ်ဒိုတို့လို ကြယ်ပွင့်တွေကို ခေါ်ယူဖို့ အမြဲတမ်း စိတ်အားထက်သန် နေပါတယ် ။ မက်ဆီကတော့ အင်တာမိုင်ယာမီနဲ့ ပတ်သက်လို့ ဘယ်လို ဆုံးဖြတ်သွားမယ် ဆိုတာကို မသိရသေးပေမယ့် မေဂျာလိဂ် ကလပ်ဘက်ကတော့ မက်ဆီအတွက် ယုံကြည်မှု ရှိနေကြပါပြီ ။

Zawgyi Version

ေဒးဗစ္ ဘက္ခမ္း ပိုင္ဆိုင္တဲ့ အင္တာမိုင္ယာမီ အသင္းဟာ လီယြန္နယ္ မက္ဆီ ကို ၂၀၂၃ ခုႏွစ္ မွာ ေခၚယူ နိုင္ဖို႔ အတြက္ သေဘာတူညီမႈ ရရွိဖို႔ နိးစပ္ ေနၿပီလို႔ သတင္း တခု ထြက္ေပၚ လာခဲ့ ပါတယ္ ။ အင္တာ မိုင္ယာမီ ဟာ မက္ဆီ အျပင္ ဖာဘရီဂတ္စ္ နဲ႕ လူးဝစ္ ဆြာရက္ တို႔ကိုပါ ေခၚယူဖို႔ စီစဥ္ ေနတယ္လို႔ သိရွိရ ပါတယ္ ။

မက္ဆီနဲ႕ ပီအက္စ္ဂ်ီတို႔ အၾကား စာခ်ဳပ္သက္တမ္းကလည္း ေနာက္ဆုံးႏွစ္ အတြင္းကို ေရာက္ရွိေနပါၿပီ ။ မက္ဆီကို အသင္းဘက္က စာခ်ဳပ္သစ္ ကမ္းလွမ္း ထားေပမယ့္ ကစားသမား ကိုယ္တိုင္က ကမာၻ႔ဖလား အၿပီးမွ သူ႕အနာဂတ္ကို စဥ္းစားဆုံးျဖတ္ သြားမယ္လို႔ အေၾကာင္းျပန္ ထားပါတယ္ ။

အင္တာမိုင္ယာမီဟာ မက္ဆီနဲ႕ ေဆြးေႏြးမႈေတြကို ကာတာ ကမာၻ႔ဖလားအၿပီးမွာ စတင္နိုင္ဖို႔ ပစ္မွတ္ထားေနပါတယ္။ ဒီလို ပစ္မွတ္ထားတဲ့ ေနရာမွာ အင္တာမိုင္ယာမီ အေနနဲ႕ ပီအက္စ္ဂ်ီရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈနဲ႕ေရာ၊ မက္ဆီရဲ႕ အသင္းေဟာင္း ဘာစီလိုနာဘက္က ကမ္းလွမ္းမႈေတြနဲ႕ပါ အၿပိဳင္ ႀကိဳးစားရမွာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ သူတို႔ဟာ မက္ဆီရဲ႕ အေဖျဖစ္သူ ေဂ်ာ့ခ်္နဲ႕လည္း အႀကိမ္ႀကိမ္ ေတြ႕ဆုံေဆြးေႏြးၿပီး ျဖစ္တယ္လို႔ သိရွိရပါတယ္။ ဘလြန္းဒီေအာ္ဆု (၇) ႀကိမ္ ဆြတ္ခူးထားတဲ့ မက္ဆီကို ေခၚယူဖို႔အတြက္ အင္တာမိုင္ယာမီက ၿပီးခဲ့တဲ့ ရာသီေတြ တည္းက ႀကိဳးစားခဲ့တယ္လို႔ သိရပါတယ္ ။

ေဒးဗစ္ဘက္ခမ္းဟာ သူ႕ရဲ႕အသင္းမွာ မက္ဆီ၊ ေရာ္နယ္ဒိုတို႔လို ၾကယ္ပြင့္ေတြကို ေခၚယူဖို႔ အၿမဲတမ္း စိတ္အားထက္သန္ ေနပါတယ္ ။ မက္ဆီကေတာ့ အင္တာမိုင္ယာမီနဲ႕ ပတ္သက္လို႔ ဘယ္လို ဆုံးျဖတ္သြားမယ္ ဆိုတာကို မသိရေသးေပမယ့္ ေမဂ်ာလိဂ္ ကလပ္ဘက္ကေတာ့ မက္ဆီအတြက္ ယုံၾကည္မႈ ရွိေနၾကပါၿပီ ။