Spots news

ရော််နယ်ဒို ထွက်ခွာသွားတဲ့ အတွက် ဇန်နဝါရီမှာ မန်ယူတို့ ရရှိမယ့် အကျိုးအမြတ်

Unicode Version

အသင်းရဲ့ လစာအမြင့်မားဆုံး ကစားသမား ဖြစ်တဲ့ ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်း လိုက်တဲ့ အတွက် မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး အဲရစ်တန်ဟတ် အနေနဲ့ အပြောင်းအရွှေ့ အသုံးစရိတ် ပေါင်သန်း ၁၀၀ ခန့် ထပ်မံ ရရှိသွားဖွယ် ရှိနေပါတယ်။

မူလက နယ်သာလန်သား နည်းပြကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသုံးစရိတ် ပေါင်သန်း ၇၀ ခန့်ထုတ် ပေးသွားဖို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ပေါ်တူဂီ ဂန္တဝင်ကြီး အသင်းကနေ ထွက်ခွာခဲ့ တာကြောင့် နောက်ထပ် အသုံးစရိတ် ပေါင်သန်း ၃၀ ကို ထပ်မံ ရရှိသွားမှာ ဖြစ်ပါတယ်။

နည်းပြတန်ဟတ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကတည်းက ပေါင်သန်း ၂၃၀ အထိ အသုံးပြုခဲ့ပေမယ့် မန်ချက်စတာ စီးတီး ၊ လီဗာပူးတို့ နဲ့အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် စိန်ခေါ်နိုင်ဖို့ နောက်ထပ်ကစားသမား ၃ ယောက် လောက်ထိ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

တစ်ပတ်ကို ပေါင် ၄၅၀၀၀၀ ရရှိနေတဲ့ ချန်ပီယံလိဂ် ၅ ဆုရှင် မရှိတော့လို့ ပေါင်သန်း ၃၀ လောက် အသုံးစရိတ် ပိုထွက်လာမှာဖြစ်တာကြောင့် နယ်သာလန်သား နည်းပြကြီးအနေနဲ့ ဆောင်းရာသီမှာ လိုအပ်တဲ့ ကစားသမားတွေကို ပိုမို ဝယ်ယူနိုင်တော့ မှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မန်ချက်စတာ ယူနိုက်တက် နှင့် ရော်နယ်ဒို တို့ဟာ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာကြောင့် ပေါ်တူဂီသား ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးတာ နဲ့ သူ ကြိုက်တဲ့ အသင်းကို ပြောင်းရွှေ့လို့ ရသွားခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi Version

အသင္းရဲ႕ လစာအျမင့္မားဆုံး ကစားသမား ျဖစ္တဲ့ ေပၚတူဂီ ဝါရင့္ တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုနဲ႕ ႏွစ္ဦး သေဘာတူ စာခ်ဳပ္ ဖ်က္သိမ္း လိုက္တဲ့ အတြက္ မန္ခ်က္စတာ ယူနိုက္တက္ နည္းျပႀကီး အဲရစ္တန္ဟတ္ အေနနဲ႕ အေျပာင္းအေ႐ႊ႕ အသုံးစရိတ္ ေပါင္သန္း ၁၀၀ ခန႔္ ထပ္မံ ရရွိသြားဖြယ္ ရွိေနပါတယ္။

မူလက နယ္သာလန္သား နည္းျပကို လာမယ့္ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕မွာ အသုံးစရိတ္ ေပါင္သန္း ၇၀ ခန႔္ထုတ္ ေပးသြားဖို႔ စီစဥ္ထားေၾကာင္း သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ ေပၚတူဂီ ဂႏၲဝင္ႀကီး အသင္းကေန ထြက္ခြာခဲ့ တာေၾကာင့္ ေနာက္ထပ္ အသုံးစရိတ္ ေပါင္သန္း ၃၀ ကို ထပ္မံ ရရွိသြားမွာ ျဖစ္ပါတယ္။

နည္းျပတန္ဟတ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ကတည္းက ေပါင္သန္း ၂၃၀ အထိ အသုံးျပဳခဲ့ေပမယ့္ မန္ခ်က္စတာ စီးတီး ၊ လီဗာပူးတို႔ နဲ႕အၿပိဳင္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ျပန္လည္ စိန္ေခၚနိုင္ဖို႔ ေနာက္ထပ္ကစားသမား ၃ ေယာက္ ေလာက္ထိ ေခၚယူသြားဖို႔ ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

တစ္ပတ္ကို ေပါင္ ၄၅၀၀၀၀ ရရွိေနတဲ့ ခ်န္ပီယံလိဂ္ ၅ ဆုရွင္ မရွိေတာ့လို႔ ေပါင္သန္း ၃၀ ေလာက္ အသုံးစရိတ္ ပိုထြက္လာမွာျဖစ္တာေၾကာင့္ နယ္သာလန္သား နည္းျပႀကီးအေနနဲ႕ ေဆာင္းရာသီမွာ လိုအပ္တဲ့ ကစားသမားေတြကို ပိုမို ဝယ္ယူနိုင္ေတာ့ မွာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႕တုန္းက မန္ခ်က္စတာ ယူနိုက္တက္ ႏွင့္ ေရာ္နယ္ဒို တို႔ဟာ ႏွစ္ဦး သေဘာတူ စာခ်ဳပ္ ဖ်က္သိမ္းခဲ့တာေၾကာင့္ ေပၚတူဂီသား ဟာ ကမာၻ႔ဖလား ၿပိဳင္ပြဲ ၿပီးတာ နဲ႕ သူ ႀကိဳက္တဲ့ အသင္းကို ေျပာင္းေ႐ႊ႕လို႔ ရသြားခဲ့ၿပီ ျဖစ္ပါတယ္။