Spots news

ထုတ်ပယ်ခံရဖို့ ရေပန်းစားမှု ထိပ်ဆုံးရောက်ရှိနေတဲ့ နည်းပြမော်ရင်ဟို

Unicode Version

စပါးအသင်း၏ နည်းပြ မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်မှ ထပ်မံ ထုတ်ပယ်ခံရမည့် နည်းပြရေပန်းစားမှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းများက ဖော်ပြလာပါတယ်။

စပါးအသင်း အနေနဲ့ ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လန်ဒန်ဒါဘီ ပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲ၌ နိုင်ပွဲ(၁)ပွဲသာ ရရှိပြီး (၅)ပွဲရှုံးနိမ့်ခဲ့ပါတယ်။

ထို့ပြင် FA ဖလားပြိုင်ပွဲ မှာလည်း အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့သည့် အတွက် နည်းပြ မော်ရင်ဟို ရာထူးမှ ထုတ်ပယ် ခံရတော့မည် ဟူသည့် ထင်ကြေးပေးမှုများ ပိုမို ထွက်ပေါ်လာ ခဲ့ခြင်းဖြစ်ပါတယ်။

မော်ရင်ဟို အနေနဲ့ မူလက နယူးကာဆယ် နည်းပြ စတိဗ်ဘရုစ်၊ ခရစ္စတယ် ပဲလေ့စ် နည်းပြ ရွိုင်းဟော့ဒ်ဆန်တို့ နှင့်အတူ

ထုတ်ပယ်ခံရမည့် နည်းပြ ရေပန်းစားမှုမှာ (၇ : ၂)လေးဖြင့်သာ ရပ်တည်နေခဲ့ရာမှ ယခု အခါ (၂၃း၁၀)လေးအထိ မြင့်တက်လာခဲ့ တာလဲ ဖြစ်ပါတယ်။

ပြီးခဲ့သည့် ရက်သတ္တပတ် ကလဲလီဗာပူးလ်နည်းပြ  ယာဂန်ကလော့ပ်ဟာ ရာထူးမှ ထုတ်ပယ်ခံရရန် အလားအလာ အများဆုံးနည်းပြ အဖြစ် ရပ်တည်ခဲ့ပါတယ်။

စပါးအသင်းနှင့် နီးစပ်သူများက စပါးအသင်းဥက္ကဋ္ဌ လီဗီုင်း အနေနဲ့ မော်ရင်ဟိုကို ရာထူးမှ အလျင်စလို ထုတ်ပယ်ဖွယ်မရှိဘဲ ရာသီကုန်အထိ အချိန်ပေးသွားဖွယ် ရှိကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။