Spots news

အပြင်မှာတွေ့ရင် အထိုးခံရမယ်လို့ လက်ဝှေ့သမားရဲ့ ခြိမ်းခြောက်ခံ နေရတဲ့ မက်ဆီ

Unicode Version

မနေ့က အာဂျင်တီးနားတို့ မက္ကဆီကို ကို အနိုင်ရခဲ့တဲ့ပွဲစဥ် အပြီးမှာ မက်ဆီအပါအဝင် အာဂျင်တီးနား အသင်းသားတို့ အဝတ်လဲခန်းမှာ အောင်ပွဲခံကာ မြူးထူး ပျော်ရွှင်နေကြတဲ့video file တစ်ခု ပေါ်ထွက်လာ ခဲ့ပါတယ်။

မက်ဆီဟာ အော်ဟစ် အောင်ပွဲခံနေတဲ့ အသင်းဖော်များဘေးမှာ ထိုင်နေပြီး ကြမ်းပြင်ပေါ်က မက္ကဆီကို ဂျာစီကို ခြေထောက်နဲ့ တွန်းထုတ် လိုက်သလို ပြုလုပ်မိလိုက်တာကို တွေ့ရပါတယ်။ လီယွန်နယ် မက်ဆီဟာ မက္ကဆီကိုအပေါ် မလေးမစားလုပ်တာ မဖြစ်နိုင်ပေမယ့် video ထဲက အပြုအမူကိုမြင်တဲ့ မက္ကဆီကိုက လူများဟာ ဒေါသထွက် နေကြပါတယ်။

အဲ့ဒီအထဲမှာ ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမား ဖြစ်တဲ့ မက္ကဆီကို နိုင်ငံသား အယ်လ်ဗာနက်ဇ်တစ်ယောက်လည်း အပါအဝင် ဖြစ်ပြီး ၄င်းက မက်ဆီကို ခြိမ်းခြောက် စကားတောင် ပြောခဲ့ပါတယ်။

“ကျနော်တို့ရဲ့ မက္ကဆီကို ဂျာစီကို မက်ဆီက ကြမ်းပြင်မှာ ခြေထောက်နဲ့ သုတ်နေတာ မြင်လိုက်ကြလား။ သူ့ကိုရှာမတွေ့ဖို့ ဘုရားသခင်ဆီ ဆုတောင်းထားပါ။ ကျနော်ဟာ အာဂျင်တီးနားကိုလေးစားခဲ့တယ်။ မက်ဆီလို လူတစ်ယောက် အနေနဲ့လည်း မက္ကဆီကို နိုင်ငံကို လေးစားသင့်တယ်။

ကျနော်က သူတို့ နိုင်ငံတစ်ခုလုံးကို ပြောချင်တာမဟုတ်ပါဘူး။ မက်ဆီလုပ်ခဲ့တဲ့ ကိစ္စကိုပဲ ပြောချင်တာပါ။” ကမ္ဘာ့ချန်ပီယံ လက်ဝှေ့သမားဟာ မက်ဆီကို အထက်ပါအတိုင်း ပြောဆို ခြိမ်းခြောက်ခဲ့ပြီး မက်ဆီရဲ့ ဖန်များကတော့ မက်ဆီဘက်က ကာကွယ်ပြောဆို ခဲ့ကြပါတယ်။

လီယွန်မက်ဆီဟာ မက္ကဆီကို ဂျာစီကို ကြမ်းပြင်မှာ ​ခြေထောက်နဲ့ သုတ်နေခြင်း မဟုတ်ဘဲ
ဖိနပ် ကြိုးချည်စဥ်မှာ ကြမ်းပြင်ပေါ်က မက္ကဆီကိုဂျာစီကို နင်းမိလိုက်တာကြောင့် ရှေ့ကို တွန်းထုတ်လိုက်တာ ဖြစ်တယ်လို့ မက်ဆီ ပရိတ်သတ်များက ပြန်လည် ပြောဆိုခဲ့ကြပါတယ်။

Zawgyi Version

မေန႕က အာဂ်င္တီးနားတို႔ မကၠဆီကို ကို အနိုင္ရခဲ့တဲ့ပြဲစဥ္ အၿပီးမွာ မက္ဆီအပါအဝင္ အာဂ်င္တီးနား အသင္းသားတို႔ အဝတ္လဲခန္းမွာ ေအာင္ပြဲခံကာ ျမဴးထူး ေပ်ာ္႐ႊင္ေနၾကတဲ့video file တစ္ခု ေပၚထြက္လာ ခဲ့ပါတယ္။

မက္ဆီဟာ ေအာ္ဟစ္ ေအာင္ပြဲခံေနတဲ့ အသင္းေဖာ္မ်ားေဘးမွာ ထိုင္ေနၿပီး ၾကမ္းျပင္ေပၚက မကၠဆီကို ဂ်ာစီကို ေျခေထာက္နဲ႕ တြန္းထုတ္ လိုက္သလို ျပဳလုပ္မိလိုက္တာကို ေတြ႕ရပါတယ္။ လီယြန္နယ္ မက္ဆီဟာ မကၠဆီကိုအေပၚ မေလးမစားလုပ္တာ မျဖစ္နိုင္ေပမယ့္ video ထဲက အျပဳအမူကိုျမင္တဲ့ မကၠဆီကိုက လူမ်ားဟာ ေဒါသထြက္ ေနၾကပါတယ္။

အဲ့ဒီအထဲမွာ ကမာၻ႔ခ်န္ပီယံ လက္ေဝွ႕သမား ျဖစ္တဲ့ မကၠဆီကို နိုင္ငံသား အယ္လ္ဗာနက္ဇ္တစ္ေယာက္လည္း အပါအဝင္ ျဖစ္ၿပီး ၄င္းက မက္ဆီကို ၿခိမ္းေျခာက္ စကားေတာင္ ေျပာခဲ့ပါတယ္။

“က်ေနာ္တို႔ရဲ႕ မကၠဆီကို ဂ်ာစီကို မက္ဆီက ၾကမ္းျပင္မွာ ေျခေထာက္နဲ႕ သုတ္ေနတာ ျမင္လိုက္ၾကလား။ သူ႕ကိုရွာမေတြ႕ဖို႔ ဘုရားသခင္ဆီ ဆုေတာင္းထားပါ။ က်ေနာ္ဟာ အာဂ်င္တီးနားကိုေလးစားခဲ့တယ္။ မက္ဆီလို လူတစ္ေယာက္ အေနနဲ႕လည္း မကၠဆီကို နိုင္ငံကို ေလးစားသင့္တယ္။

က်ေနာ္က သူတို႔ နိုင္ငံတစ္ခုလုံးကို ေျပာခ်င္တာမဟုတ္ပါဘူး။ မက္ဆီလုပ္ခဲ့တဲ့ ကိစၥကိုပဲ ေျပာခ်င္တာပါ။” ကမာၻ႔ခ်န္ပီယံ လက္ေဝွ႕သမားဟာ မက္ဆီကို အထက္ပါအတိုင္း ေျပာဆို ၿခိမ္းေျခာက္ခဲ့ၿပီး မက္ဆီရဲ႕ ဖန္မ်ားကေတာ့ မက္ဆီဘက္က ကာကြယ္ေျပာဆို ခဲ့ၾကပါတယ္။

လီယြန္မက္ဆီဟာ မကၠဆီကို ဂ်ာစီကို ၾကမ္းျပင္မွာ ​ေျခေထာက္နဲ႕ သုတ္ေနျခင္း မဟုတ္ဘဲ
ဖိနပ္ ႀကိဳးခ်ည္စဥ္မွာ ၾကမ္းျပင္ေပၚက မကၠဆီကိုဂ်ာစီကို နင္းမိလိုက္တာေၾကာင့္ ေရွ႕ကို တြန္းထုတ္လိုက္တာ ျဖစ္တယ္လို႔ မက္ဆီ ပရိတ္သတ္မ်ားက ျပန္လည္ ေျပာဆိုခဲ့ၾကပါတယ္။