Spots news

အငြင်းပွားနေတဲ့ ပေါ်တူဂီရဲ့ သွင်းဂိုးအတွက် ဖြေရှင်းချက် ပေးလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်

Unicode Version

ဥရုဂွေးအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်အတွင်း ပေါ်တူဂီအသင်းအတွက် သွင်းဂိုး(၂)ဂိုးလုံးကို သွင်းယူခဲ့တဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က အသင်းရဲ့ သွင်းဂိုးတွေကို ဘယ်သူပဲ သွင်းသွင်း အသင်းနိုင်ပွဲရဖို့ကသာ အရေးကြီးတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ပေါ်တူဂီရဲ့ အဖွင့်ဂိုးဟာ ရော်နယ်ဒိုဆီကို ဖာနန်ဒက်စ် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးက ရော်နယ်ဒို ခေါင်းတိုက်လိုက်ရင်း ဂိုးဝင်သွားတယ်လို့ ထင်ခဲ့ရလို့ ဂိုးသွင်းသူအဖြစ် ရော်နယ်ဒိုလို့ သတ်မှတ်ခဲ့ပေမယ့် အနှေးပြကွက်မှာတော့ ရော်နယ်လ်ဒိုနဲ့ ထိသွားခြင်းမရှိတာကြောင့် ဂိုးသွင်းသူအဖြစ် ဖာနန်ဒက်စ်ကို သတ်မှတ်သွားခဲ့ပါတယ်။

ဖာနန်ဒက်စ်က “ဒီအချိန်မှာ ဘယ်သူကပဲ ဂိုးသွင်းသွင်း ဒါက အရေးမကြီးဘူးလို့ ထင်ပါတယ်။ အဲ့ဒီတုန်းက ခရစ္စတီယာနိုဆီကို ကျွန်တော် ဘောလုံး ပို့ပေးလိုက်ချိန်မှာ သူ ဘောလုံးနဲ့ ထိမိသွားတယ်လို့ ခံစားမိတယ်။ ဒါပေမယ့် တကယ် အရေးကြီးတာက ဒီနေ့ညမှာ အရမ်းခက်ခဲတဲ့ ပြိုင်ဘက်ကို အနိုင်ရဖို့ပါပဲ။

ကျွန်တော်တို့အတွက် အရေးကြီးတာက အုပ်စုပထမနေရာ ရရှိနေဖို့ ရှေ့လာမယ့်ပွဲစဉ်ကိုပါ အနိုင်ယူပြီး အုပ်စုအတွင်း ရှုံးပွဲမရှိ ဖြစ်နေဖို့ပါ။ ဒါတွေကသာ ကျွန်တော် ဖြစ်ချင်နေတဲ့ အရာတွေပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ ပွဲစဉ်တွေကို တစ်ပွဲချင်းစီအလိုက် အာရုံစိုက်သွားဖို့ပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီ အသင်းတို့ရဲ့ ကွင်းလယ် ကစားသမား ဖာနန်ဒက်စ်ဟာ ဂါနာနဲ့ပွဲစဉ်မှာလည်း ပေါ်တူဂီအတွက် အရေးပါလှတဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်နိုင်ခဲ့သလို ဥရုဂွေးနဲ့ ပွဲစဉ်မှာလည်း ဂိုး(၂)ဂိုးလုံးကိုပါ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လက်ရှိအချိန်အထိ ဂိုးဖန်တီးမှု အများဆုံး လုပ်ဆောင်ထားနိုင်တဲ့ ကစားသမားအဖြစ် သတ်မှတ်ခံ ထားရသလို (၂)ပွဲဆက်တိုက် အထိ အကောင်းဆုံး စွမ်းဆောင် ထားနိုင်ခဲ့ပါတယ်။

Zawgyi Version

ဥ႐ုေဂြးအသင္းနဲ႕ ယွဥ္ၿပိဳင္ ကစားသြားခဲ့တဲ့ ၂၀၂၂ ကမာၻ႔ဖလား အုပ္စုပြဲစဥ္အတြင္း ေပၚတူဂီအသင္းအတြက္ သြင္းဂိုး(၂)ဂိုးလုံးကို သြင္းယူခဲ့တဲ့ ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္က အသင္းရဲ႕ သြင္းဂိုးေတြကို ဘယ္သူပဲ သြင္းသြင္း အသင္းနိုင္ပြဲရဖို႔ကသာ အေရးႀကီးတယ္လို႔ ထုတ္ေဖာ္ ေျပာၾကား လိုက္ပါတယ္။

ေပၚတူဂီရဲ႕ အဖြင့္ဂိုးဟာ ေရာ္နယ္ဒိုဆီကို ဖာနန္ဒက္စ္ ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးက ေရာ္နယ္ဒို ေခါင္းတိုက္လိုက္ရင္း ဂိုးဝင္သြားတယ္လို႔ ထင္ခဲ့ရလို႔ ဂိုးသြင္းသူအျဖစ္ ေရာ္နယ္ဒိုလို႔ သတ္မွတ္ခဲ့ေပမယ့္ အေႏွးျပကြက္မွာေတာ့ ေရာ္နယ္လ္ဒိုနဲ႕ ထိသြားျခင္းမရွိတာေၾကာင့္ ဂိုးသြင္းသူအျဖစ္ ဖာနန္ဒက္စ္ကို သတ္မွတ္သြားခဲ့ပါတယ္။

ဖာနန္ဒက္စ္က “ဒီအခ်ိန္မွာ ဘယ္သူကပဲ ဂိုးသြင္းသြင္း ဒါက အေရးမႀကီးဘူးလို႔ ထင္ပါတယ္။ အဲ့ဒီတုန္းက ခရစၥတီယာနိုဆီကို ကြၽန္ေတာ္ ေဘာလုံး ပို႔ေပးလိုက္ခ်ိန္မွာ သူ ေဘာလုံးနဲ႕ ထိမိသြားတယ္လို႔ ခံစားမိတယ္။ ဒါေပမယ့္ တကယ္ အေရးႀကီးတာက ဒီေန႕ညမွာ အရမ္းခက္ခဲတဲ့ ၿပိဳင္ဘက္ကို အနိုင္ရဖို႔ပါပဲ။

ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတာက အုပ္စုပထမေနရာ ရရွိေနဖို႔ ေရွ႕လာမယ့္ပြဲစဥ္ကိုပါ အနိုင္ယူၿပီး အုပ္စုအတြင္း ရႈံးပြဲမရွိ ျဖစ္ေနဖို႔ပါ။ ဒါေတြကသာ ကြၽန္ေတာ္ ျဖစ္ခ်င္ေနတဲ့ အရာေတြပါ။ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ ပြဲစဥ္ေတြကို တစ္ပြဲခ်င္းစီအလိုက္ အာ႐ုံစိုက္သြားဖို႔ပါပဲ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ေပၚတူဂီ အသင္းတို႔ရဲ႕ ကြင္းလယ္ ကစားသမား ဖာနန္ဒက္စ္ဟာ ဂါနာနဲ႕ပြဲစဥ္မွာလည္း ေပၚတူဂီအတြက္ အေရးပါလွတဲ့ ဂိုးဖန္တီးမႈ(၂)ႀကိမ္ ျပဳလုပ္နိုင္ခဲ့သလို ဥ႐ုေဂြးနဲ႕ ပြဲစဥ္မွာလည္း ဂိုး(၂)ဂိုးလုံးကိုပါ သြင္းယူေပးထားနိုင္ခဲ့ပါတယ္။

ဒါ့ေၾကာင့္ ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း လက္ရွိအခ်ိန္အထိ ဂိုးဖန္တီးမႈ အမ်ားဆုံး လုပ္ေဆာင္ထားနိုင္တဲ့ ကစားသမားအျဖစ္ သတ္မွတ္ခံ ထားရသလို (၂)ပြဲဆက္တိုက္ အထိ အေကာင္းဆုံး စြမ္းေဆာင္ ထားနိုင္ခဲ့ပါတယ္။