Spots news

တစ်နှစ်အတွင်းမှာပဲ ဒုတိယတန်းစားဘဝကနေ ဂျာမနီရဲ့ ကမ္ဘာ့ဖလားကယ်တင်ရှင်ဖြစ်လာသူ

Unicode Version

စပိန်နဲ့ ကမ္ဘာ့ဖလား အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ် မှာပေါ့။ အဖွင့်မှာ မထင်မှတ်တဲ့ အရှုံးနဲ့ ကြုံထားတဲ့ ဂျာမနီဟာ ဒုတိယ မြောက်ပွဲစဉ်က မိနစ် ၆၀ ကျော်မှာလည်း ၁-၀ နဲ့ ရှုံးနေပြန်ပါတယ်။ ဒီပွဲပါ ထပ်ရှုံးရင် ကာတာ ပြိုင်ပွဲကနေ သူတို့ အစောဆုံး ပြုတ်မှာပါ။

ဒါပေမဲ့ ပွဲပြီးဖို့ မိနစ် ၂၀ အလိုမှာ သောမတ်စ်မူလာအစား ၂၉ နှစ်အရွယ် ကစားသမားတစ်ယောက် လူစားဝင်လာပါတယ်။ သူက လူစားဝင်လာပြီး ၁၃ မိနစ်အကြာမှာပဲ ဂျာမနီရဲ့ နောက်တစ်ဆင့် မျှော်လင့်ချက်ကို အသက်ဆက် စေနိုင်မယ့် ချေပဂိုး သွင်းပေးခဲ့တာပါ။

အဲဒီသူကတော့ ဒီရာသီ တန်းတက် ဝါဒါဘရီမင်မှာ ဂိုးသွင်းခြေစွမ်းပြနေတဲ့ ဖူးလ်ခရက်ဆိုတဲ့ တိုက်စစ်မှုးပါ။ ဖူးလ်ခရက်ဟာ သူ့ရဲ့စီနီယာကစားသမားဘ၀ တစ်ဝက်လောက်ကို ဘွန်ဒက်စ်လီဂါ-၂ နဲ့ အောက်တန်းလိဂ်တွေမှာသာ ကျင်လည်ခဲ့ရတာပါ။ ဒါပေမဲ့ အခုရာသီ ဘွန်ဒက်စ်လီဂါမှာတော့ ဂိုးအများဆုံး သွင်းသူ အဖြစ် အကောင်းဆုံး ခြေစွမ်းပြ နေပါတယ်။

သူ့ရဲ့ ဒီရာသီ ခြေစွမ်းကြောင့်လည်း နည်းပြဟန်ဆီဖလစ်က ကာတာကမ္ဘာ့ဖလား အတွက် ဖူလ်ခရက်ကို ချန်မထားနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဖူလ်ခရက်ဟာ လွန်ခဲ့တဲ့ ၁၁ ရက်ကမှ အိုမန်နဲ့ ခြေစမ်းပွဲမှာ ဂျာမန် အသင်းကြီးအတွက် ပွဲဦးထွက်ခွင့်ရတာဖြစ်ပြီး အဲဒီပွဲမှာ အနိုင်ဂိုးလည်း သွင်းပေးခဲ့တယ်။

၂၉ နှစ်အရွယ်အကြောင့် ဂျာမန်အသင်း သမိုင်းမှာ အသက်အကြီးဆုံး ပွဲဦးထွက်သူလည်း ဖြစ်လာခဲ့တာပါ။ အခုတော့ သူဟာ ဂျာမနီရဲ့ ကမ္ဘာ့ဖလား သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာပဲ ဒုတိယတန်းစားကစားသမား ဘဝကနေ ဂျာမနီရဲ့ ကမ္ဘာ့ဖလားကယ်တင်ရှင် ဖြစ်လာခဲ့တာပါ။

Zawgyi Version

စပိန္နဲ႕ ကမာၻ႔ဖလား အုပ္စုအဆင့္ ဒုတိယေျမာက္ပြဲစဥ္ မွာေပါ့။ အဖြင့္မွာ မထင္မွတ္တဲ့ အရႈံးနဲ႕ ႀကဳံထားတဲ့ ဂ်ာမနီဟာ ဒုတိယ ေျမာက္ပြဲစဥ္က မိနစ္ ၆၀ ေက်ာ္မွာလည္း ၁-၀ နဲ႕ ရႈံးေနျပန္ပါတယ္။ ဒီပြဲပါ ထပ္ရႈံးရင္ ကာတာ ၿပိဳင္ပြဲကေန သူတို႔ အေစာဆုံး ျပဳတ္မွာပါ။

ဒါေပမဲ့ ပြဲၿပီးဖို႔ မိနစ္ ၂၀ အလိုမွာ ေသာမတ္စ္မူလာအစား ၂၉ ႏွစ္အ႐ြယ္ ကစားသမားတစ္ေယာက္ လူစားဝင္လာပါတယ္။ သူက လူစားဝင္လာၿပီး ၁၃ မိနစ္အၾကာမွာပဲ ဂ်ာမနီရဲ႕ ေနာက္တစ္ဆင့္ ေမွ်ာ္လင့္ခ်က္ကို အသက္ဆက္ ေစနိုင္မယ့္ ေခ်ပဂိုး သြင္းေပးခဲ့တာပါ။

အဲဒီသူကေတာ့ ဒီရာသီ တန္းတက္ ဝါဒါဘရီမင္မွာ ဂိုးသြင္းေျခစြမ္းျပေနတဲ့ ဖူးလ္ခရက္ဆိုတဲ့ တိုက္စစ္မႈးပါ။ ဖူးလ္ခရက္ဟာ သူ႕ရဲ႕စီနီယာကစားသမားဘ၀ တစ္ဝက္ေလာက္ကို ဘြန္ဒက္စ္လီဂါ-၂ နဲ႕ ေအာက္တန္းလိဂ္ေတြမွာသာ က်င္လည္ခဲ့ရတာပါ။ ဒါေပမဲ့ အခုရာသီ ဘြန္ဒက္စ္လီဂါမွာေတာ့ ဂိုးအမ်ားဆုံး သြင္းသူ အျဖစ္ အေကာင္းဆုံး ေျခစြမ္းျပ ေနပါတယ္။

သူ႕ရဲ႕ ဒီရာသီ ေျခစြမ္းေၾကာင့္လည္း နည္းျပဟန္ဆီဖလစ္က ကာတာကမာၻ႔ဖလား အတြက္ ဖူလ္ခရက္ကို ခ်န္မထားနိုင္ခဲ့ပါဘူး။ ဒါ့အျပင္ ဖူလ္ခရက္ဟာ လြန္ခဲ့တဲ့ ၁၁ ရက္ကမွ အိုမန္နဲ႕ ေျခစမ္းပြဲမွာ ဂ်ာမန္ အသင္းႀကီးအတြက္ ပြဲဦးထြက္ခြင့္ရတာျဖစ္ၿပီး အဲဒီပြဲမွာ အနိုင္ဂိုးလည္း သြင္းေပးခဲ့တယ္။

၂၉ ႏွစ္အ႐ြယ္အေၾကာင့္ ဂ်ာမန္အသင္း သမိုင္းမွာ အသက္အႀကီးဆုံး ပြဲဦးထြက္သူလည္း ျဖစ္လာခဲ့တာပါ။ အခုေတာ့ သူဟာ ဂ်ာမနီရဲ႕ ကမာၻ႔ဖလား သူရဲေကာင္းတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ တစ္ႏွစ္အတြင္းမွာပဲ ဒုတိယတန္းစားကစားသမား ဘဝကေန ဂ်ာမနီရဲ႕ ကမာၻ႔ဖလားကယ္တင္ရွင္ ျဖစ္လာခဲ့တာပါ။